Knowledge Sharing Local News ဗဟုသုတ

သူရဲကောင်းတွေနေတဲ့မင်းတပ်မြို့ကလေးအကြောင်း

သူရဲကောင်းတွေနေတဲ့မင်းတပ်မြို့ကလေးအကြောင်း
~~~~~~~~~~~~~~~~~~~~~~
အင်္ဂလိပ်အစိုးရမင်းများ ယာယီတဲစခန်းအဖြစ် တည်းခိုခဲ့သောနေရာဖြစ်သဖြင့် မင်းတပ်မြို့ကို ယခင်က မင်းတဲမြို့ဟုခေါ်ဆိုခဲ့သည်။ နှစ်ကာလကြာသောအခါ မင်းတဲမြို့မှ မင်းတပ်မြို့ဖြစ်လာခဲ့သည်။

ချင်းရေးရာဝန်ကြီး၏ ၁၉၆၀ ခုနှစ် မေလ ၂၀ ရက်နေ့ပါ အမိန့်ဖြင့် မင်းတပ်မြို့အဖြစ် သတ်မှတ်ခဲ့သည်။[၄]မင်းတပ်မြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ ခုနှင့် ကျေးရွာပေါင်း ၄၉၇ ရွာ ပါဝင်သည်။[၅]

ပထဝီဝင်အနေအထား
~~~~~~~~~
မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၉ မိနစ်နှင့် ၂၁ ဒီဂရီ ၄၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၃ မိနစ်နှင့် ၉၄ ဒီဂရီ ၁၆ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက်သို့ ၃၇ မိုင်ရှိပြီး ၁၂၁၉.၈၆ စတုရန်းမိုင် ကျယ်ဝန်းသည်။[၄]

နယ်နိမိတ်
~~~~
မင်းတပ်မြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်၊ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ်၊ အနောက်ဘက်တွင် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်၊ မြောက်ဘက်တွင် မတူပီမြို့နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်
ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၆၀ ပေအထက်တွင် တည်ရှိသည်။ တောင်ထူထပ်၍ အမြဲစိမ်းသစ်တောများပေါက်ရောက်ကာ မြေပြန့်လွင်ပြင် နည်းပါးသည်။ မုန်းချောင်း၊ ယောချောင်းနှင့် ချီချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်းနေသည်။

လူဦးရေ
~~~~
မင်းတပ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။မင်းတပ်နယ်တွင် ရွာကြီး ၁၆ဝ ကျော်ရှိ၍ တိုက်နယ်ပေါင်း (၁၃)နယ်ရှိပြီးလျှင် လူဦးရေ ၃ဝ,ဝဝဝ ခန့်ရှိသည်။

မင်းတပ်မြို့သည် ပခုက္ကူခရိုင် ဆောမြို့နယ်အတွင်းရှိ ကျောက်ထု လေယာဉ်ကွင်း၏ အနောက်မြောက်ဘက် ၁၈ မိုင် ၄ ဖာလုံကွာဝေး၍ အမြင့်ပေ ၄,၆ဝဝ ကျော်ခန့်ရှိ ကုန်းမြင့်လွင်ပြင်ပေါ်တွင် တည်ရှိသည်။

မြို့၏ အကျယ်အဝန်းမှာ ၂ စတုရန်းမိုင်ခန့်ရှိ၍ လူဦးရေ ၂,ဝဝဝ ကျော်ခန့် နေထိုင်သည်။ မြို့တွင် နေထိုင်သူတို့မှာ ချင်းလူမျိုးနှင့် မြန်မာလူမျိုးသာများ၍ အများအားဖြင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသည်။ သို့သော် မြို့နေလူဦးရေ ၄ ပုံ ၁ ပုံ ခန့်သည် ခရစ်ယာန် အယူဝါဒီများ ဖြစ်သည်။

စီးပွားရေး
~~~~
မင်းတပ်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။

မြို့နယ်၏ အဓိကထွက်ကုန်မှာ ဝဥနှင့် လက်ဖက်ဖြစ်ပြီး ပခုက္ကူနှင့် မန္တလေးဒေသများသို့ အများဆုံးတင်ပို့ရောင်းချသည်။ ထိုဒေသများမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြန်လည်တင်သွင်းသည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၉ ခုတည်ရှိသည်။

မင်းတပ်မြို့နယ်သည် ပခုက္ကူနှင့် မန္တလေးမြို့များသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။

ပညာရေး
~~~~~
အထက်တန်းကျောင်း ၄ကျောင်းရှိသည်။
အထက ၁
အထက ၂
အထက ၃
အထက မကွီအိမ်နူး
အထက(ခွဲ)/အလက ပြင်ဆင်
အလက (ထ(ခွဲ)) ရမ်ပန်း
အလက (ထ(ခွဲ)) လုပ်ရှဲ
အလက (ထ(ခွဲ)) အောက်ချိုင်
အလက (ထ(ခွဲ)) တပ်မြေ
အလက (ထ(ခွဲ)) ဝမ္မသူး
အလက (ထ(ခွဲ)) အုံ
အလက ကီးသာ
အလက ရို
အလက ကင်းလှိ
အလက ဒုတ်
အလက ကြာလေလှိုင်း
အလက ကြုတ်ဟောင်း
အလက ချပ်
အလက မဒပ်
အလက ထားအိမ်နူး
အလက ဝေးလောင်း
အလက ဟီးလောင်း
အမက ပြင်ဆင်
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၄ကျောင်းရှိသည်။

ကျန်းမာရေရေး
~~~~~~~
ခရိုင်ပြည်သူ့ဆေးရုံကြီး
ဝမ္မတူး တိုက်နယ်ဆေးရုံ
မကွီအိမ်နူး တိုက်နယ်ဆေးရုံ

သမိုင်းကြောင်း
~~~~~~
မင်းတပ်မြို့ တည်ရာနေရာတွင် ရှေးမြန်မာမင်းများ လက်ထက်ဝယ် လူနေအိမ်ခြေ မရှိခဲ့ချေ။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင်မူ နယ်စွန်နယ်ဖျား ငြိမ်ဝပ်ပိပြား သာယာစိမ့်သောငှာ သက်ဆိုင်ရာ ဘုရင့်မြို့ဝန်များနှင့် ချင်းခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရာနှင့် အခွန်ဘဏ္ဍာတော်များ ဆက်သရာ စခန်းမျှသာဖြစ်ခဲ့သည်။

သီပေါမင်းပါတော်မူပြီးနောက် တိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ် ချင်းလူမျိုးများသည် နယ်ချဲ့ အင်္ဂလိပ်တို့အား ပြည်မသို့ဆင်း၍တစ်ဖုံ၊ ချင်းတောင်အတွင်း၌ တစ်မျိုး၊ နည်းအမျိုးမျိုးတို့ဖြင့် အင်္ဂလိပ်တပ်များ သုံးကြိမ်တိုင်တိုင် ဆုတ်ခွာရသည်အထိ တိုက်ပွဲများဆင်နွှဲခဲ့ကြ ၏။

သို့သော်လည်း နောက်ဆုံး ပြည်မကြီး တစ်ခုလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်သောအခါ အားမတန်၍ မာန်လျှော့ရသော ချင်းခေါင်းဆောင်များနှင့် အင်္ဂလိပ်တို့ စစ်ပြေငြိမ်းရာ ဒေသဖြစ်ခဲ့၏။ အင်္ဂလိပ်တို့ ချင်းတောင်ကို သိမ်းပိုက်ပြီးနောက် ယခု မင်းတပ် တည်ရာနေရာတွင် အိမ်ခြေအနည်းငယ်ဖြင့် ရွာကလေးတည်ဟန်ရှိသည်။

အင်္ဂလိပ်ခေတ်တွင် မင်းတပ်သည် ပခုက္ကူတောင်တန်းခရိုင်ဝန်လက်အောက်တွင် ရှိခဲ့သည်။ မင်းတပ်တွင် ရဲကင်းတပ်သားထားရှိ၍ ရဲသားများသာ နေထိုင်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် အင်္ဂလိပ်တို့ ပြန်ဝင်လာပြီးနောက် ကန်ပက်လက်၌ ချက်ချင်း နယ်ပိုင်ရုံးမစိုက်သေးဘဲ မင်းတပ်မြို့၌ပင် နယ်ပိုင်ရုံးစိုက်ခဲ့သည်။

ဤသည်မှစ၍ မင်းတပ်မြို့သည် နယ်ပိုင်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့သည်။ တစ်ဖန် မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်၍ လွတ်လပ်ရေးရရှိပြီး နောက်လည်း ဆက်လက်၍ မင်းတပ်မြို့တွင် နယ်ပိုင်ရုံးစိုက်စေခဲ့သည်။ ထိုအခါမှစ၍ လူနေအိမ်ခြေနှင့်တကွ လူဦးရေပါ တိုးတက်လာခဲ့သည်။

၁၉၅၈ ခုနှစ် ဩဂုတ်လအတွင်း တောင်ပိုင်းချင်းတောင် ခရိုင်ဝန်ရုံးကို မင်းတပ်မြို့သို့ ရွှေ့ပြောင်းစေခဲ့သောကြောင့် ယခုအခါ မင်းတပ်မြို့သည် ခရိုင်ဝန်ရုံး စိုက်ရာမြို့ ဖြစ်နေပေပြီ။

မင်းတပ်ဟူသော အမည်၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ ဝိဝါဒကွဲလျက်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မင်းတုန်းမင်းနှင့် သီပေါမင်းများလက်ထက်တွင် သက်ဆိုင်ရာ မြို့ဝန်များနှင့် ချင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာနှင့် အခွန်ဘဏ္ဍာတော်များဆက်ရာ စခန်းအဖြစ် တည်ရှိခဲ့စဉ်က မြို့ဝန်များ ခေတ္တတည်းခိုရန် ဆောက်လုပ်ထားသော မင်းတဲကို အစွဲပြု၍ မင်းတဲစခန်းဟု ခေါ်ဝေါ်သည်။

ထိုပြင် ဤစခန်းသို့ ဘုရင့်ကိုယ်စားလှယ်တော်ကြီးများ တက်လာသည်ကို အစွဲပြု၍ မင်းတက်စခန်းဟုလည်း ခေါ်သည်။ မြန်မာသံ ‘တက်’ ကို ယောသံ’တပ်’ ဟု အသံထွက်သောကြောင့် ယောသံသို့ လိုက်၍ ‘မင်းတက်’ မှ ‘မင်းတပ်’ ဖြစ်လာသည်ဟု ဆိုကြသည်။ တစ်ချို့ကလည်း အင်္ဂလိပ်စစ်တပ်များ ပထမဆုံးတပ်စခန်းချ နေရာဖြစ်၍ မင်းတပ် ဟု ခေါ်သည်ဟုလည်း ဆိုကြသည်။

Crd.original writer