ဗဟုသုတ

တန်ခိုးကြီးမားလွန်းသောကြောင့် ပျံလွန်တော်မူပြီး အချိန်တွင် လောကတစ်ခွင်လုံး ထူးခြားဆန်းကျယ်မှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ လယ်တီဆရာတော်ဘုရားကြီး၏ ထူးခြားဖြစ်စဥ်များ

Unicode

လယ်တီဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီး ဘာထူးခြားတာတွေဖြစ်ခဲ့သလဲ

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ် မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူခါနီး၌ တပည့်မထေရ်၏ ပဋ္ဌာန်းရွတ်ဖတ်သံကို ကြားနာ နေခဲ့သည်။

ဆရာတော်ဘုရား ပျံလွန်တော်မူချိန်ဝယ် ရုတ်တရက် ထူးဆန်းသောအုတ်အုတ်ကျက်ကျက် အသံများ ထွက်ပေါ်လာလေ၏။ အထက် မိုးကောင်းကင်ဆီမှ တီးသံ၊ မှုတ်သံများ၊ ဂီတသီချင်းသံများကို ထူးထူးဆန်းဆန်း ကြားလိုက်ရခြင်း ဖြစ်သည်။

ကျေးငှက်တို့သည် ငြိမ်သက်နေရာမှ တသောသော အော်မြည်တွန်ကြူးကြကုန်၏။ လောကဓာတ် တစ်ခုလုံးတွင် လေပြင်းကြီး ကျလာဘိသို့ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများလည်း အမှတ်မထင် ပေါ်ထွက်လာခဲ့လေသည်။

ခပ်စောစောပိုင်းက နေသာသဖြင့် လင်းနေသော လောကဓာတ်သည် ရုတ်ခြည်းပင် အုံ့မှိုင်းဆိုင်းညှို့၍ အမှောင်သမ်းလာခဲ့သည်။

ပထမဝါဆို လပြည့်ကျော် (၈)ရက်နေ့တွင် အလောင်းတော်ကို နိဗ္ဗာန်ကျောင်းချ၍ အခမ်းအနားနှင့် ပင့်ဆောင်ကြလေရာ အလောင်းတော် ပင့်ဆောင်သည်နှင့် တစ်ပြိုင်နက် မြေငလျင်လှုပ်တော့၏။

ထို့ပြင် ထူးခြားမှုတစ်ရပ်မှာ အလောင်းတော်စံကျောင်း ပြဿဒ်တော်၏ဝန်းကျင်မှ အမြင်မတင့်တယ်သော စကားဝါ ပင်ခြောက်(၃)ပင်နှင့် သရက်ပင်ခြောက်(၂)ပင်ကို တပည့်ဒကာများက ခုတ်လှဲရန်ပြင်ဆင်ခဲ့ကြသည်။ ဤတွင် အဆိုပါ သစ်ခြောက်ပင်(၅)ပင်မှ အကိုင်းများတွင် ရွက်နုများ ထွက်နေသည်ကို အံ့သြဖွယ် တွေ့မြင်ကြရသည်။

ထိုသတင်းစကားသည် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားကာ မြို့သူမြို့သားအပေါင်း လာရောက် ကြည့်ရှု ကြပြီး ဆရာတော်ကြီး၏ ဘုန်းတော်ဂုဏ်ကို ချီးကျူးမကုန် ရှိကြရတော့သည်။ သုံးရက်မြောက်သော နေ့တွင် ကား ထိုအပင်ခြောက်ငါးပင်မှ ရွက်နုများ ဖားဖားဝေထွက်လာကြကာ ဖူးတံများပင် ထွက်လာကြသည်ကို အံ့သြဖွယ် တွေ့မြင်ရလေ၏။

အမြဲတမ်း စိုပြေနေသော တမာပင်သည်လည်း ဖူးတံများဝေကာ ပင်လုံးကျွတ် ပွင့်လာကြပြန်၏။ အန္တိမစျာပနကျင်းသည့် တပေါင်းလပြည့်နေ့အထိ ပွင့်သီးမပြတ်ဘဲ ဆက်ကာဆက်ကာ ကင်းငုံဖူးပွင့် ဝေဆာနေခဲ့သည်။ အလောင်းတော်မှာ ပျက်ခြင်း၊ ပုပ်ခြင်းမရှိ။

တပေါင်းလပြည့်နေ့ ညဉ့်သန်းခေါင်အချိန်တွင် အလောင်းတော်ကို မီးရှို့ပူဇော်လေရာ ထိုအချိန်တွင် မြေငလျင် ပြင်းစွာတုန်လှုပ်၍ ကျယ်လောင်သော တောလဲသံများ ထွက်ပေါ်လာခဲ့လေ၏။

သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

မြန်မာ့တို့သိသင့်တဲ့သမိုင်းထဲကဗမာ့။။Crd

Zawgyi

လယ္တီဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မူၿပီး ဘာထူးျခားတာေတြျဖစ္ခဲ့သလဲ

ေက်းဇူးရွင္ လယ္တီဆရာေတာ္ဘုရားႀကီးသည္ ျမန္မာသကၠရာဇ္ ၁၂၈၅ ခုႏွစ္ မြန္းလြဲ ၂ နာရီ ၃၀ မိနစ္ အခ်ိန္တြင္ ပ်ံလြန္ေတာ္မူခဲ့သည္။ ပ်ံလြန္ေတာ္မူခါနီး၌ တပည့္မေထရ္၏ ပ႒ာန္း႐ြတ္ဖတ္သံကို ၾကားနာ ေနခဲ့သည္။

ဆရာေတာ္ဘုရား ပ်ံလြန္ေတာ္မူခ်ိန္ဝယ္ ႐ုတ္တရက္ ထူးဆန္းေသာအုတ္အုတ္က်က္က်က္ အသံမ်ား ထြက္ေပၚလာေလ၏။ အထက္ မိုးေကာင္းကင္ဆီမွ တီးသံ၊ မႈတ္သံမ်ား၊ ဂီတသီခ်င္းသံမ်ားကို ထူးထူးဆန္းဆန္း ၾကားလိုက္ရျခင္း ျဖစ္သည္။

ေက်းငွက္တို႔သည္ ၿငိမ္သက္ေနရာမွ တေသာေသာ ေအာ္ျမည္တြန္ၾကဴးၾကကုန္၏။ ေလာကဓာတ္ တစ္ခုလုံးတြင္ ေလျပင္းႀကီး က်လာဘိသို႔ ဝုန္းဝုန္းဒိုင္းဒိုင္း အသံမ်ားလည္း အမွတ္မထင္ ေပၚထြက္လာခဲ့ေလသည္။

ခပ္ေစာေစာပိုင္းက ေနသာသျဖင့္ လင္းေနေသာ ေလာကဓာတ္သည္ ႐ုတ္ျခည္းပင္ အုံ႕မွိုင္းဆိုင္းညွို႔၍ အေမွာင္သမ္းလာခဲ့သည္။

ပထမဝါဆို လျပည့္ေက်ာ္ (၈)ရက္ေန႕တြင္ အေလာင္းေတာ္ကို နိဗၺာန္ေက်ာင္းခ်၍ အခမ္းအနားႏွင့္ ပင့္ေဆာင္ၾကေလရာ အေလာင္းေတာ္ ပင့္ေဆာင္သည္ႏွင့္ တစ္ၿပိဳင္နက္ ေျမငလ်င္လႈပ္ေတာ့၏။

ထို႔ျပင္ ထူးျခားမႈတစ္ရပ္မွာ အေလာင္းေတာ္စံေက်ာင္း ျပႆဒ္ေတာ္၏ဝန္းက်င္မွ အျမင္မတင့္တယ္ေသာ စကားဝါ ပင္ေျခာက္(၃)ပင္ႏွင့္ သရက္ပင္ေျခာက္(၂)ပင္ကို တပည့္ဒကာမ်ားက ခုတ္လွဲရန္ျပင္ဆင္ခဲ့ၾကသည္။ ဤတြင္ အဆိုပါ သစ္ေျခာက္ပင္(၅)ပင္မွ အကိုင္းမ်ားတြင္ ႐ြက္ႏုမ်ား ထြက္ေနသည္ကို အံ့ၾသဖြယ္ ေတြ႕ျမင္ၾကရသည္။

ထိုသတင္းစကားသည္ တစ္မုဟုတ္ခ်င္း ပ်ံ့ႏွံ႕သြားကာ ၿမိဳ႕သူၿမိဳ႕သားအေပါင္း လာေရာက္ ၾကည့္ရႈ ၾကၿပီး ဆရာေတာ္ႀကီး၏ ဘုန္းေတာ္ဂုဏ္ကို ခ်ီးက်ဴးမကုန္ ရွိၾကရေတာ့သည္။ သုံးရက္ေျမာက္ေသာ ေန႕တြင္ ကား ထိုအပင္ေျခာက္ငါးပင္မွ ႐ြက္ႏုမ်ား ဖားဖားေဝထြက္လာၾကကာ ဖူးတံမ်ားပင္ ထြက္လာၾကသည္ကို အံ့ၾသဖြယ္ ေတြ႕ျမင္ရေလ၏။

အၿမဲတမ္း စိုေျပေနေသာ တမာပင္သည္လည္း ဖူးတံမ်ားေဝကာ ပင္လုံးကြၽတ္ ပြင့္လာၾကျပန္၏။ အႏၲိမစ်ာပနက်င္းသည့္ တေပါင္းလျပည့္ေန႕အထိ ပြင့္သီးမျပတ္ဘဲ ဆက္ကာဆက္ကာ ကင္းငုံဖူးပြင့္ ေဝဆာေနခဲ့သည္။ အေလာင္းေတာ္မွာ ပ်က္ျခင္း၊ ပုပ္ျခင္းမရွိ။

တေပါင္းလျပည့္ေန႕ ညဥ့္သန္းေခါင္အခ်ိန္တြင္ အေလာင္းေတာ္ကို မီးရွို႔ပူေဇာ္ေလရာ ထိုအခ်ိန္တြင္ ေျမငလ်င္ ျပင္းစြာတုန္လႈပ္၍ က်ယ္ေလာင္ေသာ ေတာလဲသံမ်ား ထြက္ေပၚလာခဲ့ေလ၏။

သိမွတ္ဖြယ္ရာ ျမန္မာ့လွ်ို႔ဝွက္ခ်က္(၁၀၀)

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

ျမန္မာ့တို႔သိသင့္တဲ့သမိုင္းထဲကဗမာ့။။Crd