သင်စားလိုက်တဲ့အစားအစာက ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိစေပါတယ်။ မနက်စာမစားတာ၊ နေ့လည်စာအများကြီးစားတာ ညစာအများကြီးစားတာတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ပြီးတော့ ထမင်းစားပြီး ရေးကူးတာ သို့ ပြင်းထန်စွာလေ့ကျင့်ခန်းလုပ်တာတွေကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီနေ့မှာ ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ
အသီးစားခြင်း
အသီးတွေက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် အာဟာရဓာတ်လိုချင်ရင် အချိန်ရွေးပြီးစားတက်ဖို့လိုအပ်ပါသေးတယ်။ အသီးတွေကို ဗိုက်ထဲမှာ အစာမရှိတဲ့အချိန် (သို့) ထမင်းစားပြီး အနည်းငယ်ကြာတဲ့အချိန်မှာ စားပေးသင့်ပါတယ်။ ထမင်းစားပြီး ချက်ခြင်း အသီးစားခြင်းက စုပ်ယူမှုကို အကန့်အသက်ဖြစ်စေပြီး အစာခြေစနစ်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်
အိပ်ခြင်း
လူအများစုက ထမင်းစားပြီးရင် တရေးတမောလောက် အိပ်တက်ကြတယ်။ ထမင်းစားပြီး ခန္ဓာကိုယ်က အစာချေဖျက်နေရတုန်းပါ။ လဲ လျောင်းလိုက်တာ (သို့) အိပ်လိုက်ခြင်းက အစာချေဖျက်မှုစနစ်ကို ကမောက်ကမ ဖြစ်စေပြီး အစာမကြေတာ၊ နေရထိုင်ရတာအဆင်မပြေတာ နဲ့ အခြားပြဿနာတွေ ခံစားရနိုင်ပါတယ်။ အစားစားပြီးပြီးချင်း ရေးမချိုးဖို့ကိုလည်း အကြံပေးပါရစေ
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းယာစားခြင်းက ကောင်းတဲ့အလေ့အကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆေးလိပ်သောက်တက်သူတော်တော်များများက ထမင်းစားပြီးတဲ့နောက် ဆေးလိပ်သောက်တဲ့ အကျင့်ရှိပါတယ်။ ဆေးလိပ်သောက်ခြင်းက အစာအိမ်မှာ ပိုပြီးပြင်းထန်ပြီး အစာအိမ်နံရံတွေကို ရောင်ရမ်းလာစေနိုင်ပါတယ်။ ထမင်းစားပြီးနောက် ဆေးလိပ်သောက် (၁) ခါသောက်တာက တစ်ကြိမ်တည်းနဲ့ ဆေးလိပ် (၁၀) လိပ်သောက်သလို သက်ရောက်မှုရှိနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်
ရေသောက်ခြင်း
ရေဓာတ်ပြည့်ဝအောင်နေထိုင်တာက ကျွန်တော်တို့အတွက် ပထမဦးစားပေးဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ထမင်းစားပြီးတိုင်း ရေသောက်တာက တကယ်တော့ အကူအညီမဖြစ်ပါဘူး။ ထမင်းစားပြီး ရေသောက်တာက အစာအိမ်ဆိုင်ရာအရည်ထုတ်ပေးနိုင်စွမ်းနဲ့ အင်ဇိုင်းဓာတ်တွေကို အားပျော့သွားစေပါတယ်။ ထမင်းစားရင်း ကော်ဖီနဲ့ လက်ဖက်ရည်တွေကိုသောက်တာကလည်း သံဓာတ်စုပ်ယူနိုင်မှုမှာ ပြဿနာရှိလာနိုင်ပါတယ်
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Crd kwee