Cele News

အသက်ငယ်ငယ်လေးမှာပဲ သာသနာ့ဘောင်ကို ရာသက်ပန်ဝင်ရောက်သွားတဲ့ မေသက်ထားဆွေ

တရားရှာကိုယ်မှာတွေ့ဆိုတဲ့စကားအတိုင်းပဲ တရားဓမ္မနဲ့ရင်းနှီးပြီး အေးချမ်းမှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားတဲ့ အဆိုတော်မေသက်ထား ဆွေဟာ အသက်ငယ်ငယ်လေးမှာပဲ သာသနာ့ဘောင်ကို ရာသက်ပန်ဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အဆိုရှင် တစ်ယောက်ဖြစ်သလို ရှည်လျားတဲ့ဆံနွယ်တွေဟာလည်း သူမကိုပိုပြီး ကျက်သရေရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်စေခဲ့ပါတယ်။

ငယ်စဉ် ကတည်းက သီချင်းဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမတူတဲ့အရည်အချင်းတွေကြောင့် အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့တဲ့ က လေး လေး ဟာ တော်ရုံလူကြီးတွေတောင်မလုပ်နိုင်တဲ့ အမွန်မြတ်ဆုံးလုပ်ရပ်ကို ပြတ်သားနဲ့ဆုံးဖြတ်ချက်တွေနဲ့လုပ်ခဲ့တာပါ။

အသက်ကလည်းငယ်သလို အောင်မြင်မှုတွေလည်းရနေတဲ့အပြင် လှပတဲ့ရုပ်သွင်ပြင်လေး ကြောင့် သူမကိုအားပေးတဲ့ပရိသတ် တွေလည်း အများအပြားပါပဲ။ သူမရဲ့အေးချမ်းတဲ့ အသံလေးနဲ့ ဗမာသံစဉ်လေးတွေဆိုတိုင်း နားဆင်သူတွေဟာ စိတ်နှလုံးအေးချမ်းရပါတယ်။ အသက် ငယ်ပေမယ့် အောင်မြင်ကျော်ကြားမှုတွေကြားမှာ ယစ်မူးတွယ်တာမနေဘဲ တကယ့်အေးချမ်းမှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့သလို ဆုံးဖြတ် ချက်လည်းပြတ်သားလွန်းတဲ့ ကလေးလေးကို လူကြီးတွေကိုယ်တိုင်ကတောင် ချီးကျူးလေးစားနေခဲ့ရပါတယ်။ မိဘရဲ့ ကောင်းမွန်တဲ့အ ဆုံး အ မအောက်မှာကြီးပျင်းခဲ့သူမို့ ဓမ္မနဲ့ရင်းနှီးပြီး သာသနာရဲ့အနှစ်သာရကို အပြည့်အဝသိတာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

ဆရာလေးသောမာထရီ (ခ) မေသက်ထားဆွေရဲ့ အမွန်မြတ်ဆုံးလုပ်ရပ်အတွက် လေးစားဂုဏ်ယူမိတဲ့ အကြောင်းကို ” လေးစားလွန်းတယ် အား ကျရလွန်းတယ် အသက်ငယ်ပေမယ့် အပူထဲ အအေးသို့ အမှန်တကယ်ကရုန်းထွက်နိုင်ခဲ့တဲ့ဆရာလေး တရာထူးတရားမြတ်ရ၍ ရည် မှန်းချက်ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပါစေ တလေးတစား ရိုသေစွာ ကန်တော့လိုက်ပါတယ်

လူ့ဘောင်ကိုစွန့် ကာ သာသနာဘောင်မှာရာသက်ပန် တရားအားထုတ်တော့မယ့် ဆရာလေး သောမာထရီ (တစ်ဖြစ်လဲ) မေသက်ထားဆွေ ” ဆိုပြီး နွေးနွေး ချ စ်ဖွယ်က သူမရဲ့လူမှုကွန်ရက်မှာ တလေးတစားဖော်ပြခဲ့ ပါတယ်။ သာဓုပါဆရာလေးရေ အေးချမ်းတဲ့ဘုရားရိပ်တရား ရိပ်မှာ တရားထူး တရားမြတ်တွေ အားထုတ်နိုင်ပါစေလို့ တောင်းဆုပြုပါတယ်။

သတင်းအရင်းမြစ်: Nway Nway Chit Phwal’s FB Acc

[zawgyi]

တရားရွာကိုယ္မွာေတြ႕ဆိုတဲ့စကားအတိုင္းပဲ တရားဓမၼနဲ႔ရင္းႏွီးၿပီး ေအးခ်မ္းမႈအစစ္အမွန္ကို ရွာေဖြေတြ႕ရွိသြားတဲ့ အ ဆိုေတာ္ေမသက္ထား ေဆြဟာ အသက္ငယ္ငယ္ေလးမွာပဲ သာသနာ့ေဘာင္ကို ရာသက္ပန္ဝင္ေရာက္ဖို႔ဆုံးျဖတ္လိုက္ပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုရွင္ တစ္ေယာက္ျဖစ္သလို ရွည္လ်ားတဲ့ဆံႏြယ္ေတြဟာလည္း သူမကိုပိုၿပီး က်က္သေရ ရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေစခဲ့ပါတယ္။

ငယ္စဥ္ ကတည္းက သီခ်င္းဆိုၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး သူမတူတဲ့အရည္အခ်င္းေတြေၾကာင့္ ေအာင္ျမ င္မႈဆြတ္ခူးႏိုင္ခဲ့တဲ့ က ေလး ေလး ဟာ ေတာ္႐ုံလူႀကီးေတြေတာင္မလုပ္ႏိုင္တဲ့ အမြန္ျမတ္ဆုံးလုပ္ရပ္ကို ျပတ္သားနဲ႔ဆုံးျဖတ္ခ် က္ေတြနဲ႔လုပ္ခဲ့တာပါ။

အသက္ကလည္းငယ္သလို ေအာင္ျမင္မႈေတြလည္းရေနတဲ့အျပင္ လွပတဲ့႐ုပ္သြင္ျပင္ေလး ေၾကာင့္ သူမကိုအားေပးတဲ့ပရိ သ တ္ ေတြလည္း အမ်ားအျပားပါပဲ။ သူမရဲ႕ေအးခ်မ္းတဲ့ အသံေလးနဲ႔ ဗမာသံစဥ္ေလးေတြဆိုတိုင္း နားဆင္သူေတြ ဟာ စိတ္ႏွလုံးေအးခ်မ္းရပါတယ္။ အသက္ ငယ္ေပမယ့္ ေအာင္ျမင္ေက်ာ္ၾကားမႈေတြၾကားမွာ ယစ္မူးတြ ယ္တာ မေနဘဲ တကယ့္ေအးခ်မ္းမႈအစစ္အမွန္ကို ရွာေဖြေတြ႕ရွိခဲ့သလို ဆုံးျဖတ္ ခ်က္လည္းျပတ္သားလြန္းတဲ့ ကေလးေလးကို လူႀကီးေတြကိုယ္တိုင္ကေတာင္ ခ်ီးက်ဴးေလးစားေနခဲ့ရပါတယ္။ မိဘရဲ႕ ေကာင္းမြန္တဲ့အ ဆုံး အ မေအာက္မွာႀကီးပ်င္းခဲ့သူမို ႔ ဓမၼနဲ႔ရင္းႏွီးၿပီး သာသနာရဲ႕အႏွစ္သာရကို အျပည့္အဝသိတာေၾကာင့္ အခုလိုဆုံးျဖတ္ခဲ့တာျဖစ္ႏိုင္ပါတယ္။

ဆရာေလးေသာမာထရီ (ခ) ေမသက္ထားေဆြရဲ႕ အမြန္ျမတ္ဆုံးလုပ္ရပ္အတြက္ ေလးစားဂုဏ္ယူမိတဲ့ အေၾကာင္းကို ” ေလးစား လြန္းတယ္ အား က်ရလြန္းတယ္ အသက္ငယ္ေပမယ့္ အပူထဲ အေအးသို႔ အမွန္တကယ္က႐ုန္းထြက္ႏိုင္ခဲ့တဲ့ဆရာေလး တ ရာထူးတရားျမတ္ရ၍ ရည္ မွန္းခ်က္ပန္းတိုင္ျဖစ္ေသာ နိဗၺာန္သို႔ မ်က္ေမွာက္ျပဳႏိုင္ပါေစ တေလးတစား ႐ိုေသစြာ ကန္ေတာ့လိုက္ပါတယ္

လူ႔ေဘာင္ကိုစြန႔္ ကာ သာသနာေဘာင္မွာရာသက္ပန္ တရားအားထုတ္ေတာ့မယ့္ ဆရာေလး ေသာမာထရီ (တစ္ျဖစ္လဲ) ေမသ က္ထားေဆြ ” ဆိုၿပီး ေႏြးေႏြး ခ် စ္ဖြယ္က သူမရဲ႕လူမႈကြန္ရက္မွာ တေလးတစားေဖာ္ျပခဲ့ ပါတယ္။ သာဓုပါဆရာေလးေရ ေ အးခ်မ္းတဲ့ဘုရားရိပ္တရား ရိပ္မွာ တရားထူး တရားျမတ္ေတြ အားထုတ္ႏိုင္ပါေစလို႔ ေတာင္းဆုျပဳပါတယ္။

သတင္းအရင္းျမစ္: Nway Nway Chit Phwal’s FB Acc