ဗဟုသုတ

ပလတ်စတစ်အမှိုက်တွေကို ကျူရှင်လခအဖြစ်ယူခဲ့တဲ့ လေးစားဖွယ်စာသင်ကျောင်းလေး

Unicode

စာသင်ချင်တဲ့ကလေးတွေကို ပလတ်စတစ်အမှိုက်တွေနဲ့ ကျူရှင်ခပေးခိုင်းပြီး စာသင်ပေးတယ်ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ စိတ်ကူးလေးလဲနော်။Akshar Foundation ဆိုတဲ့

ပရဟိတကျောင်းလေးကို ၂၀၁၆ ခုနှစ်တုန်းက Parmita Sarma နဲ့ Mazin Mukhtar တို့နှစ်ယောက်က ဦးဆောင်ပြီး တည်ထောင်ခဲ့ကြတာပါ။ အဓိကရည်ရွယ်ချက်ကတော့ အိန္ဒိရဲ့ Assam ဒေသမှာက ဆင်းရဲချို့တဲ့ပြီး စာသင်လိုစိတ်ရှိတဲ့ ကလေးတွေကို အဓိကဦးစားပေး ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆင်းရဲချို့တဲ့တဲ့ရပ်ကွက်ဆိုတော့ မိဘတွေရော ကလေးတွေကပါ စာသင်ဖို့ထက် တစ်ဝမ်းတစ်ခါးဖြည့်ဖို့ အလုပ်လုပ်ဖို့၊ ငွေရှာဖို့ကိုသာ အားသန်နေခဲ့ကြတာပါ။ ဒါကြောင့်လည်း တည်ထောင်သူနှစ်ယောက် ကျောင်းလေးစထောင်တုန်းကဆိုရင် အလုပ်မလုပ်ဘဲ စာလာသင်ဖို့အတွက်

ကလေးတွေကို ဘယ်လိုမှ ဆွယ်လို့ကို မရခဲ့ပါဘူးဆိုပြီး Bride Side မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့်ပဲ Parmita နဲ့ Mazin တို့နှစ်ယောက်ဟာ သူတို့ရဲ့ စာသင်နည်းတွေကို ပြောင်းပစ်ရပါတော့တယ်။ အရပ်ထဲက စာရေးတတ်၊ ဖတ်တတ်တဲ့ကလေးကြီးတွေကို ကျောင်းမှာ လုပ်အားပေးဖို့အတွက် မုန့်ဖိုးပေးပြီးခေါ်ကာ

အငယ်လေးတွေကိုလည်း စာသင်ခိုင်းရင်း အဲဒီအငယ်လေးတွေထဲကမှ ထူးချွန်ပြီး လိမ္မာတဲ့ ကလေးတွေကိုဆိုရင်လည်း ကျောင်းကနေပြီး မုန့်ဖိုးပေးကာဆုချပေးတဲ့ အလေ့အကျင့်လေးတစ်ခုကို ပျိုးထောင်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှန်တယ်လို့ ပြောရမှာပါပဲ။ အဲဒီလိုပြောင်းပစ်လိုက်တဲ့အချိန်ကစပြီး ကလေးတွေဟာ သူတို့ရဲ့ကျောင်းလေးမှာ စာအရေး၊အဖတ်တွေကို စိတ်ဝင်တစားနဲ့ လာသင်ခဲ့ကြပါတယ်။

ကလေးတွေကိုရပြီဆိုတော့ ပြဿနာရှင်းသွားပြီလို့ မထင်လိုက်ပါနဲ့ဦး။ ကျောင်းလေးကို တမူထူးခြားသွားစေတဲ့ ပြဿနာဟာ အခုမှစတာပါ။ အစကတော့ ပရဟိတကျောင်းအဖြစ် အခမဲ့စာသင်ပေးသွားဖို့ ရည်ရွယ်ခဲ့ကြပေမယ့်လို့ သူတို့ကျောင်းဆောက်ထားတဲ့ ဒေသလေးမှာက

ရာသီဥတုအေးတဲ့အခါ ပလတ်စတစ်တွေကို မီးရှို့ပြီးမီးလှုံကြသတဲ့။ အဲဒီကထွက်တဲ့ ဓာတုညှော်နံ့တွေကြောင့် ကျောင်းမှာနေနေတဲ့သူတို့ရော၊ ကျောင်းမှာစာလာသင်တဲ့ကလေးတွေရောအပြင် ဒေသခံတွေပါ ဒုက္ခရောက်ကြမှာဆိုးတဲ့အတွက် တည်ထောင်သူနှစ်ယောက်ဟာ အကြံတစ်ခုကိုထုတ်ရပါတော့တယ်။ အဲဒါကတော့ ပလတ်စတစ်နဲ့ စာသင်ခတွေကိုရှင်းပြီး စာလာသင်ခွင့်လေးပါ။

အရင်ကတည်းကလည်း သူတို့အရပ်လေးဟာ ဘယ်နေရာကြည့်ကြည့်အမှိုက်တွေ၊ ပလတ်စတစ်တွေနဲ့မလို့ စာသင်ခွင့်ကိုလည်း ပတ်စတစ်နဲ့ပဲ ရှင်းလို့ရမယ်၊ နောက်ပြီး စာလာသင်တဲ့ကလေးတွေကိုလည်း

မုန့်လေးတွေဝယ်စားနိုင်အောင် မုန့်ဖိုးတွေလည်း ပေးနေတယ်ဆိုတော့ ကျောင်းလေးဟာ တစ်နေ့တစ်ခြားသတင်းမွှေးကာ အခုဆိုရင်တော့ စီစီကားကားဖြစ်နေခဲ့ကြပါပြီ။ အသေးစိတ်ကို Akshar Foundation ဆိုတဲ့ Facebook page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလိုမျိုး ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေကြားထဲ ကျန်းမာရေးနဲ့မညီညွတ်စွာ နေထိုင်နေကြရသူတွေဟာ နိုင်ငံအနှံ့မှာရှိနေကြပါသေးတယ်။ ကျွန်တော်တို့ နေ့တိုင်းလိုလို အအေးသောက်ရင်သုံးနေကျ ပလတ်စတစအအေးပိုက်တစ်ပိုက် လုံးဝကြီးဆွေးမြေ့ပျက်ဆီးသွားဖို့အတွက်

နှစ်ပေါင်း ဘယ်လောက်ကြာတယ်ထင်လဲ။ အအေးပိုက်လေးတစ်ချောင်းကိုတောင် ပျက်ဆီးဖို့ နှစ်ပေါင်း ၅၀၀ တောင် ကြာမြင့်ပါတယ်နော်။ ဒီအပြင် ထုတ်ခဲ့သမျှ ပလတ်စတစ်အိတ်တွေရဲ့ ၉၁% ဟာ လုံးဝကြီး recycle မလုပ်ဘဲ ဒီအတိုင်းစွန့်ပစ်ပစ္စည်းအနေနဲ့ ကုန်းပေါ်နဲ့ ပင်လယ်သမုဒ္ဒရာထဲတွေမှာပါ အန္တရာယ်ရှိတဲ့ ပမာဏတွေ ရောနှောနေခဲ့ပါပြီ။ ခရက်ဒစ်

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Zawgyi

စာသင္ခ်င္တဲ့ကေလးေတြကို ပလတ္စတစ္အမွိုက္ေတြနဲ႕ က်ဴရွင္ခေပးခိုင္းၿပီး စာသင္ေပးတယ္ဆိုတဲ့ စိတ္ကူးေလးဟာ ဘယ္ေလာက္ေတာင္ေကာင္းလိုက္တဲ့ စိတ္ကူးေလးလဲေနာ္။Akshar Foundation ဆိုတဲ့

ပရဟိတေက်ာင္းေလးကို ၂၀၁၆ ခုႏွစ္တုန္းက Parmita Sarma နဲ႕ Mazin Mukhtar တို႔ႏွစ္ေယာက္က ဦးေဆာင္ၿပီး တည္ေထာင္ခဲ့ၾကတာပါ။ အဓိကရည္႐ြယ္ခ်က္ကေတာ့ အိႏၵိရဲ႕ Assam ေဒသမွာက ဆင္းရဲခ်ိဳ႕တဲ့ၿပီး စာသင္လိုစိတ္ရွိတဲ့ ကေလးေတြကို အဓိကဦးစားေပး ရည္႐ြယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဆင္းရဲခ်ိဳ႕တဲ့တဲ့ရပ္ကြက္ဆိုေတာ့ မိဘေတြေရာ ကေလးေတြကပါ စာသင္ဖို႔ထက္ တစ္ဝမ္းတစ္ခါးျဖည့္ဖို႔ အလုပ္လုပ္ဖို႔၊ ေငြရွာဖို႔ကိုသာ အားသန္ေနခဲ့ၾကတာပါ။ ဒါေၾကာင့္လည္း တည္ေထာင္သူႏွစ္ေယာက္ ေက်ာင္းေလးစေထာင္တုန္းကဆိုရင္ အလုပ္မလုပ္ဘဲ စာလာသင္ဖို႔အတြက္

ကေလးေတြကို ဘယ္လိုမွ ဆြယ္လို႔ကို မရခဲ့ပါဘူးဆိုၿပီး Bride Side မွာ ေဖာ္ျပထားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Parmita နဲ႕ Mazin တို႔ႏွစ္ေယာက္ဟာ သူတို႔ရဲ႕ စာသင္နည္းေတြကို ေျပာင္းပစ္ရပါေတာ့တယ္။ အရပ္ထဲက စာေရးတတ္၊ ဖတ္တတ္တဲ့ကေလးႀကီးေတြကို ေက်ာင္းမွာ လုပ္အားေပးဖို႔အတြက္ မုန႔္ဖိုးေပးၿပီးေခၚကာ

အငယ္ေလးေတြကိုလည္း စာသင္ခိုင္းရင္း အဲဒီအငယ္ေလးေတြထဲကမွ ထူးခြၽန္ၿပီး လိမၼာတဲ့ ကေလးေတြကိုဆိုရင္လည္း ေက်ာင္းကေနၿပီး မုန႔္ဖိုးေပးကာဆုခ်ေပးတဲ့ အေလ့အက်င့္ေလးတစ္ခုကို ပ်ိဳးေထာင္ခဲ့ပါတယ္။ ဆုံးျဖတ္ခ်က္မွန္တယ္လို႔ ေျပာရမွာပါပဲ။ အဲဒီလိုေျပာင္းပစ္လိုက္တဲ့အခ်ိန္ကစၿပီး ကေလးေတြဟာ သူတို႔ရဲ႕ေက်ာင္းေလးမွာ စာအေရး၊အဖတ္ေတြကို စိတ္ဝင္တစားနဲ႕ လာသင္ခဲ့ၾကပါတယ္။

ကေလးေတြကိုရၿပီဆိုေတာ့ ျပႆနာရွင္းသြားၿပီလို႔ မထင္လိုက္ပါနဲ႕ဦး။ ေက်ာင္းေလးကို တမူထူးျခားသြားေစတဲ့ ျပႆနာဟာ အခုမွစတာပါ။ အစကေတာ့ ပရဟိတေက်ာင္းအျဖစ္ အခမဲ့စာသင္ေပးသြားဖို႔ ရည္႐ြယ္ခဲ့ၾကေပမယ့္လို႔ သူတို႔ေက်ာင္းေဆာက္ထားတဲ့ ေဒသေလးမွာက

ရာသီဥတုေအးတဲ့အခါ ပလတ္စတစ္ေတြကို မီးရွို႔ၿပီးမီးလႈံၾကသတဲ့။ အဲဒီကထြက္တဲ့ ဓာတုေညွာ္နံ႕ေတြေၾကာင့္ ေက်ာင္းမွာေနေနတဲ့သူတို႔ေရာ၊ ေက်ာင္းမွာစာလာသင္တဲ့ကေလးေတြေရာအျပင္ ေဒသခံေတြပါ ဒုကၡေရာက္ၾကမွာဆိုးတဲ့အတြက္ တည္ေထာင္သူႏွစ္ေယာက္ဟာ အႀကံတစ္ခုကိုထုတ္ရပါေတာ့တယ္။ အဲဒါကေတာ့ ပလတ္စတစ္နဲ႕ စာသင္ခေတြကိုရွင္းၿပီး စာလာသင္ခြင့္ေလးပါ။

အရင္ကတည္းကလည္း သူတို႔အရပ္ေလးဟာ ဘယ္ေနရာၾကည့္ၾကည့္အမွိုက္ေတြ၊ ပလတ္စတစ္ေတြနဲ႕မလို႔ စာသင္ခြင့္ကိုလည္း ပတ္စတစ္နဲ႕ပဲ ရွင္းလို႔ရမယ္၊ ေနာက္ၿပီး စာလာသင္တဲ့ကေလးေတြကိုလည္း

မုန႔္ေလးေတြဝယ္စားနိုင္ေအာင္ မုန႔္ဖိုးေတြလည္း ေပးေနတယ္ဆိုေတာ့ ေက်ာင္းေလးဟာ တစ္ေန႕တစ္ျခားသတင္းေမႊးကာ အခုဆိုရင္ေတာ့ စီစီကားကားျဖစ္ေနခဲ့ၾကပါၿပီ။ အေသးစိတ္ကို Akshar Foundation ဆိုတဲ့ Facebook page မွာ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။

ဒီလိုမ်ိဳး ပလတ္စတစ္နဲ႕ စြန႔္ပစ္အမွိုက္ေတြၾကားထဲ က်န္းမာေရးနဲ႕မညီၫြတ္စြာ ေနထိုင္ေနၾကရသူေတြဟာ နိုင္ငံအႏွံ႕မွာရွိေနၾကပါေသးတယ္။ ကြၽန္ေတာ္တို႔ ေန႕တိုင္းလိုလို အေအးေသာက္ရင္သုံးေနက် ပလတ္စတစအေအးပိုက္တစ္ပိုက္ လုံးဝႀကီးေဆြးေျမ့ပ်က္ဆီးသြားဖို႔အတြက္

ႏွစ္ေပါင္း ဘယ္ေလာက္ၾကာတယ္ထင္လဲ။ အေအးပိုက္ေလးတစ္ေခ်ာင္းကိုေတာင္ ပ်က္ဆီးဖို႔ ႏွစ္ေပါင္း ၅၀၀ ေတာင္ ၾကာျမင့္ပါတယ္ေနာ္။ ဒီအျပင္ ထုတ္ခဲ့သမွ် ပလတ္စတစ္အိတ္ေတြရဲ႕ ၉၁% ဟာ လုံးဝႀကီး recycle မလုပ္ဘဲ ဒီအတိုင္းစြန႔္ပစ္ပစၥည္းအေနနဲ႕ ကုန္းေပၚနဲ႕ ပင္လယ္သမုဒၵရာထဲေတြမွာပါ အႏၲရာယ္ရွိတဲ့ ပမာဏေတြ ေရာေႏွာေနခဲ့ပါၿပီ။ ခရက္ဒစ္

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။