Health Knowledge ကျန်းမာရေး ဗဟုသုတ

ပါးစပ်ဟပြီး အိပ်တတ်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ပါးစပ်ဟပြီး အိပ်တတ်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ညက အိပ်ရေးမဝတာကြောင့် ကားပေါ်မှာ၊ အလုပ်စားပွဲမှာ အိပ်ငိုက်ရင်းက ပါးစပ်ဟပြီး အိပ်ပျော်သွားတာမျိုး ဖြစ်ဖူးပါသလား။ ဒါမှမဟုတ် ညဘက်အိပ်တိုင်း မှာ ပါးစပ်ဟပြီး အိပ်တတ်သူတစ်ယောက် ဖြစ်နေပါသလား။ ပါးစပ်ဟပြီး အိပ်တတ် တာကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးကို အောက်ပါထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

သွားကြွေလွှာ ပျက်စီးနိုင်ခြေ များတယ်

ဆိုဒါနဲ့ အမြှုပ်ထွက်တဲ့ အချိုရည် တွေက သွားအရောင်ကို စွန်းထင်းစေသ လိုပဲ ပါးစပ်ဟပြီး အိပ်တာကြောင့် သွား တွေကို ထိခိုက်နိုင်ပါတယ်။ ပါးစပ်ဟပြီး အိပ်တာကြောင့် လေတွေ ပါးစပ်ကနေ ဝင်လာပြီး တံတွေးတွေကို ဖယ်ရှားလိုက် ပါတယ်။

တံတွေးက ပါးစပ်ထဲမှာ သွား ချေးတွေ မကပ်အောင် ကာကွယ်ပေးတာ ကြောင့် တံတွေးနည်းသွားတဲ့အခါ သွား ချေးတွေ စုပုံလာစေပါတယ်။ ဒီလိုစုပုံလာ တဲ့အခါ မဖိတ်ခေါ်ဘဲ ဗက်တီးရီးယားပိုး တွေ များလာစေပါတယ်။ ဒီလိုတွေ ကြောင့် ပါးစပ်ဟပြီး အိပ်တတ်သူတွေမှာ သွားကြွေလွှာ ပျက်စီးပြီး သွားကျိုးနိုင်ခြေ များရတာ ဖြစ်ပါတယ်။

မောပန်းနွမ်းနယ်နေတယ်

ပါးစပ်ဟပြီး အိပ်သူတွေက ပါးစပ် နဲ့ အသက်ရှူကြပါတယ်။ ပါးစပ်နဲ့ အသက်ရှူတာက နှာခေါင်းနဲ့ အသက်ရှူ တာထက် အဆုတ်ဆီကို အောက်ဆီဂျင် ရရှိမှုနည်းစေပါတယ်။ ခန္ဓာကိုယ်က အောက်ဆီဂျင်ရရှိမှုနည်းတဲ့အခါ တစ် နေ့တာလုံး မောပန်းနွမ်းနယ်နေတာမျိုး ခံစားရတတ်ပါတယ်။

အနေအထားတွေ ပြောင်းလဲတတ်တယ်

ပါးစပ်နဲ့ အသက်ရှူတဲ့အခါ နှုတ် ခမ်းနဲ့ လျှာအပေါ်မှာလည်း သက်ရောက် မှုဖြစ်စေပါတယ်။ ပါးစပ်နဲ့အသက်ရှူ တဲ့သူတွေမှာ ထူးခြားတဲ့လက္ခဏာတွေက သွားတွေကျပ်နေတာ၊ နှာခေါင်းပေါက် ကျယ်နေတာနဲ့ မျက်နှာတိုနေသူတွေ ဖြစ် နေတတ်ပါတယ်။

နှုတ်ခမ်းခြောက်တတ်တယ်

အိပ်တဲ့အခါ ပါးစပ်ဟပြီး အသက် ရှူတာကြောင့် အိပ်ရာက နိုးလာတဲ့အခါ နှုတ်ခမ်းတွေ ခြောက်နေတတ်ပါတယ်။ ပါးစပ်ထဲမှာရှိတဲ့ အရည်ဓာတ်တွေ ခြောက်သွားတာကြောင့် နှုတ်ခမ်းခြောက် ပြီး အဖတ်လန်တာတွေ ဖြစ်လာရတာပါ။ ဒါ့အပြင် အစာမျိုချရာမှာလည်း ပုံမမှန် တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ခံတွင်းနံ့ နံစေတယ်

ပါးစပ်ဟပြီး အိပ်တတ်သူတွေမှာ ခံတွင်းကို သန့်ရှင်းပေးတဲ့ တံတွေးတွေ အထွက်နည်းတာကြောင့် ခံတွင်းနံ့ဆိုး ဖြစ်စေပါတယ်။

ဘာလုပ်သင့်သလဲ

ပါးစပ်နဲ့အသက်ရှူတာကို ကုသနိုင် တာနဲ့ပတ်သက်ပြီး အချက်နှစ်ချက်ပေါ် မူတည်ပါတယ်။ ညအိပ်ချိန်မှာ ပါးစပ်နဲ့ အသက်ရှူသူတွေရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ အဝ လွန်သူတွေမှာ အသက်ရှူရ ပုံမှန်မဖြစ် တာတွေ ဖြစ်နိုင်လို့ပါ။

Credit- ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

ပါးစပ္ဟၿပီး အိပ္တတ္တာေၾကာင့္ ဘာေတြျဖစ္လာနိုင္လဲ

ညက အိပ္ေရးမဝတာေၾကာင့္ ကားေပၚမွာ၊ အလုပ္စားပြဲမွာ အိပ္ငိုက္ရင္းက ပါးစပ္ဟၿပီး အိပ္ေပ်ာ္သြားတာမ်ိဳး ျဖစ္ဖူးပါသလား။ ဒါမွမဟုတ္ ညဘက္အိပ္တိုင္း မွာ ပါးစပ္ဟၿပီး အိပ္တတ္သူတစ္ေယာက္ ျဖစ္ေနပါသလား။ ပါးစပ္ဟၿပီး အိပ္တတ္ တာေၾကာင့္ သြားနဲ႔ခံတြင္းက်န္းမာေရးကို ေအာက္ပါထိခိုက္မႈေတြ ျဖစ္ေစနိုင္ပါတယ္။

သြားေႂကြလႊာ ပ်က္စီးနိုင္ေၿခ မ်ားတယ္

ဆိုဒါနဲ႔ အျမႇုပ္ထြက္တဲ့ အခ်ိဳရည္ ေတြက သြားအေရာင္ကို စြန္းထင္းေစသ လိုပဲ ပါးစပ္ဟၿပီး အိပ္တာေၾကာင့္ သြား ေတြကို ထိခိုက္နိုင္ပါတယ္။ ပါးစပ္ဟၿပီး အိပ္တာေၾကာင့္ ေလေတြ ပါးစပ္ကေန ဝင္လာၿပီး တံေတြးေတြကို ဖယ္ရွားလိုက္ ပါတယ္။

တံေတြးက ပါးစပ္ထဲမွာ သြား ေခ်းေတြ မကပ္ေအာင္ ကာကြယ္ေပးတာ ေၾကာင့္ တံေတြးနည္းသြားတဲ့အခါ သြား ေခ်းေတြ စုပုံလာေစပါတယ္။ ဒီလိုစုပုံလာ တဲ့အခါ မဖိတ္ေခၚဘဲ ဗက္တီးရီးယားပိုး ေတြ မ်ားလာေစပါတယ္။ ဒီလိုေတြ ေၾကာင့္ ပါးစပ္ဟၿပီး အိပ္တတ္သူေတြမွာ သြားေႂကြလႊာ ပ်က္စီးၿပီး သြားက်ိဳးနိုင္ေၿခ မ်ားရတာ ျဖစ္ပါတယ္။

ေမာပန္းႏြမ္းနယ္ေနတယ္

ပါးစပ္ဟၿပီး အိပ္သူေတြက ပါးစပ္ နဲ႔ အသက္ရႉၾကပါတယ္။ ပါးစပ္နဲ႔ အသက္ရႉတာက ႏွာေခါင္းနဲ႔ အသက္ရႉ တာထက္ အဆုတ္ဆီကို ေအာက္ဆီဂ်င္ ရရွိမႈနည္းေစပါတယ္။ ခႏၶာကိုယ္က ေအာက္ဆီဂ်င္ရရွိမႈနည္းတဲ့အခါ တစ္ ေန႔တာလုံး ေမာပန္းႏြမ္းနယ္ေနတာမ်ိဳး ခံစားရတတ္ပါတယ္။

အေနအထားေတြ ေျပာင္းလဲတတ္တယ္

ပါးစပ္နဲ႔ အသက္ရႉတဲ့အခါ ႏႈတ္ ခမ္းနဲ႔ လၽွာအေပၚမွာလည္း သက္ေရာက္ မႈျဖစ္ေစပါတယ္။ ပါးစပ္နဲ႔အသက္ရႉ တဲ့သူေတြမွာ ထူးျခားတဲ့လကၡဏာေတြက သြားေတြက်ပ္ေနတာ၊ ႏွာေခါင္းေပါက္ က်ယ္ေနတာနဲ႔ မ်က္ႏွာတိုေနသူေတြ ျဖစ္ ေနတတ္ပါတယ္။

ႏႈတ္ခမ္းေျခာက္တတ္တယ္

အိပ္တဲ့အခါ ပါးစပ္ဟၿပီး အသက္ ရႉတာေၾကာင့္ အိပ္ရာက နိုးလာတဲ့အခါ ႏႈတ္ခမ္းေတြ ေျခာက္ေနတတ္ပါတယ္။ ပါးစပ္ထဲမွာရွိတဲ့ အရည္ဓာတ္ေတြ ေျခာက္သြားတာေၾကာင့္ ႏႈတ္ခမ္းေျခာက္ ၿပီး အဖတ္လန္တာေတြ ျဖစ္လာရတာပါ။ ဒါ့အျပင္ အစာမ်ိဳခ်ရာမွာလည္း ပုံမမွန္ တာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။

ခံတြင္းနံ့ နံေစတယ္

ပါးစပ္ဟၿပီး အိပ္တတ္သူေတြမွာ ခံတြင္းကို သန႔္ရွင္းေပးတဲ့ တံေတြးေတြ အထြက္နည္းတာေၾကာင့္ ခံတြင္းနံ့ဆိုး ျဖစ္ေစပါတယ္။

ဘာလုပ္သင့္သလဲ

ပါးစပ္နဲ႔အသက္ရႉတာကို ကုသနိုင္ တာနဲ႔ပတ္သက္ၿပီး အခ်က္ႏွစ္ခ်က္ေပၚ မူတည္ပါတယ္။ ညအိပ္ခ်ိန္မွာ ပါးစပ္နဲ႔ အသက္ရႉသူေတြရဲ့ ကိုယ္အေလးခ်ိန္ကို ပုံမွန္ျဖစ္ေအာင္ လုပ္ဖို႔ လိုပါတယ္။ အဝ လြန္သူေတြမွာ အသက္ရႉရ ပုံမွန္မျဖစ္ တာေတြ ျဖစ္နိုင္လို႔ပါ။

Credit- ဇာျခည္ဝင္း (ေဆးဝါးတကၠသိုလ္)