Cele News

လူရွှင်တော်ကြီး ဦးစိန်ရိုး ကွယ်လွန်

ဝါရင့် လူရွှင်တော်ကြီး ဦးစိန်ရိုး ကွယ်လွန်

ပြည်သူချစ် ဝါရင့် ဟာသ လူရွှင်တော်ကြီး ဦးစိန်ရိုးဟာ ယနေ့၊ မေလ ၁၅ ရက်နေ့၊မနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

“ပြည်သူချစ်သော ဟာသ လူရွှင်တော်ကြီးဦးစိန်ရိုး ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားပါပြီ”လို့ ဟာသသရုပ်ဆောင်၊လူရွှင်တော် ကောင်းကျော်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

“လေးစား ချစ်ခင်ရပါသော ဟာသပညာရှင်ကြီး၊ အဖေဆရာ လူရွှင်တော်ကြီး ဦးစိန်ရိုးယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနှင့်ထပ်တူ များစွာ စိတ်မကောင်း ဝမ်းနည်း ဖြစ်ရပါတယ်။ ဟာသပညာရှင်ကြီး အဖေဆရာ ဦးစိန်ရိုး ကောင်းရာသုဂတိ လားပါစေ”လို့ “လူငယ်စတား” အငြိမ့်အဖွဲ့က ဆိုပါတယ်။

ဝါရင့် လူရွှင်တော်ကြီး ဦးစိန်ရိုးဟာကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ သူဟာ အကန်တော့ခံ သက်ကြီးလူရွှင်တော်တဦး ဖြစ်သလို လူရွှင်တော်အသင်းရဲ့ နာယကတဦးလည်း ဖြစ်ပါတယ်။

Credit

Zawgyi