ဗဟုသုတ

မဟာဗောဓိမြိုင် ဆရာတော်ကြီးထံ ဖူးမျော်ရန် လာရောက်ကြသော နတ် ဗြဟ္မာများ

မဟာဗောဓိမြိုင် ဆရာတော်ကြီးထံ ဖူးမျော်ရန် လာရောက်ကြသော နတ် ဗြဟ္မာများ

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီး သုဝဏ္ဏသျှမ်တောင်တော်မြတ်တွင် သီတင်းသုံး နေထိုင်တော်မူစဉ်ကာလ ၁၃၅၇ ခုနှစ်က ဖြစ်သည်။

ကွန်ဟိန်းမြို့နယ် ဆရာဝန်ဒေါက်တာတင်ဋ္ဌေးက အောက်ပါအတိုင်းအားပါးတရပြောဆိုခဲ့၏။

“တစ်ရက်သား ကျွန်တော်က ဆရာတော်ကြီးရဲ့ခြေထောက်အနာ ဆေးထည့်ပေးဖို့တောင်ပေါ်ကိုလာတဲ့ အခါ သာစည်က ကိုရန်လင်းတို့အဖွဲ့လည်းရောက်နေကြတယ်ဗျ။ကျွန်တော်တို့ကလည်း ဖူးလို့မဝတော့ ညသန်းခေါင်အထိ မပြန်နိုင်ကြသေးဘူး။

“ဒေါက်” “ဒေါက် ” “ဒေါက်”

“အဲဒီအချိန်မှာ တံခါးခေါက်သံ အတိုင်းသားကြားရတယ် lဒီအချိန်ကြီးဘယ်သူမှ မလာပါဘူးလေ ဆိုပြီးပေထိုင်နေကြတယ်ပေါ့ဗျာ”

“ဒေါက်” “ဒေါက်” “ဒေါက်”

“တံခါးထပ်ခေါက်သံထပ် ကြားရပြန်တယ် ဆရာတော်ကြီးက ” ဖွင့်ပေးလိုက်ပါ” မိန့်တာနဲ့ထဖွင့်လိုက်တာဘယ်သူမှ မရှိဘဲနဲ့ ပြိုးပြိုးပြက်ပြက်အလင်းရောင်တွေ မြင်ရတယ် အံ့သြမှင်တက်သွားတာပေါဗျာ တံခါးမကြီးကနေ မျော်ကြည့်လိုက်ပြန်တော့ တစ်တောလုံးတစ်တောင်လုံး ထိန်ထိန်ညီးတာပဲ။

အလင်းတန်းတွေ ဖျာထွက်နေလိုက်တာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး အင်း အဲဒိ အလင်းရောင်တွေထဲမှာ သေချာကြည့်လိုက်တော့အင်မတန်ကြည်လင်နေတဲ့မျက်နှာ တချို့တွေ့ရတယ်။ခန္ဓာ ကိုယ်ကိုတော့ မတွေ့ရဘူးဗျ။အလင်းရောင်တွေက မာကျူရီလျှပ်စစ်မီးရောင်လိုမျိုးပဲဗျာ”

“ဒါနဲ့ ကျွန်တော် သဘောပေါက်လိုက်တယ် ပြန်ဖို့သင့်ပြီဆိုတာ lကျွန်တော်တို့လူသားတွေ အလှည့်ပြီးလို့ နတ်ဗြဟ္မာတွေလာဖူးတာပဲလို့ တထစ်ချယူဆ လိုက်ပါတယ်။

ဆရာတော်ကြီးကို ဝတ်ချပြီး ပြန်ခဲ့ရပေမယ့် အိပ်မရတော့ဘူးဗျို့ ကျွန်တော်က ဒီလို နတ်တြွေဗဟ္မာတွေ လာဖူးလိမ့်မယ်လို့ ထင် မထားခဲ့မိဘူး။ဒါတစ်ကယ့် ကိုယ်တွေ့ပါ မလိမ်ရဲပါဘူးဗျာ။

“ဆရာတော်ကြီးက ညကြရင် မအားရ မနားရဘူးဆိုတာ ဒီတော့မှ သဘောပေါက်တော့တယ် ဆရာတော်ကြီးက တစ်လုပ်ထဲမှ မဟုတ်ဘဲဗျာ lလူတွေတရားဟောပြီး သက်ဆိုက်ရာ နတ်တွေ ဗြဟ္မာတွေကိုဆက်ပြီးတရား ဟောတယ်ဆိုတာ အခုမှသိရတော့တာပါပဲ”

“ရှမ်းပြည်နယ်မှာ ( ၇ )နှစ်လုံးလုံး ဒုက္ဓသုက္ခများနှင့် နပန်းလုံးပြီး တာဝန်ထမ်းဆောင်ခဲ့ရတဲ့အထဲမှာ ဆရာတော်ကြီး၏ တပည့်ဖြစ်လိုက်ရတာ“ဘဝမှာ တန်ဖိုး မဖြတ်နိုင်တဲ အမြတ်အစွန်းတစ်ခုပါပဲ”ဟု ဝန်ခံပြောသွားတဲ့ဒေါက်တာတင်ဋ္ဌေးက ပြန်လည်ပြောပြခြင်း ဖြစ်ပါတယ်။

ခရက်ဒစ်

Zawgyi

မဟာေဗာဓိၿမိဳင္ ဆရာေတာ္ႀကီးထံ ဖူးေမ်ာ္ရန္ လာေရာက္ၾကေသာ နတ္ ျဗဟၼာမ်ား

ေက်းဇူးေတာ္ရွင္မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး သုဝဏၰသွ်မ္ေတာင္ေတာ္ျမတ္တြင္ သီတင္းသုံး ေနထိုင္ေတာ္မူစဥ္ကာလ ၁၃၅၇ ခုႏွစ္က ျဖစ္သည္။

ကြန္ဟိန္းၿမိဳ႕နယ္ ဆရာဝန္ေဒါက္တာတင္႒ေးက ေအာက္ပါအတိုင္းအားပါးတရေျပာဆိုခဲ့၏။

“တစ္ရက္သား ကြၽန္ေတာ္က ဆရာေတာ္ႀကီးရဲ႕ေျခေထာက္အနာ ေဆးထည့္ေပးဖို႔ေတာင္ေပၚကိုလာတဲ့ အခါ သာစည္က ကိုရန္လင္းတို႔အဖြဲ႕လည္းေရာက္ေနၾကတယ္ဗ်။ကြၽန္ေတာ္တို႔ကလည္း ဖူးလို႔မဝေတာ့ ညသန္းေခါင္အထိ မျပန္နိုင္ၾကေသးဘူး။

“ေဒါက္” “ေဒါက္ ” “ေဒါက္”

“အဲဒီအခ်ိန္မွာ တံခါးေခါက္သံ အတိုင္းသားၾကားရတယ္ lဒီအခ်ိန္ႀကီးဘယ္သူမွ မလာပါဘူးေလ ဆိုၿပီးေပထိုင္ေနၾကတယ္ေပါ့ဗ်ာ”

“ေဒါက္” “ေဒါက္” “ေဒါက္”

“တံခါးထပ္ေခါက္သံထပ္ ၾကားရျပန္တယ္ ဆရာေတာ္ႀကီးက ” ဖြင့္ေပးလိုက္ပါ” မိန့္တာနဲ႕ထဖြင့္လိုက္တာဘယ္သူမွ မရွိဘဲနဲ႕ ၿပိဳးၿပိဳးျပက္ျပက္အလင္းေရာင္ေတြ ျမင္ရတယ္ အံ့ၾသမွင္တက္သြားတာေပါဗ်ာ တံခါးမႀကီးကေန ေမ်ာ္ၾကည့္လိုက္ျပန္ေတာ့ တစ္ေတာလုံးတစ္ေတာင္လုံး ထိန္ထိန္ညီးတာပဲ။

အလင္းတန္းေတြ ဖ်ာထြက္ေနလိုက္တာ ဘယ္လိုေျပာရမွန္းေတာင္ မသိေတာ့ဘူး အင္း အဲဒိ အလင္းေရာင္ေတြထဲမွာ ေသခ်ာၾကည့္လိုက္ေတာ့အင္မတန္ၾကည္လင္ေနတဲ့မ်က္ႏွာ တခ်ိဳ႕ေတြ႕ရတယ္။ခႏၶာ ကိုယ္ကိုေတာ့ မေတြ႕ရဘူးဗ်။အလင္းေရာင္ေတြက မာက်ဴရီလွ်ပ္စစ္မီးေရာင္လိုမ်ိဳးပဲဗ်ာ”

“ဒါနဲ႕ ကြၽန္ေတာ္ သေဘာေပါက္လိုက္တယ္ ျပန္ဖို႔သင့္ၿပီဆိုတာ lကြၽန္ေတာ္တို႔လူသားေတြ အလွည့္ၿပီးလို႔ နတ္ျဗဟၼာေတြလာဖူးတာပဲလို႔ တထစ္ခ်ယဴဆ လိုက္ပါတယ္။

ဆရာေတာ္ႀကီးကို ဝတ္ခ်ၿပီး ျပန္ခဲ့ရေပမယ့္ အိပ္မရေတာ့ဘူးဗ်ိဳ႕ ကြၽန္ေတာ္က ဒီလို နတ္ေႂတြဗဟၼာေတြ လာဖူးလိမ့္မယ္လို႔ ထင္ မထားခဲ့မိဘူး။ဒါတစ္ကယ့္ ကိုယ္ေတြ႕ပါ မလိမ္ရဲပါဘူးဗ်ာ။

“ဆရာေတာ္ႀကီးက ညၾကရင္ မအားရ မနားရဘူးဆိုတာ ဒီေတာ့မွ သေဘာေပါက္ေတာ့တယ္ ဆရာေတာ္ႀကီးက တစ္လုပ္ထဲမွ မဟုတ္ဘဲဗ်ာ lလူေတြတရားေဟာၿပီး သက္ဆိုက္ရာ နတ္ေတြ ျဗဟၼာေတြကိုဆက္ၿပီးတရား ေဟာတယ္ဆိုတာ အခုမွသိရေတာ့တာပါပဲ”

“ရွမ္းျပည္နယ္မွာ ( ၇ )ႏွစ္လုံးလုံး ဒုကၶသုကၡမ်ားႏွင့္ နပန္းလုံးၿပီး တာဝန္ထမ္းေဆာင္ခဲ့ရတဲ့အထဲမွာ ဆရာေတာ္ႀကီး၏ တပည့္ျဖစ္လိုက္ရတာ“ဘဝမွာ တန္ဖိုး မျဖတ္နိုင္တဲ အျမတ္အစြန္းတစ္ခုပါပဲ”ဟု ဝန္ခံေျပာသြားတဲ့ေဒါက္တာတင္႒ေးက ျပန္လည္ေျပာျပျခင္း ျဖစ္ပါတယ္။

ခရက္ဒစ္