Knowledge Sharing Local News ဗဟုသုတ

သားလေးရဲ့ အသက် (၂၀)ပြည့်နေ့မှာ အရင်လို အတူတူမရှိရတော့တဲ့အတွက် ၀မ်းနည်းကြေကွဲစွာ ရင်ဖွင့်လာခဲ့တဲ့ တော်လှန်ရေးမှာ ကျဆုံးသွားခဲ့သော သူရဲကောင်း မောင်မင်းမြတ်ပိုင်ရဲ့ အမေ

“မေမေ မနက်ဖြန် သား (19)နှစ်ပြည့်ပြီနော်သားမွေးနေ့မှာလက်ဆောင်ဘာပေးမှာလဲဟင်´´ပျော်ရွှင်နေတဲ့သားလေးရဲ့မျက်နှာမေမေ မမေ့နိုင်ဘူး

“သားလေးလိုချင်တာပြောလေ မေမေပေးမှာပေါ့ တကယ်လားမေမေ ဒါကြောင့်မေမေ့ကို သားအရမ်းချစ်တာပေါ့´´ မနှစ်က သားလေးမွေးနေ့မရောက်မှီ တစ်ရက်အကြိုပြောခဲ့တဲ့စကားလေး မေမေ့ရင်ထဲအမှတ်ရနေဆဲပါ…

သားလေးမေးနေကြစကားလေးတစ်ခွန်း“မေမေ သားကိုချစ်ရဲ့လားတဲ့´´ရုတ်တရက်မေးလိုက်တဲ့စကားမို့ကျမမှင်သက်နေပေမယ့်သားလေးက“ဟာမဟုတ်ပါဘူး သားမှာအစ်ကိုရယ် ညီလေးရယ်ရှိတာ သားကအလယ်လူလေ´´ …

“အချို့ကပြောကြတယ် အကြီးဆုံးနဲ့အငယ်ဆုံးကိုပိုချစ်ကြတယ်လို့´´ “မဟုတ်ပါဘူး မေမေကအစ်ကိုနဲ့ညီလေးရောသားလေးကိုပါအတူတူချစ်ခဲ့တာပါ´´ကျမအဲလိုပြောလိုက်ချိန်မှာဝင်းလက်လာတဲ့သားလေးရဲ့မျက်နှာလေးကို မေမေ မမေ့နိုင်ဘူးကွယ်…

သားလေးရေ မိဘဆိုတာ ကိုယ်မွေးခဲ့တဲ့ကိုယ့်ရင်သွေးလေးတွေကိုတန်းတူညီတူချစ်ခဲ့တဲ့မိဘတွေချည်းပါဘဲ့ ကျမကိုအမြဲချွဲနွဲပြီးပြောတတ်တဲ့သားလေးရဲ့စကားသံ အခုဆိုမကြားရတာကြာပြီပေါ့ကွယ်

အစ်ကိုက သားလေးကိုညီလေးဆိုပြီးချစ် ညီလေးကလည်းသားလေးကိုအစ်ကိုဆိုပြီးချစ် ဖေဖေလည်းချစ် မေမေလည်းချစ်ခဲ့ပြီး ပျော်ရွှင်နေကြတာ အခုတော့ သားလေးမရှိလို့ တိတ်ဆိတ်နေတဲ့အိမ်ကြီးကိုသားလေးမြင်စေချင်တယ်ကွယ်…

မေမေ့ကိုအနောက်ဆုံးပြောခဲ့တဲ့စကား သားလေးမှတ်မိနေမလား“မေမေ သားတို့အောင်မြင်တော့မှာပါ ခနဘဲ့ကျန်တော့တယ် ပြီးရင် မေမေ့ရင်ခွင်ထဲ သားပြန်ဝင်နားခိုတော့မှာပါ အခုတော့ သားလိုက်သွားပါရစေဦး´´

သားလေးပြောခဲ့တဲ့စကား မေမေ့နားထဲနားဝင်မချိုပေမယ့် မေမေ သားလေးရဲ့စိတ်ကိုမတားနိုင်ခဲ့ပါဘူး အဲဒီနေ့က သားလေးလိုက်မသွားခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူးကွယ်…

နွေဦးတော်လှန်ရေးမှာ သားလေးကျဆုံးသွားပြီဆိုတဲ့သတင်းကြားချိန် မေမေ့ရင်တွေကွဲ အသဲတွေလည်းကြေမွခဲ့ပါပြီသားလေးရယ် ပြန်မလာနိုင်တော့ဘူးဆိုတာသိရဲ့နဲ့သားလေးကိုဒီနေ့အထိစောင့်နေမိတာ မေမေ့အမှားလားကွယ်…

သားလေးရဲ့ ရုပ်အလောင်းနံဘေးမှာမေမေရပ်နေပေမယ့် သားလေးမမြင်နိုင်တော့ဘူးနော် မေမေ့ကိုအရမ်းချစ်ပါတယ်လို့ထပြောပါဦးသားရယ် မေမေ့မျက်ဝန်းကမျက်ရည်မကျခဲ့ပေမယ့် မေမေ့နှလုံးသားက နှလုံးသွေးတွေ ဆူပွက်နေတာသားလေးမြင်လှဲ့ပါကွယ်…

သားလေးရေ မေမေ့မျက်ဝန်းကကျလာတဲ့မျက်ရည်တွေကို မေမေ မသုတ်နိုင်လို့များမျက်ရည်မကျတာလားမသိဘူးနော် ဟုတ်တယ် ကျလာတဲ့မျက်ရည် သုတ်ဖို့မေမေ့လက်တွေမှာအားမရှိတော့ပါဘူး…

သားလေးတာဝန်ကျေပါတယ်ကွယ် သားလေးနဲ့အတူတူကျဆုံးသွားတဲ့သူရဲကောင်းတွေကို မေမေလေးစားပါတယ် ဂုဏ်လည်းယူတယ်သားလေးရယ်..

အသက်မဲ့နေတဲ့ခန္ဓာနဲ့ ပြုံးပြနေတဲ့သားလေးရဲ့မျက်နှာ မေမေဒီတစ်သက်မမေ့ပါဘူး သားလေးရေ မေမေ့ရင်ခွင်ကထွက်ခွါသွားတာသားလေးရဲ့ခန္ဓာကိုယ်ပါ သားလေးရဲ့ချစ်ခြင်းမေတ္တာတွေကမေမေတို့နဲ့အမြဲထာဝရအတူရှိနေမှာပါကွယ်…

နောင်ဘဝဆိုတာရှိခဲ့မယ်ဆိုရင် မေမေ့ဆီကိုပြန်လာနော် မေမေကြိုနေပါ့မယ်ကွယ် မနက်ဖြန်ဆို သားလေး အသက်(20)ပြည့်မွေးနေ့ရောက်ပြီနော် “မေမေ သားကိုလက်ဆောင်ဘာပေးမှာလဲဟင်´´လို့ မမေးနိုင်တော့ဘူးနော်…

အခုတော့ သားလေးချစ်တဲ့ နွေဦးတော်လှန်ရေးကိုလက်တွဲပြီး သားလေးကိုသိပ်ချစ်ခဲ့တဲ့ မိသားစုကို သားလေးထားခဲ့ရမယ်ဆိုတာကြိုသိခဲ့မယ်ဆိုရင်…

Ps မောင်မင်းမြတ်ပိုင်နဲ့အတူ နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသောသူရဲကောင်းများအား လေးစားဂုဏ်ပြုလျှက်…

ခြွေပေမယ့်လည်း ဝေနေဦးမှာဘဲ့ ခူးပေမယ့်လည်း ဖူးနေဦးမှာဘဲ့ လွင့်ကြွေပါစေ ရနံ့မသေဘူး ဒါပေမယ့်လည်း ဒီနွေဦးကိုတော့ကမ္ဘာမကြေဘူး…

Zawgyi