ဗဟုသုတ
မနေ့က ကားနားလာပြီး ကလေးငယ်တစ်ယောက်ငုံးဥပြုတ်လာရောင်း လို့ ဝယ်လိုက်မိသောအခါ (စိတ်ထားကောင်းလိုက်တဲ့ကလေးလေး)
မနေ့က အမြန်လမ်းပေါ်အတက် အခွန်ကောက်တဲ့နေရာမှာ ကလေးငယ်ငယ်တစ်ယောက် ကားနားလာပြီး ငုံးဥပြုတ်ဝယ်ပါဦး လာရောင်းတယ်
ကားတွေလည်းရှားတော့ အလုပ်လုပ်တဲ့ကလေးကို အားပေးတဲ့အနေနဲ့ ဝယ်ပေးဖို့လုပ်တယ်
ဘယ်လောက်လဲဆိုတော့ သုံးထုပ်ငါးရာတဲ့။ အမယ် ဘယ်ဆိုးလို့လဲ အရောင်းပါးနေပေမယ့် စျေးမှန်ပဲရောင်းတယ်ဟလို့ စိတ်ထဲက ချီးကျူးမိတယ်။
သားတစ်ထောင်ဖိုးပေးဆိုတော့ သူ့ထဲကနေ ငါးရာဖိုးရောင်းပြီး နောက်မှာရပ်နေတဲ့ သူ့သူငယ်ချင်းလှမ်းခေါ်ပြီး မင်းထဲက ငါးရာဖိုးပေးလိုက်လေတဲ့
အိုးမိုင်ဂေါ့ ဒီကလေးတကယ့်လူတော်လူကောင်းပဲလို့ စိတ်ထဲက ထပ်ချီးကျူးမိပြန်တယ်
တခါတခါ ပညာတွေသင် ကျင့်ဝတ်တွေသင်နေတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ အမူအကျင့်ကောင်းလေးတွေကို ခုလိုမထင်မှတ်တဲ့ အရွယ်တောင်မရောက်သေးတဲ့ ကလေးတွေဆီမှာတွေ့ရတာ အံ့အားသင့်ရပါတယ်
ကိုယ်လည်းသူ့ကိုမှီအောင် ကြိုးစားရဦးမယ်
ပြန်လည်မျှဝေပါသည်
credit to original writer
Zawgyi
ပြန်လည်မျှဝေပါသည်