Cele News Local News

မော်ဒယ်သရုပ်ဆောင် ထားထက်ထက် စစ်အာဏာရှင်ကို လ က် န က် ကိုင် တော်လှန်တော့မည်

မော်ဒယ်သရုပ်ဆောင် ထားထက်ထက် စစ်အာဏာရှင်ကို လ က် န က် ကိုင် တော်လှန်တော့မည်

“ကျွန်မတို့အားလုံးရဲ့ လွတ်လပ်မှုတွေ အခွင့်အရေးနဲ့ အရာရာ ဆုံးရှုံးကြရတာ ဒီနေ့ဆို ရက် ၁၀၀ ပြည့်ခဲ့ပြီ။ကျွန်မ တော် လှန် ရေး နယ်မြေတခု ကို ရောက်ခဲ့တာလဲ ၁ လနဲ့ ၁၁ ရက်ရှိခဲ့ပြီ။

ကျွန်မတို့တွေနိုင်မှ ပြန်လာလို့ရမယ်…ကျွန်မတို့တွေနိုင်မှ အဖမ်းခံထားရသူတွေလွတ်မယ်…ကျွန်မတို့တွေနိုင်မှအသက်ပေးခဲ့ရသူတွေကျေနပ်မယ်…ကျွန်မတို့တွေနိုင်မှမိသားစုတွေပြန်ဆုံဆည်းနိုင်မယ်…

ကျွန်မနိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ စ စ် အာဏာရှင်စနစ်ဆိုးကို တော်လှန်ရေးလုပ်တာ ကျွန်မတော်လှန်ရေးလုပ်တာ ဘာရပိုင်ခွင့် ဘာအခွင့်အရေး ဘာအရောင်အစွဲမှမပါဝင်ဘူး။ကျွန်မတို့ ဒီအာဏာရှင်စနစ်ဆိုးကို ဖြိုဖျက် နိုင်ဖို့ပဲ။

မတရားအနိုင်ကျင့်တာကို လက်မခံနိုင်တာအခုချိန်မှ မဟုတ်ပါဘူး။ကျွန်မသည် အရပ်သားအစိုးရတုန်းကလဲ မတရားအနိုင်ကျင့်တာ အာဏာပါဝါနဲ့ လုပ်ချင်တိုင်းလုပ်ချယ်လှယ်တာကို လက်မခံနိုင်လို့ ဝန်ကြီးအဆင့်ရောက်သည် အထိ တစ်ယောက်ထဲရင်ဆိုင်ခဲ့တာပါ။

အခုအချိန်မှာလဲ ဘယ်လိုမှ မနေနိုင်ဘူး။ဒီအတွက်ကျွန်မ ဆန္ဒပြခဲ့တယ် …ရသမျှနည်းနဲ့ ပြန်တိုက်မယ်။ကျွန်မ လုပ်နိုင်တာ ကူနိုင်တာ စွန့်လွှတ်နိုင်တာ အသက်အထိပေးဆပ်ဖို့ အသင့်ပဲ။

အခု ကျွန်မတို့ရဲ့ အဓိက ရည်ရွည်ချက်ကတခုထဲပဲ အဲ့ဒါက နှစ် ၆၀ နီးပါးလောက်အမြစ်တွယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုး ကျွန်မတို့ရဲ့ မျိုးဆက်မှာ အဆုံးထိ ပျက်သုဉ်းဖို့ အတွက် တို က် ပွဲ ဝင်ဖို့။

February 2021 မှစပြီး ၁။ ကျွန်မတို့တွေ အားလုံး ငြိမ်းချမ်းစွာနဲ့ဆန္ဒပြခဲ့ကြတယ်။ ၂။ ရက်စက်စွာ ပ စ် သ တ်ခံခဲ့ကြရတယ်။ ၃။ မတရားအနိုင်ကျင့် လုယက်ပြီး လ က် န က် မရှိတဲ့ ပြည်သူလူထုကို စ စ် မြေ ပြင်အလား ရက်စက်မှုတွေကိုခံရတယ်။

လိုချင်ရင် တိုက်ယူ ဆိုတဲ့စကားအတိုင်း ပြန်တိုက်ယူရမယ့်အချိန် ရောက်လာခဲ့ပြီဖြစ်တယ်။

ပွဲကြီး ပွဲကောင်းတခုအတွက် အချိန်ယူလေ့လာမှု လေ့ကျင့်မှု ၊ ပြင်ဆင်မှုတွေ ၊စိတ်ရှည်သည်းခံမှုတွေတော့ အများကြီးလိုအပ်တယ်။

လ က် န က် ပဲ ကိုင်ကိုင် ကလောင်ပဲ ကိုင်ကိုင်ကီးဘုတ်ပဲ ကိုင်ကိုင် ပိုက်ဆံပဲ ကိုင်ကိုင် သူ့နေရာနဲ့သူ တတ်နိုင်တဲ့နေရာမှာဝင်ဖြည့်မှပြီးပြည့်စုံမှာပါ။

တော်လှန်ရေးအတွက် ဘယ်နေရာကပဲ ပါဝင် သည်ဖြစ်စေ အဓိက က ရင်ထဲကနေစစ်မှန်တဲ့ နှလုံးသားနဲ့ ပါဝင်နေဖို့ပဲလိုတယ်။

ပိုင်ဆိုင်မှုတွေအကုန် စွန့်လွှတ်ခဲ့ပြီးတဲ့အချိန်မှာ ဆုံးရှုံးစရာဆိုတာ ဘာမှမရှိတော့ပါဘူး။

NUG ကနေ PDF Ready ဆိုပြီး Call ခေါ်တဲ့အချိန်မှာ ကျွန်မတို့တွေဘက်က အဆင်သင့်ဖြစ်နေဖို့ပါပဲ……

ကျွန်မတို့အားလုံးရဲ့ အရေးတော်ပုံကြီး အောင်ရမည်။

ဒီအရာကြီးပြီးဆုံးသွားတဲ့အခါ ကျွန်မကကျွန်မနှစ်သက်ရူးသွပ်တဲ့ ကျွန်မရဲ့အနုပညာအလုပ်ကို ကျွန်မ လုပ်နိုင်သလောက်ဆက်လုပ်ချင်တယ်။ ပြီးရင် ကျွန်မရဲ့ နောက်ထပ် Profession ဖြစ်တဲ့ ကျွန်မချစ်ရတဲ့ ကလေးလေးတွေကို ကျွမ်းဘားပညာဆက်သင်ပေးပြီး အေးအေးဆေးဆေး ပျော်ရွှင်သာယာအေးချမ်းတဲ့ ဘဝလေးတခု အမြန်ဆုံးတည်ဆောက်ပြီး နေချင်တယ်။

11.5.2021(Tuesday)”ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြလာခဲ့ပါတယ်။