Local News

အသက် (၁၉) နှစ်အရွယ်နဲ့မလိုက်ဖက်အောင် ဝေဒနာတွေခံစားနေရလို့ အလှူရှင်လိုအပ်နေတဲ့ လှိုင်မြို့နယ်က အောင်ခန့်ပိုင်

အသက် (၁၉) နှစ်အရွယ်နဲ့မလိုက်ဖက်အောင် ဝေဒနာတွေခံစားနေရလို့ အလှူရှင်လိုအပ်နေတဲ့ လှိုင်မြို့နယ်က အောင်ခန့်ပိုင်

အနုပညာရှင်တွေကို ပုံလှလှလေးတွေအမြဲတမ်း ရိုက်ပေးတတ်တဲ့ ဓာတ်ပုံ ဆရာအောင်ရဲလင်းဟာ အသက် (၁၉) နှစ်အရွယ်နဲ့ အိပ်ယာထဲ လဲနေရတဲ့ အောင်ခန့်ပိုင် အတွက် အလှူငွေသွား ရောက် လှူဒါန်းပေးသလို လူငယ်လေးအတွက် အလှူရှင်ရအောင်လည်း နိဗ္ဗာန်ဆော်လုပ်ပေးခဲ့ပါတယ်။

(၁၀) တန်းအရွယ် ကတည်းက စတင်ခံစားနေရတဲ့ ဝေဒနာတွေဟာ လက်ရှိ အသက် (၁၉) နှစ်တိုင်အောင် မပျောက်ကင်းနိုင်ခဲ့ ပါဘူး။

စေတနာရှင်အလှူရှင်တွေကလည်း တတ်နိုင်သလောက်လှူဒါန်းပေးကြသလို နောက်ထပ်အလှူရှင်တွေရဖို့အတွက် လာရောက်လှူဒါန်းသူတွေက ကူညီပေးကြ ပါတယ်။

လူငယ်လေးရဲ့လက်ရှိအခြေအနေကို ဒီနေ့ ညီလေး အောင်ခန့်ပိုင်ဆီ ကျတော်သွားလှူပြီးပါပြီ။ ညီလေးက 2019 (၁၀) တန်းနှစ်မှာစပြီး အခု ဒီနှစ်ထိပါပဲဗျာ။

အခုလက်ရှိကတော့ အဆုတ်မှာသွေးခဲပြီး အသက်ရှူမဝတော့ အောက်ဆီ ဂျင်မဖြုတ်ဘဲ အမြဲတပ် ထားရ ပါတယ်။ စစဖြစ်တုန်းက တီဘီဆေး (၁) နှစ်ခွဲလောက်သောက် ထားရပါတယ်။

ခါးရိုးခွဲထားရပြီး စကူ (၈) ချောင်းစုပ် ထားရပ ါတယ်။ အဲဒီခွဲထားတဲ့ စကူပြုတ်ထွက် သွားပါတယ် တဲ့ဗျ။ ပုံမှာမြင်တဲ့အတိုင်းပါပဲ။ အဖျားက အမြဲရှိနေပြီး ညနေဘက်ပိုဖျားလေ့ရှိပါတယ်။

အဖျား (၁၀၂) လောက်ရှိပါတယ်လို့ ညီလေးအမေက သေချာပြောပြပါတယ်။ အရိုးခွဲတဲ့ ဆေးရုံက ကြည့်မြင်တိုင်အရိုးဆေးရုံမှာလို့သိ ရပါ တယ်၊ အခုလက်ရှိ KBC ဆေးရုံမှာပြနေပါတယ်။ မနက်ဖြန် ထပ်ပြရပါမယ် ခင်ဗျား။ အသိဆရာဝန်တွေရှိရင် ကျတော့်ကို တစ်ချက်လောက် ကူညီပါလားဗျာ။

ကျတော်ဆေးစာအုပ်တွေ ဓါတ်မှန်တွေဓါတ်ပုံရိုက် ယူခဲ့တယ်ဗျ။ (၁၉) နှစ်ပဲရှိသေးတဲ့ ညီလေးကို တကယ် အကူညီပေးချင်လို့ပါ။ ဒီလကြီးလှူဖို့ပြောရမှာအားနာပေမယ့် တတ်နို င်သလောက်လေးလှူကြဖို့ မေတ္တာရပ် ခံပါ တယ်။

ကျတော် (၁၃) ရက်ပြန် သွားပါမယ် လှူချင်တဲ့ သူတွေတစ်ချက်ကျတော့်ကို ဆက်သွယ်ပေးပါ ခင်ဗျာ။ ညီလေးအမြန်ဆုံးသက်သာဖို့ ဆုတောင်းပေးပါတယ်။ ကျတော်က ညီလေးအမေပြောတာတွေနား ထောင်ပြီး သေချာရေးထားပေးပါ တယ်ခင်ဗျ။

တကယ်တတ် သိနားလည်တဲ့ ဆရာဝန်တွေပို သိမှာပါ။ ကူညီပေးကြပါဦး ခင်ဗျာ ဆိုပြီး မိခင်ရဲ့ ပြောစကား အတိုင်း ပြန်လည်ပြောပြပေးခဲ့ ပါတယ်။

သွားရောက်လှူဒါန်းချင်တဲ့ အလှူရှင်တွေအတွက် အောင်ခန့်ပိုင်ရဲ့လိပ်စာကတော့ လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ အသောကလမ်း၊ အိမ်အမှတ် (၁၀၆) ဖြစ်ပါတယ်။crd