စိုက်ပျိုးရေး

နစ်ပေါင်းများစွာ ကြာသွားတာတောင်ငယ်ရုပ်မပျောက်သေးဘဲ ခန့်ညားတဲ့ရုပ်ရည်ပိုင်ဆိုင်ထားတဲ့ ရဝေအောင်

ချစ်ပရိသတ်ကြီးရေ တစ်ချိန်က မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခဲ့ရတဲ့ သရုပ်ဆောင် မင်းသားချော ရဝေအောင်ကတော့ ပြက္ခဒိန်နဲ့ ကြော်ငြာတော်တော်များများမှာ နေရာယူထားနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။


သရုပ်ဆောင်ကောင်းသလို ချောမောပြေပြစ်တဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားတဲ့ ရဝေအောင်ကတော့ တစ်ခေတ်တစ်ခါမှာလျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သူတစ်ယောက်ပါ။


နောက်ပိုင်းမှာတော့ ရဝေအောင်က အနုပညာအလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားခဲ့ပြီး တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ အေးအေးချမ်းချမ်းရှိနေတာပဲ ဖြစ်ပါတယ်။


ငယ်ဘဝနဲ့ ပက်သတ်ပြီး အမှတ်တရအချို့ကို မကြာခဏမျှဝေပေးလေ့ရှိတဲ့ ရဝေအောင်က ဒီကနေ့မှာတော့ သူ့ရဲ့ငယ်ဘဝပုံရိပ်နဲ့ လက်ရှိပုံရိပ်ကို နှိုင်းယှဉ်ပြသလာပါတယ်။


ရဝေအောင်ကတော့ လွန်ခဲ့တဲ့ အနှစ် (၂၀) (၂၀၀၀) ခုနှစ်က ပုံရိပ်နဲ့ လက်တလော (၂၀၂၀) ခုနှစ်က ဓာတ်ပုံနှစ်ပုံကို နှိုင်းယှဉ်ပြသခဲ့ပြီး နှစ်ပေါင်း (၂၀) ကွာသွားတာတောင် ပြောင်းလဲခြင်းမရှိတဲ့ နုပျိုခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကို ပရိသတ်ကြီးတွေ့ရမှာပဲ ဖြစ်ပါတယ်။


ရဝေအောင်ကတော့ ချောမောပြီး နှစ်တွေကြာမြင့်သွားတာတောင် မပြောင်းလဲတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတာ သူ့ရဲ့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။

ပရိသတ်ကြီးလည်း အံ့သြလောက်စရာကောင်းတဲ့ ရဝေအောင်ရဲ့ ပုံရိပ်ကိုကြည့်ပြီး အံ့သြမှင်သက်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတာင်းပေးလိုက်ပါတယ်နော်…။

Source: Yawai Aung’s fb
Credit– Cele Connections







ရဝေအောင်ကတော့ လွန်ခဲ့တဲ့ အနှစ် (၂၀) (၂၀၀၀) ခုနှစ်က ပုံရိပ်နဲ့ လက်တလော (၂၀၂၀) ခုနှစ်က ဓာတ်ပုံနှစ်ပုံကို နှိုင်းယှဉ်ပြသခဲ့ပြီး နှစ်ပေါင်း (၂၀) ကွာသွားတာတောင် ပြောင်းလဲခြင်းမရှိတဲ့ နုပျိုခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကို ပရိသတ်ကြီးတွေ့ရမှာပဲ ဖြစ်ပါတယျ




Source : Yawai Aung’s fb