Uncategorized ဗဟုသုတ

ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေရရင်

ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေရရင်

ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေ အတွက်တော့ ဒုတိယမျက်နှာပါပဲ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ် ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည် နှေးနေလို့ စိတ်ညစ်နေရတတ်ပါတယ်။

ကျွန်မတို့ နေ့စဉ်ထိတွေ့အသုံးပြုနေတဲ့ ဓါတုပစ္စည်းတွေ၊ စားသုံးနေတဲ့အစားအသောက်တွေဟာ ဆံကေသာကောင်းခြင်း မကောင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆံပင် တိဖို့ မမေ့ပါနဲ့။

ဆံပင်အရှည်မြန် ချင်ရင်တော့ ဆံပင်တိဖို့ မမေ့ပါနဲ့။ ၃ လ ၄ လကို တစ်ခါပဲ ဖြစ်ဖြစ် ဆံပင်ကို မဖြစ်မနေ တိပေး သင့်ပါတယ်။ ဒါမှ ဆံဖျား နှစ်ခွ ဖြစ်တာကို သက်သာစေပြီး ဆံပင်အရှည် မြန်စေ မှာပါ။

၂။ ရေနွေးပူပူနဲ့ ခေါင်းမလျှော်ပါနဲ့။

ခေါင်းကို ရေအေးနဲ့ပဲ လျှော်ပေးပါ။ ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဆံပင်ကျွတ်စေပါတယ်။

၃။ ရေများများ သောက်ပါ။

မနက်မိုးလင်းတိုင်း ရေသောက်ပြီး တစ်နေ့တာလုံးကို အစပြုသင့် ပါတယ်။ ရေဓါတ်ဖြည့်တင်းနေမှ ဆံပင်ရော အသားအရေရော သန်စွမ်း ကောင်းမွန်မှာပါ။ မဟုတ်ရင်တော့ ဆံသား ခြောက်သွေ့နေမှာ ဖြစ်ပါတယ်။

၄။ ခေါင်းဘီးကို သေချာ ရွေးဝယ်ပါ။

ကိုယ့်ဆံပင်နဲ့ အဆင်ပြေတဲ့ ခေါင်းဘီးကို ရွေးချယ် ဝယ်ယူ သင့်ပါတယ်။ ပြီးတော့ ခေါင်းကိုလည်း ဆံပင်ရေစိုနေတဲ့ အချိန်မှာ မဖြီးပါနဲ့။ ဆံပင်ခြောက်နေတဲ့ အချိန်မှသာ ဖြီးပေးပါ။

၅။ ဓါတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည် သုံးပါ။

Parabens, Sulphates, Silicone နဲ့ SLS မပါတဲ့ ခေါင်းလျှော်ရည်တွေကို သုံးပေးပါ။ သစ်ဥသစ်ဖုတွေနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်က အကောင်းဆုံးပါပဲ ။

၆။ အစားအသောက်ကိုလည်း ဂရုစိုက်ပါ။

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရရှိ ပိုင်ဆိုင်စေဖို့အတွက် အစားအသောက်ကိုလည်း အဟာရ ညီညွှတ်မျှတစွာ စားပေးပါ။ လတ်ဆတ်တဲ့ အသီးအရွက်၊ ငါး နွားနို့ အခွံမာသီးတွေ စားပေးသင့်ပါတယ်။ သရေစာ အမြန်စားအစားအစာတွေ ရှောင်ပါ။

၇။ ခေါင်းနေ့တိုင်း မလျှော်ပါနဲ့။

ခေါင်းနေ့တိုင်း လျှော်တာ ခေါင်းပုံမှန် လျှော်တာဟာလည်း ဆံကေသာကို ပျက်ဆီးစေပါတယ်။ ဥပမာ ၂ ရက်ခြား တစ်ခါ လျှော်တာမျိုးမဟုတ်ဘဲ ၂ ရက်နေ ၁ ခါ ၃ ရက်နေ ၁ ခါ လျှော်ပေးပါ။

Credit

Zawgyi

ဆံပင္အရွည္ထားခ်င္ေပမယ့္ ဆံပင္အရွည္ေႏွးေနလို႔ စိတ္ညစ္ေနရရင္ဆံေကသာဆိုတာ ကြၽန္မတို႔ မိန္းမသားေတြ အတြက္ေတာ့ ဒုတိယမ်က္ႏွာပါပဲ။ အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြပဲျဖစ္ျဖစ္ က်န္းမာတဲ့ ဆံေကသာကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။ အမ်ိဳးသမီးေတြ အေနနဲ႔ ဆံပင္အရွည္ထားခ်င္ေပမယ့္ ဆံပင္အရွည္ ေႏွးေနလို႔ စိတ္ညစ္ေနရတတ္ပါတယ္။

ကြၽန္မတို႔ ေန႔စဥ္ထိေတြ႕အသုံးျပဳေနတဲ့ ဓါတုပစၥည္းေတြ၊ စားသုံးေနတဲ့အစားအေသာက္ေတြဟာ ဆံေကသာေကာင္းျခင္း မေကာင္းျခင္းနဲ႔ သက္ဆိုင္ေနပါတယ္။ ဆံပင္အရွည္ေႏွးေနလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ ဆံပင္ တိဖို႔ မေမ့ပါနဲ႔။

ဆံပင္အရွည္ျမန္ ခ်င္ရင္ေတာ့ ဆံပင္တိဖို႔ မေမ့ပါနဲ႔။ ၃ လ ၄ လကို တစ္ခါပဲ ျဖစ္ျဖစ္ ဆံပင္ကို မျဖစ္မေန တိေပး သင့္ပါတယ္။ ဒါမွ ဆံဖ်ား ႏွစ္ခြ ျဖစ္တာကို သက္သာေစၿပီး ဆံပင္အရွည္ ျမန္ေစ မွာပါ။

၂။ ေရေႏြးပူပူနဲ႔ ေခါင္းမေလွ်ာ္ပါနဲ႔။

ေခါင္းကို ေရေအးနဲ႔ပဲ ေလွ်ာ္ေပးပါ။ ေရေႏြးနဲ႔ ေခါင္းေလွ်ာ္တာဟာ ဆံပင္ကြၽတ္ေစပါတယ္။

၃။ ေရမ်ားမ်ား ေသာက္ပါ။

မနက္မိုးလင္းတိုင္း ေရေသာက္ၿပီး တစ္ေန႔တာလုံးကို အစျပဳသင့္ ပါတယ္။ ေရဓါတ္ျဖည့္တင္းေနမွ ဆံပင္ေရာ အသားအေရေရာ သန္စြမ္း ေကာင္းမြန္မွာပါ။ မဟုတ္ရင္ေတာ့ ဆံသား ေျခာက္ေသြ႕ေနမွာ ျဖစ္ပါတယ္။

၄။ ေခါင္းဘီးကို ေသခ်ာ ေ႐ြးဝယ္ပါ။

ကိုယ့္ဆံပင္နဲ႔ အဆင္ေျပတဲ့ ေခါင္းဘီးကို ေ႐ြးခ်ယ္ ဝယ္ယူ သင့္ပါတယ္။ ၿပီးေတာ့ ေခါင္းကိုလည္း ဆံပင္ေရစိုေနတဲ့ အခ်ိန္မွာ မၿဖီးပါနဲ႔။ ဆံပင္ေျခာက္ေနတဲ့ အခ်ိန္မွသာ ၿဖီးေပးပါ။

၅။ ဓါတုပစၥည္းမပါတဲ့ ေခါင္းေလွ်ာ္ရည္ သုံးပါ။

Parabens, Sulphates, Silicone နဲ႔ SLS မပါတဲ့ ေခါင္းေလွ်ာ္ရည္ေတြကို သုံးေပးပါ။ သစ္ဥသစ္ဖုေတြနဲ႔ လုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္က အေကာင္းဆုံးပါပဲ ။

၆။ အစားအေသာက္ကိုလည္း ဂ႐ုစိုက္ပါ။

က်န္းမာသန္စြမ္းတဲ့ ဆံေကသာရရွိ ပိုင္ဆိုင္ေစဖို႔အတြက္ အစားအေသာက္ကိုလည္း အဟာရ ညီၫႊတ္မွ်တစြာ စားေပးပါ။ လတ္ဆတ္တဲ့ အသီးအ႐ြက္၊ ငါး ႏြားႏို႔ အခြံမာသီးေတြ စားေပးသင့္ပါတယ္။ သေရစာ အျမန္စားအစားအစာေတြ ေရွာင္ပါ။

၇။ ေခါင္းေန႔တိုင္း မေလွ်ာ္ပါနဲ႔။

ေခါင္းေန႔တိုင္း ေလွ်ာ္တာ ေခါင္းပုံမွန္ ေလွ်ာ္တာဟာလည္း ဆံေကသာကို ပ်က္ဆီးေစပါတယ္။ ဥပမာ ၂ ရက္ျခား တစ္ခါ ေလွ်ာ္တာမ်ိဳးမဟုတ္ဘဲ ၂ ရက္ေန ၁ ခါ ၃ ရက္ေန ၁ ခါ ေလွ်ာ္ေပးပါ။

Credit