ဗဟုသုတ

စိတ်ကျန်းမာရေးမကောင်းပေမဲ့ မြေးလေးဖြစ်သူကို ငွေ (၇၀၀၀)ကျပ် တည်းနဲ့ ရှင်ပြုပေးခဲ့တဲ့ အဖွား

စိတ်ကျန်းမာရေးမကောင်းပေမဲ့ မြေးလေးဖြစ်သူကို ငွေ (၇၀၀၀)ကျပ် တည်းနဲ့ ရှင်ပြုပေးခဲ့တဲ့ အဖွား

သားယောက်ကျားလေးတွေ မွေးဖွားထားကြတဲ့ အမေတွေ အဘွားတွေအတွက် သူတို့ကို ရှင်ပြုရဟန်းခံပေးလိုကြပါတယ်….ဒါပေမဲ့ တချို့က မတတ်နိုင်တာကြောင့် ရှိတဲ့ပိုက်ဆံလေးတွေ စုပြီး တစ်နေ့ကျရင် ငါ့သား ငါ့မြေးကို ရှင်ပြုပေးရမယ်ဆိုတဲ့ မိဘတွေ အဘိုးအဘွားတွေ ရှိပါတယ်

ခုဖော်ပြချင်တာက လက်ထဲမှာ ပိုက်ဆံ ၇၀၀၀ တည်းသာရှိပေမဲ့ ချစ်ရတဲ့ မြေးလေးကို အဲဒီ မရှိမဲ့ရှိမဲ့ ငွေလေးနဲ့ ရှင်ပြုပေးခဲ့တဲ့ အဘွားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းလေးဖြစ်ပါတယ်

တောင်ငူမြို့နယ်၊ ကင်းဆိပ်အုပ်စု ၊ ဖိုးနီဆိပ်ကျေးရွာမှာအသက် ၅၇ နှစ်အရွယ် ဒေါ်စိန်တင့် ဆိုတဲ့ မုဆိုးမတစ်ယောက်က မြေးဖြစ်သူလေးကို ငွေကျပ် ၇၀ဝ၀ နဲ့အတူ သင်္ကန်း ၁ စုံ၊ ပုတီး ၁ ကုံး

သပိတ် ၁ လုံးကို ယူလာပြီး ကျေးရွာ ရာအိမ်မှူးထံသို့ လာရောက်ကာ သူ့မြေးလေးအတွက် ရှင်ပြုချင်ကြောင်း ပြောကြားလာတယ်လို့ သိရပါတယ်အဲတာကြောင့် ရွာလူကြီးမှတဆင့် ကျေးရွာသားများစုပေါင်းပြီး ရှင်ပြုအလှူတော်မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။

ရွာလူကြီးက ရွာဦးကျောင်းဆရာတော်ထံ လျှောက်ထားပြီးနောက် ကျေးရွာသားများ စုပေါင်းကာ ကျင်းပပေးခဲ့ပါတယ်။

အခုလို မရှိတဲ့သူကို လှူချင်တဲ့ ဆန္ဒပြည့်သွားအောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ရွာကလူတွေအားလုံးရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါ။

အမေကြီး ဒေါ်စိန်တင့်က စိတ်ကျန်းမာရေး အနည်းငယ်မကောင်းသူ တစ်ဦးဖြစ်ပြီး အဲဒီနေ့ အလှူပွဲအပြီး ရလာတဲ့ ငွေတစ်ချိ့ကိုလည်း ကျေးရွာထဲမှာရှိတဲ့ ကလေးတွေအတွက် အဟာရဒါန အဖြစ် ပြန်လည်လို့ လှူဒါန်းပေးခဲ့ပါသေးတယ်

စိတ်ကျန်းမာရေးအနည်းငယ်ချို့ယွင်းနေပေမယ့် စိတ်ထားမြင့်မြတ်လှတဲ့ အမေကြီး ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ပရိသတ်ကြီးတို့လည်း ဆုတောင်းပေးခဲ့ကြပါအုံးနော်

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source နေလင်းအောင်( တောင်ငူ )