သရက်သီးရဲ့ အကျိုးအာနိသင်များ
ကဲ ခုချိန်ကသရက်သီးပေါတဲ့ ရာသီဆိုတော့ သရက်သီးရဲ့ အကျိုးအာနိသင်လေးတွေဖော်ပြပေးလိုက်ပါတယ်နော်
“အသီးမှာ သရက်(King of fruits)”လို့ ဆိုးရိုးစကား ရှိပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ သရက်သီး မျိုးစိတ်ပေါင်းများစွာ ရှင်သန်ပေါက်ရောက်ပြီး လူမျိုးစုများစွာကလည်း သရက်သီးကို မြိန်ရေရှက်ရေ စားသုံးကြပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာ၊အောင်ဒင်၊နတ်တဲ့၊ သုံးလုံးတစ်တောင် အစရှိတဲ့ သရက်သီး မျိုးစိတ်ပေါင်းများစွာ ရှင်သန်ပေါက်ရောက် ပါတယ်။
သရက်သီးမှည့်မှာ ဘီတာမင် အမျိုးနှစ်ဆယ်ကျော်နှင့် သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းများ၊ အမျှင်ဓာတ်နှင့် ရေဓာတ်များစွာပါဝင်လို့ သရက်သီးမှည့်ကို စားသုံးခြင်းအားဖြင့် အောက်ပါ ကျန်းမာရေးအကျိုးကျေး ဇူးတွေ ရရှိနိုင်ပါတယ်။
၁။ အမြင်အာရုံပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း
သဘာဝအရ အသက်ကြီးလာနဲ့အမျှ လူ့ခန္ဓာကိုယ်က ပျက်စီးယိုယွင်းလာပါတယ်။ ပျက်စီးယိုယွင်းလာတဲ့ အထဲမှာ မြင်လွှာ(မျက်လုံးအိမ်အနောက်ဘက်ရှိ အမြှေးပါး) လည်း ပါပါတယ်။သရက်သီးမှာ ပါတဲ့ Zeaxanthin ဆို တဲ့ ဒြပ်ပေါင်းက မြင်လွှာကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပါတယ်။
သရက်သီးမှာ ဘီတာမင်အေ Vit A အများအပြား ပါဝင်ပါသေးတယ်။ သရက်သီးကို ပုံမှန်စားသုံးခြင်းအားဖြင့် အမြင်အာရုံ ပျက်စီးယိုယွင်းတာ၊ ကြက်မျက်သင့်ရောဂါနဲ့ မျက်ကြည်လွှာခြောက်သွေ့ပျက်စီးတာတွေကနေ ကာကွယ်ပေးပါတယ်။
၂။ ပန်းနာရင်ကြပ်သမားတွေနေ့စဉ်မှီဝဲသင့်
သရက်သီးမှာ Betacarotene များစွာ ပါဝင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ သည်တွေသာ Betacarotene ဓာတ်ပါတဲ့ အစားအစာတွေ နေ့စဉ်စားသုံးရင် ရင်ကြပ်ရောဂါဖြစ်ပွားနှုန်း လျော့ကျနိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
၃။ အရိုးကို သန်မာစေ
ဘီတာမင်ကေ ဓာတ်ချို့တဲ့သူတွေနဲ့ အရိုးကျိုးလွယ်တာက များစွာဆက်စပ် နေပါတယ်။ သရက်သီးမှာ ဘီတာမင်ကေ များစွာ ပါဝင်လို့ အရိုးကို သန်မာစေပါတယ်။ ဘီတာမင်ကေက ကယ်ဆီယမ် စုပ်ယူမှုကို အားပေးပါတယ်။
၄။ မှတ်ဥာဏ်ကောင်းပြီး အာရုံစူးစိုက်မှုရစေ
သရက်သီးမှာပါတဲ့ ပရိုတင်းတစ်မျိုး (Glutamin acid)ကြောင့် ဦးနှောက်နဲ့အာရုံကြောကို အားတိုးစေပြီး မှတ်ဥာဏ်ကောင်းကာ အာရုံစူးစိုက်မှု မြင့်မားစေပါတယ်။
၅။ ကင်ဆာဖြစ်ပွားနှုန်းကိုလျော့ချနိုင်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါတဲ့ သစ်သီးဝလံအားလုံးက ကင်ဆာဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။ သရက်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ( Antioxidant_Gallic acid, Fisetin, quercetin, isoquercitrin, astragalin, methylgallat)ကြောင့် ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊အူလမ်းကြောင်းကင် ဆာ၊ သွေးကင်ဆာ ဖြစ်ပွားနှုန်းတွေ လျော့ကျစေနိုင်တယ်လို့ Harvard school of Public Health`s Department of Nutrition ရဲ့လေ့လာမှုအရ သိရပါတယ်။
၆။ သရက်သီး အနည်းငယ်စားသုံးခြင်းက ဆီးချိုထိန်းညှိပေးနိုင်
သရက်သီးမှည့်ကို ဆီးချိုသမားတွေ စားလို့ ရ မရ ကို ဆေးပညာရှင်တွေ ငြင်းခုန်နေကြဆဲပါပဲ။ တစ်နေ့ သရက်သီး မှည့် တစ်လုံး၊ နှစ်လုံး စားခြင်းက သွေးထဲက အင်ဆူလင်နဲ့ သကြားဓာတ်ကို သဟဇာတ ဖြစ်စေပါတယ်။ ဆီးချိုပမာဏ ထိန်းထားနိုင်ရင် စားလို့ရပါတယ်။တန်ဆေးလွန်ဘေးဆိုသလို ဆီးချိုသမားများက သရက်သီးကို အလွန်အကျွံ မစားရပါဘူး။ဆီးချိုတက်နေချိန် မစားသင့်ပါ။
၇/၈။၀မ်းချုပ်ခြင်းမှကာကွယ်ပြီး အလေးချိန်ကျစေ
သရက်သီးမှည့်မှာပါဝင်တဲ့ အမျှင်ဓာတ်(fibers)နဲ့ ရေဓာတ်တွေက အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုကို အားပေးပြီး ၀မ်းချုပ်ခြင်းမှာ ကာကွယ်တားဆီးပေးပါတယ်။ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားဖို့ ကယ်လိုရီ များစွာ အသုံးပြုခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်ပါတယ်။
၉။ နွေရာသီရဲ့အပူကို သရက်သီးဖျော်ရည်နဲ့ အန်တုပါ။
နွေရာသီရဲ့ ပူပြင်းမှုကြောင့် ခန္ဓာကိုယ်က ရေဓာတ်များစွာ ဆုံးရှုံးပြီး Heat stroke ရကာ အသက်သေဆုံးတဲ့ အထိ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ် အပူချိန် မလွန်စေဖို့ သရက်သီးဖျော်ရည်က သင့်ကို ကူညီနိုင်ပါတယ်။ သရက်သီး၊ပျားရည်နဲ့ ရေကို ရောဖျော်ကာ သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါလိမ့်မယ်။
၁၀။ စိုပြည်ဝါဝင်းပြီး ၀က်ခြံကင်းတဲ့မျက်နှာ
သရက်သီးကို စားသုံးခြင်းအားဖြင့် အသားရေကို စိုပြည်စေပါတယ်။ သရက်သီးကို အစိတ်ငယ်လေးတွေ လှီးကာ မျက်နှာပေါ် ပေါင်းတင်နိုင်ပါတယ်။ ၁၅မိနစ်ခန့် မျက်နှာပေါ်တင်ပြီး မျက်နှာသစ်ပါ။ မျက်နှာပေါ်က ချွေးပေါက်ကို ကျဉ်းစေပြီး ၀က်ခြံထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
၁၁။ ပိတုန်းရောင်ဆံကေသာ
သရက်သီးမှာပါတဲ့ Vit C,collagen တွေက ဆံကေသာကို ခွန်အားပေးပြီး နက်မှောင် သန်စွမ်းကာ နူးညံ့ပျော့ပျောင်း စေပါတယ်။
၁၂။ အမျိုးသားများအတွက် သတင်းကောင်း
သရက်သီးကို အနောက်နိုင်ငံတချို့မှာ Love fruitလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သရက်သီးမှာပါတဲ့ ဒြပ်ပေါင်းတွေက လင်နဲ့မယားကြား ကာမစိတ်ဆန္ဒဖြစ်ပေါ်မှုကို အားပေးပြီး အမျိုးသားများကိုလည်း အမြင့်ဆုံးသော ကာမစွမ်းဆောင်မှုကို ရရှိစေတယ်လို့ ဆိုပါတယ်။
၁၃။ ကိုယ်ခံအားကိုမြင့်မားစေ
သရက်သီးမှာပါတဲ့ ဘီတာမင်အမျိုး၂၀ကျော်နဲ့ သတ္တုဓာတ်တွေကြောင့် ကိုယ်ခံအားကို မြင့်မားစေပြီး ရောဂါ မျိုးစုံဝင်ရောက်ခြင်းမှ ကာကွယ်တားဆီး ပေးပါတယ်။
၁၄။ ပန်းနုရောင်နှုတ်ခမ်းပိုင်ရှင်
သရက်သီးမှာပါတဲ့ သံဓာတ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သွေးဆုံးပြီး အမျိုးသမီးများနဲ့ သွေး အားနည်းရောဂါသည်တွေက သရက်သီးကို ပုံမှန်စားသုံးသင့် ပါတယ်။ သွေးအားပြည့်ဝနေရင် သင့်ရဲ့ နှုတ်ခမ်းလေး က ပန်းနုရောင်လေးပြေးနေမှာ အသေချာပါ။
၁၅။ ဆီးကျောက်အန္တရာယ်မှကင်းဝေစေ
သရက်သီး ပုံမှန်စားသုံးရင် ဆီးကျောက်တည်ခြင်းမှ ကင်းဝေးတယ်လို့ တရုတ်ဆေးပညာရှင်တွေက ဆိုပါတယ်။
၁၆။ ငွေကုန်သက်သာစွာ အိမ်မှာပဲ ပေါင်းတင်ပါ
သရက်သီး၊ ပျားရည်၊ နို့တွေရောကြိတ်ပြီး ခန္ဓာကိုယ်အနှံ့ ပေါင်းတင်နိုင်ပါတယ်။ ငွေကုန်ကြေးကျ သက်သာ စွာ မိမိအိမ်မှာပဲ ပေါင်းတင် နိုင်ပါတယ်။
“သတိပြုရန်”
တန်ဆေးလွန်ဘေးဆိုသလို သရက်သီးမှည့်တွေကို အလွန်အကျွံ စားသုံးရင်
၁။အ၀လွန်ခြင်း(သရက်သီးမှည့်မှာ သကြားဓာတ်များစွာပါလို့ပါ)
၂။ဆီးချိုတက်ခြင်းနဲ့
၃။ယင်နားထားတဲ့သရက်သီး၊မသန့်ရှင်းသောလက်နဲ့ကိုင်ထားတဲ့ သရက်သီးတွေစားမိရင် ၀မ်းလျှောခြင်းတွေ ဖြစ်နိုင်ပါတယ်။
၄။ရေမဆေးဘဲစားရင် သရက်သီးအ ပူလောင်ပြီး ပါးစပ်တစ်ဝိုက်မှာ အရေပြား ရောင်ရမ်းနာ ရတတ်ပါတယ်
၅။ သရက်သီးနဲ့ ဓာတ် မတည့်ခြင်းကို လူအနည်းငယ်မှာ ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ ဓာတ်မတည့်သော လက္ခဏာများ ချွေးစေးပြန်လာခြင်း။ အသက်ရှူနှုန်း နှလုံးခုန်နှုန်းမြန်လာခြင်း။ ဗိုက်အောင့်လာခြင်း။ သတိလစ်မေ့မြောခြင်း။
အထက်ပါကောင်းကျိုးများနဲ့ ဆိုးကျိုး အနည်းငယ်ကို မှတ်သားကာ နွေရာသီရဲ့ အပူချိန်ကို သရက်သီး စားသုံးပြီး အန်တုဖို့ တိုက်တွန်းလိုက်ပါတယ်
Credit
Health updates journal
Zawgyi
သရက္သီးရဲ႕ အက်ိဳးအာနိသင္မ်ား
ကဲ ခုခ်ိန္ကသရက္သီးေပါတဲ့ ရာသီဆိုေတာ့ သရက္သီးရဲ႕ အက်ိဳးအာနိသင္ေလးေတြေဖာ္ျပေပးလိုက္ပါတယ္ေနာ္
“အသီးမွာ သရက္(King of fruits)”လို႔ ဆိုးရိုးစကား ရွိပါတယ္။ ကမာၻ႔ေနရာ အႏွံ႕အျပားမွာ သရက္သီး မ်ိဳးစိတ္ေပါင္းမ်ားစြာ ရွင္သန္ေပါက္ေရာက္ၿပီး လူမ်ိဳးစုမ်ားစြာကလည္း သရက္သီးကို ၿမိန္ေရရွက္ေရ စားသုံးၾကပါ တယ္။ ကြၽန္ေတာ္တို႔ ျမန္မာနိုင္ငံမွာ စိန္တလုံး၊ မခ်စ္စု၊ ေ႐ႊဟသၤာ၊ေအာင္ဒင္၊နတ္တဲ့၊ သုံးလုံးတစ္ေတာင္ အစရွိတဲ့ သရက္သီး မ်ိဳးစိတ္ေပါင္းမ်ားစြာ ရွင္သန္ေပါက္ေရာက္ ပါတယ္။
သရက္သီးမွည့္မွာ ဘီတာမင္ အမ်ိဳးႏွစ္ဆယ္ေက်ာ္ႏွင့္ သတၱဳဓာတ္မ်ား၊ ဓာတ္တိုးဆန႔္က်င္ျဒပ္ေပါင္းမ်ား၊ အမွ်င္ဓာတ္ႏွင့္ ေရဓာတ္မ်ားစြာပါဝင္လို႔ သရက္သီးမွည့္ကို စားသုံးျခင္းအားျဖင့္ ေအာက္ပါ က်န္းမာေရးအက်ိဳးေက်း ဇူးေတြ ရရွိနိုင္ပါတယ္။
၁။ အျမင္အာ႐ုံပ်က္စီးျခင္းမွ ကာကြယ္ေပးျခင္း
သဘာဝအရ အသက္ႀကီးလာနဲ႕အမွ် လူ႕ခႏၶာကိုယ္က ပ်က္စီးယိုယြင္းလာပါတယ္။ ပ်က္စီးယိုယြင္းလာတဲ့ အထဲမွာ ျမင္လႊာ(မ်က္လုံးအိမ္အေနာက္ဘက္ရွိ အျမႇေးပါး) လည္း ပါပါတယ္။သရက္သီးမွာ ပါတဲ့ Zeaxanthin ဆို တဲ့ ျဒပ္ေပါင္းက ျမင္လႊာကို ခရမ္းလြန္ေရာင္ျခည္မွ ကာကြယ္ေပးပါတယ္။
သရက္သီးမွာ ဘီတာမင္ေအ Vit A အမ်ားအျပား ပါဝင္ပါေသးတယ္။ သရက္သီးကို ပုံမွန္စားသုံးျခင္းအားျဖင့္ အျမင္အာ႐ုံ ပ်က္စီးယိုယြင္းတာ၊ ၾကက္မ်က္သင့္ေရာဂါနဲ႕ မ်က္ၾကည္လႊာေျခာက္ေသြ႕ပ်က္စီးတာေတြကေန ကာကြယ္ေပးပါတယ္။
၂။ ပန္းနာရင္ၾကပ္သမားေတြေန႕စဥ္မွီဝဲသင့္
သရက္သီးမွာ Betacarotene မ်ားစြာ ပါဝင္ပါတယ္။ ပန္းနာရင္ၾကပ္ေရာဂါ သည္ေတြသာ Betacarotene ဓာတ္ပါတဲ့ အစားအစာေတြ ေန႕စဥ္စားသုံးရင္ ရင္ၾကပ္ေရာဂါျဖစ္ပြားႏႈန္း ေလ်ာ့က်နိဳင္တယ္လို႔ ေဆးပညာရွင္ေတြက ဆိုပါတယ္။
၃။ အရိုးကို သန္မာေစ
ဘီတာမင္ေက ဓာတ္ခ်ိဳ႕တဲ့သူေတြနဲ႕ အရိုးက်ိဳးလြယ္တာက မ်ားစြာဆက္စပ္ ေနပါတယ္။ သရက္သီးမွာ ဘီတာမင္ေက မ်ားစြာ ပါဝင္လို႔ အရိုးကို သန္မာေစပါတယ္။ ဘီတာမင္ေကက ကယ္ဆီယမ္ စုပ္ယူမႈကို အားေပးပါတယ္။
၄။ မွတ္ဥာဏ္ေကာင္းၿပီး အာ႐ုံစူးစိုက္မႈရေစ
သရက္သီးမွာပါတဲ့ ပရိုတင္းတစ္မ်ိဳး (Glutamin acid)ေၾကာင့္ ဦးေႏွာက္နဲ႕အာ႐ုံေၾကာကို အားတိုးေစၿပီး မွတ္ဥာဏ္ေကာင္းကာ အာ႐ုံစူးစိုက္မႈ ျမင့္မားေစပါတယ္။
၅။ ကင္ဆာျဖစ္ပြားႏႈန္းကိုေလ်ာ့ခ်နိဳင္
ဓာတ္တိုးဆန႔္က်င္ပစၥည္းပါတဲ့ သစ္သီးဝလံအားလုံးက ကင္ဆာျဖစ္ပြားမႈကို ေလ်ာ့ခ်နိဳင္ပါတယ္။ သရက္သီးမွာပါတဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ား( Antioxidant_Gallic acid, Fisetin, quercetin, isoquercitrin, astragalin, methylgallat)ေၾကာင့္ ဆီးႀကိတ္ကင္ဆာ၊ ရင္သားကင္ဆာ၊အူလမ္းေၾကာင္းကင္ ဆာ၊ ေသြးကင္ဆာ ျဖစ္ပြားႏႈန္းေတြ ေလ်ာ့က်ေစနိုင္တယ္လို႔ Harvard school of Public Health`s Department of Nutrition ရဲ႕ေလ့လာမႈအရ သိရပါတယ္။
၆။ သရက္သီး အနည္းငယ္စားသုံးျခင္းက ဆီးခ်ိဳထိန္းညွိေပးနိုင္
သရက္သီးမွည့္ကို ဆီးခ်ိဳသမားေတြ စားလို႔ ရ မရ ကို ေဆးပညာရွင္ေတြ ျငင္းခုန္ေနၾကဆဲပါပဲ။ တစ္ေန႕ သရက္သီး မွည့္ တစ္လုံး၊ ႏွစ္လုံး စားျခင္းက ေသြးထဲက အင္ဆူလင္နဲ႕ သၾကားဓာတ္ကို သဟဇာတ ျဖစ္ေစပါတယ္။ ဆီးခ်ိဳပမာဏ ထိန္းထားနိုင္ရင္ စားလို႔ရပါတယ္။တန္ေဆးလြန္ေဘးဆိုသလို ဆီးခ်ိဳသမားမ်ားက သရက္သီးကို အလြန္အကြၽံ မစားရပါဘူး။ဆီးခ်ိဳတက္ေနခ်ိန္ မစားသင့္ပါ။
၇/၈။၀မ္းခ်ဳပ္ျခင္းမွကာကြယ္ၿပီး အေလးခ်ိန္က်ေစ
သရက္သီးမွည့္မွာပါဝင္တဲ့ အမွ်င္ဓာတ္(fibers)နဲ႕ ေရဓာတ္ေတြက အစာအိမ္အူလမ္းေၾကာင္းလႈပ္ရွားမႈကို အားေပးၿပီး ၀မ္းခ်ဳပ္ျခင္းမွာ ကာကြယ္တားဆီးေပးပါတယ္။ အစာအိမ္အူလမ္းေၾကာင္း လႈပ္ရွားဖို႔ ကယ္လိုရီ မ်ားစြာ အသုံးျပဳျခင္းအားျဖင့္ ခႏၶာကိုယ္ အေလးခ်ိန္ကို ေလ်ာ့ခ်နိဳင္ပါတယ္။
၉။ ေႏြရာသီရဲ႕အပူကို သရက္သီးေဖ်ာ္ရည္နဲ႕ အန္တုပါ။
ေႏြရာသီရဲ႕ ပူျပင္းမႈေၾကာင့္ ခႏၶာကိုယ္က ေရဓာတ္မ်ားစြာ ဆုံးရႈံးၿပီး Heat stroke ရကာ အသက္ေသဆုံးတဲ့ အထိ ျဖစ္တတ္ပါတယ္။ ခႏၶာကိုယ္ အပူခ်ိန္ မလြန္ေစဖို႔ သရက္သီးေဖ်ာ္ရည္က သင့္ကို ကူညီနိုင္ပါတယ္။ သရက္သီး၊ပ်ားရည္နဲ႕ ေရကို ေရာေဖ်ာ္ကာ ေသာက္သုံးျခင္းအားျဖင့္ ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ကို ထိန္းညွိေပးပါလိမ့္မယ္။
၁၀။ စိုျပည္ဝါဝင္းၿပီး ၀က္ၿခံကင္းတဲ့မ်က္ႏွာ
သရက္သီးကို စားသုံးျခင္းအားျဖင့္ အသားေရကို စိုျပည္ေစပါတယ္။ သရက္သီးကို အစိတ္ငယ္ေလးေတြ လွီးကာ မ်က္ႏွာေပၚ ေပါင္းတင္နိုင္ပါတယ္။ ၁၅မိနစ္ခန႔္ မ်က္ႏွာေပၚတင္ၿပီး မ်က္ႏွာသစ္ပါ။ မ်က္ႏွာေပၚက ေခြၽးေပါက္ကို က်ဥ္းေစၿပီး ၀က္ၿခံထြက္ျခင္းမွ ကာကြယ္ေပးပါတယ္။
၁၁။ ပိတုန္းေရာင္ဆံေကသာ
သရက္သီးမွာပါတဲ့ Vit C,collagen ေတြက ဆံေကသာကို ခြန္အားေပးၿပီး နက္ေမွာင္ သန္စြမ္းကာ ႏူးညံ့ေပ်ာ့ေပ်ာင္း ေစပါတယ္။
၁၂။ အမ်ိဳးသားမ်ားအတြက္ သတင္းေကာင္း
သရက္သီးကို အေနာက္နိုင္ငံတခ်ိဳ႕မွာ Love fruitလို႔ တင္စားေခၚေဝၚၾကပါတယ္။ သရက္သီးမွာပါတဲ့ ျဒပ္ေပါင္းေတြက လင္နဲ႕မယားၾကား ကာမစိတ္ဆႏၵျဖစ္ေပၚမႈကို အားေပးၿပီး အမ်ိဳးသားမ်ားကိုလည္း အျမင့္ဆုံးေသာ ကာမစြမ္းေဆာင္မႈကို ရရွိေစတယ္လို႔ ဆိုပါတယ္။
၁၃။ ကိုယ္ခံအားကိုျမင့္မားေစ
သရက္သီးမွာပါတဲ့ ဘီတာမင္အမ်ိဳး၂၀ေက်ာ္နဲ႕ သတၱဳဓာတ္ေတြေၾကာင့္ ကိုယ္ခံအားကို ျမင့္မားေစၿပီး ေရာဂါ မ်ိဳးစုံဝင္ေရာက္ျခင္းမွ ကာကြယ္တားဆီး ေပးပါတယ္။
၁၄။ ပန္းႏုေရာင္ႏႈတ္ခမ္းပိုင္ရွင္
သရက္သီးမွာပါတဲ့ သံဓာတ္ေၾကာင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား၊ ေသြးဆုံးၿပီး အမ်ိဳးသမီးမ်ားနဲ႕ ေသြး အားနည္းေရာဂါသည္ေတြက သရက္သီးကို ပုံမွန္စားသုံးသင့္ ပါတယ္။ ေသြးအားျပည့္ဝေနရင္ သင့္ရဲ႕ ႏႈတ္ခမ္းေလး က ပန္းႏုေရာင္ေလးေျပးေနမွာ အေသခ်ာပါ။
၁၅။ ဆီးေက်ာက္အႏၲရာယ္မွကင္းေဝေစ
သရက္သီး ပုံမွန္စားသုံးရင္ ဆီးေက်ာက္တည္ျခင္းမွ ကင္းေဝးတယ္လို႔ တ႐ုတ္ေဆးပညာရွင္ေတြက ဆိုပါတယ္။
၁၆။ ေငြကုန္သက္သာစြာ အိမ္မွာပဲ ေပါင္းတင္ပါ
သရက္သီး၊ ပ်ားရည္၊ နို႔ေတြေရာႀကိတ္ၿပီး ခႏၶာကိုယ္အႏွံ႕ ေပါင္းတင္နိုင္ပါတယ္။ ေငြကုန္ေၾကးက် သက္သာ စြာ မိမိအိမ္မွာပဲ ေပါင္းတင္ နိုင္ပါတယ္။
“သတိျပဳရန္”
တန္ေဆးလြန္ေဘးဆိုသလို သရက္သီးမွည့္ေတြကို အလြန္အကြၽံ စားသုံးရင္
၁။အ၀လြန္ျခင္း(သရက္သီးမွည့္မွာ သၾကားဓာတ္မ်ားစြာပါလို႔ပါ)
၂။ဆီးခ်ိဳတက္ျခင္းနဲ႕
၃။ယင္နားထားတဲ့သရက္သီး၊မသန႔္ရွင္းေသာလက္နဲ႕ကိုင္ထားတဲ့ သရက္သီးေတြစားမိရင္ ၀မ္းေလွ်ာျခင္းေတြ ျဖစ္နိုင္ပါတယ္။
၄။ေရမေဆးဘဲစားရင္ သရက္သီးအ ပူေလာင္ၿပီး ပါးစပ္တစ္ဝိုက္မွာ အေရျပား ေရာင္ရမ္းနာ ရတတ္ပါတယ္
၅။ သရက္သီးနဲ႕ ဓာတ္ မတည့္ျခင္းကို လူအနည္းငယ္မွာ ရွားရွားပါးပါး ေတြ႕ရတတ္ပါတယ္။ ဓာတ္မတည့္ေသာ လကၡဏာမ်ား ေခြၽးေစးျပန္လာျခင္း။ အသက္ရႉႏႈန္း ႏွလုံးခုန္ႏႈန္းျမန္လာျခင္း။ ဗိုက္ေအာင့္လာျခင္း။ သတိလစ္ေမ့ေျမာျခင္း။
အထက္ပါေကာင္းက်ိဳးမ်ားနဲ႕ ဆိုးက်ိဳး အနည္းငယ္ကို မွတ္သားကာ ေႏြရာသီရဲ႕ အပူခ်ိန္ကို သရက္သီး စားသုံးၿပီး အန္တုဖို႔ တိုက္တြန္းလိုက္ပါတယ္
Credit
Health updates journal