Health Knowledge ကျန်းမာရေး ဗဟုသုတ

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတက်ရင်

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတက်ရင်

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။ ကြုံဖူးတဲ့သူကို ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။

ဒါကို အထိုင်အထ မှာ သွေးပေါင်ကျတယ် postural hypotensionလို့ ခေါ်ပါတယ်။ ဆေးစကားနဲ့ ဆိုရင်တော့ orthostatic hypotensionပေါ့။ အတူတူပါပဲ။

တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ လေများဖြတ်တာလား၊ ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ ပြောပြပေးပါ့မယ်။

ဘာကြောင့် အထိုင်အထ မှာ မူးရတာလဲ။မတ်တပ်ရပ်နေတဲ့အချိန်မှာ သွေးတွေအကုန်လုံးက ခြေထောက်မှာ လာစုနေတဲ့အတွက် နှလုံးဆီကို သွေးကောင်းကောင်းမရောက်ပါဘူး။ ဒါကြောင့် သွေးပေါင်ကျသွားပါတယ်။

ဒါကိုသိတဲ့ နှလုံးနဲ့ လည်ပင်းသွေးကြောက ဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပြီး နှလုံးကို မြန်မြန် ညှစ်ခိုင်းတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းထားနိုင်တာပါ။

Orthostatic hypotensionမှာ ဒီဖြစ်စဉ်ပျက်ယွင်းသွားတဲ့အတွက် သွေးပေါင်ကျပြီး မူးလာတာပါ။ အကြောင်းရင်းတွေကတော့

ရေဓာတ်ခန်းခြောက်တာ

ဒီလို ပူတဲ့အချိန်မှာ ရေကို လုံလောက်အောင် မသောက်ဘူး။ ဝမ်းလျှောတာ၊ အန်တာ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမယ်ဆိုရင် ကိုယ်ထဲမှာ အရည်နည်းလာပြီး သွေးပေါင်ကျလာပါမယ်။

နှလုံးပြဿနာ

နှလုံးခုန်နှုန်းနှေးတာ၊ နှလုံးအဆို့ရှင်မကောင်းတာ၊ နှလုံးက ကောင်းကောင်း မညှစ်နိုင်တာ စတဲ့ ပြဿနာတွေမှာ သွေးပေါင်ကျတတ်ပါတယ်။ ဒီလိုအခြေအနေမှာ မတ်တပ်ရပ်လို့ သွေးပေါင်ကျသွားရင်တောင် ပြန်ဆွဲတင်ဖို့ မလွယ်ပါဘူး။

ဟော်မုန်း ပြဿနာ

သိုင်းရွိုက်ပြဿနာ၊ Addison ရောဂါ၊ သွေးချိုကျတာ စတာတွေက orthostatic hypotensionကို ဖြစ်စေပါတယ်။ ဆီးချိုသမားတွေကျတော့ အာရုံကြောမကောင်းတဲ့အတွက် သွေးပေါင်ချိန်ထိန်းဖို့ ဦးနှောက်ကို သတင်းကောင်းကောင်း မပို့နိုင်လို့ သွေးပေါင်ကျရတာပါ။

အာရုံကြောပြဿနာ

ပါကင်ဆန်လိုမျိုး အာရုံကြောရောဂါတွေမှာ အာရုံကြောထိခိုက်ထားတဲ့အတွက် သွေးပေါင်ချိန်ထိန်းဖို့ ဦးနှောက်ကို သတင်းကောင်းကောင်း မပို့နိုင်လို့ သွေးပေါင်ကျနိုင်ပါတယ်။

အစာစားပြီးပြီးချင်း

ထူးထူးခြားခြား တချို့လူတွေမှာ အစာစားပြီးခါစမှာ သွေးပေါင်ကျတတ်ပါတယ်။ လူကြီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ အသက်ကြီးတဲ့သူတွေ (အထူးသဖြင့် အသက် ၆၅နှစ် အထက်တွေ)

ဆီးဆေးတွေ၊ သွေးပေါင်ကျဆေးတွေ သောက်နေတဲ့သူတွေ ပါကင်ဆန်ရောဂါအတွက် ဆေးတွေ ဒါမှမဟုတ် စိတ်ကျဆေး၊ မူးယစ်ဆေး သောက်နေတဲ့ သူတွေ

ရာသီဥတု ပူလွန်းပြီး ချွေးထွက်များတဲ့သူတွေ သွေးအားနည်းတဲ့သူတွေ အိပ်ရာထဲ အချိန်အကြာကြီး လဲနေတဲ့သူတွေ (အားပြတ်နေတဲ့အပြင် ရုတ်တရက် ထဖို့ ကြိုးစားမယ်ဆိုရင် သွေးပေါင်ကျတတ်ပါတယ်။)

ကိုယ်ဝန်ဆောင်နေချိန် (ကိုယ်ဝန်ဆောင်နေတဲ့ချိန်မှာ သွေးကြောတွေ ကျယ်လာတဲ့အတွက် သွေးပေါင်ကျတတ်ပါတယ်။ မွေးပြီးရင်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။)

အရက်သောက်တဲ့သူတွေ ဘာလက္ခဏာတွေ ခံစားရမှာလဲ။ အတွေ့အများဆုံးကတော့ အထိုင်အထမှာ မူးတာပေါ့။ ဒါ့ပြင် မျက်လုံးတွေပြာတာ၊ ဝါးတာ အားနည်းတာ၊ မိုက်ခနဲ ဖြစ်သွားတာ သတိလစ်တာပျို့တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဘာအန္တရာယ် ဖြစ်နိုင်လဲ။ ဒီလိုမျိုး ခဏခဏ ဖြစ်နေမယ်ဆိုရင် အန္တရာယ်များပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေမှာပေါ့။

ချော်လဲတာ – မူးလဲတဲ့အခါ တစ်ခုခုနဲ့ တိုက်မိပြီး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။

လေဖြတ်တာ – ဒီလိုမျိုး သွေးပေါင်က အတက်အကျဖြစ်ပြီး မငြိမ်ဘူးဆိုရင် ဦးနှောက်ကို သွေးကောင်းကောင်း မရောက်ဘဲ လေဖြတ်နိုင်ချေ ရှိပါတယ်။

Orthostatic hypotensionဖြစ်တိုင်း လေဖြတ်တာ မဟုတ်ပေမယ့် ခဏခဏ ဖြစ်နေမယ်ဆိုရင် လေဖြတ်နိုင်ချေရှိပါတယ်။

နှလုံးရောဂါ – ရေရှည်မှာ နှလုံးရောဂါရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ ရင်ဘတ်အောင့်တာ၊ နှလုံးကောင်းကောင်း မညှစ်နိုင်တာ၊ နှလုံးခုန်မမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။

အထိုင်အထ မမူးအောင် ဘယ်လို ဆင်ဆင်ခြင်ခြင်နေကြမလဲ။

ဆားပိုစားပါ။ သွေးပေါင်တက်အောင် ဆားနည်းနည်း ပိုစားပါ။ စားဖို့ လိုမလို၊ ဘယ်လောက်ပိုစားရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ များသွားရင်လည်း သွေးတိုးနိုင်လို့ပါ။

နည်းနည်းစီ စားပါ။ အစာစားပြီးတိုင်း သွေးပေါင်ကျတတ်ရင် နည်းနည်းစီစားပါ။ အထူးသဖြင့် ကာဘိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကိုပါ။

အားဆေးသောက်ပါ။ သွေးအားနည်းတာရော၊ ဗီတာမင်B12 ချို့တဲ့တာရောက orthostatic hypotensionကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အားဆေး သောက်ကြည့်ပါ။

ရေများများ သောက်ပါ။ ရေဓာတ်ပြည့်ဝနေတာက သွေးပေါင်ကျတာကို ကာကွယ်ပေးပါတယ်။ မတ်တပ်အကြာကြီး ရပ်ရမယ်။ ရေဓာတ်ခန်းမယ့် လေ့ကျင့်ခန်းတွေ လုပ်ရမယ်ဆိုရင် ရေကြိုသောက်ထားပါ။

အရက်လျှော့ပါ။ ရှောင်နိုင်ရင် ပိုကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ။ ဒါက orthostatic hypotensionရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

ဒါပေမယ့် ပူလွန်းတဲ့အချိန်မှာ ပြင်းထန်နဲ့ လေ့ကျင့်ခန်း လုပ်တာကို ရှောင်ပါ။ ထိုင်နေရာက မတ်တပ်ပြန်မရပ်ခင် ခြေထောက်ကို အကြောလျှော့ဖို့ မမေ့ပါနဲ့။

ခါးမကုန်းပါနဲ့။ တစ်ခုခုပြုတ်ကျသွားတဲ့အခါ ခါးကုန်းပြီးကောက် ပြီးတော့ ဆတ်ခနဲ မတ်လိုက်တာက သင့်ကို မူးစေပါလိမ့်မယ်။ ထိုင်ပြီး ဒါမှမဟုတ် ဒူးကွေးပြီး ကောက်ပါ။

ခြေအိတ်စွပ်ပါ။ orthostatic hypotension ခဏခဏ ရတတ်ရင် ခြေသလုံးထိ ခြေအိတ်စွပ်ထားပါ။ အသားကပ်ခြေအိတ် လည်းရပါတယ်။ အထူးသဖြင့် မတ်တပ်အကြာကြီး ရပ်ရမယ့် အချိန်မှာပေါ့။ အိပ်ရင်တော့ ချွတ်အိပ်ပါ။

ဖြည်းဖြည်းထပါ။ ကိုယ်က အထိုင်အထ မူးတတ်ရင် ဖြည်းဖြည်းထပါ။ အထူးသဖြင့် လူကြီးတွေ အိပ်နေရာက ထမယ်ဆို ၁မိနစ်လောက် အရင်ထိုင်ပြီးမှ ဖြည်းဖြည်းထပါ။

ခေါင်းမြှင့်ပြီး အိပ်ပါ။ အကြာကြီး မတ်တပ်ရပ်ရမယ်ဆို ခြေထောက်ကို လှုပ်နေပါ။ အကြာကြီး ခြေထောက်တောင့်ရင် ပိုဖြစ်ပါတယ်။ ရပ်နေတုန်း လက္ခဏာတွေ ပေါ်လာရင် ထိုင်လိုက်ပါ။

ထိုင်ထို့ အဆင်မပြေရင် ခြေသလုံး ကြွက်သားတွေကို နှိပ်ပေးပါ။ ဒါမှမဟုတ် ခုံအစွန်းမှ ထိုင် ခြေဆန့်ပြီး ရှေ့ကို ကုန်းပါ။ ဒီနည်းလမ်းတွေက ခြေထောက်က သွေးတွေ နှလုံးဆီရောက်အောင် ကူညီပေးပါလိမ့်မယ်။

Hello Health

ထိုင္ေနရာက ျဖစ္ျဖစ္၊ လွဲေနရာက ျဖစ္ျဖစ္ ႐ုတ္တရက္ ထလိုက္တဲ့အခါ မ်က္လုံးေတြျပာၿပီး မိုက္ခနဲ ျဖစ္သြားတက္ရင္

ထိုင္ေနရာက ျဖစ္ျဖစ္၊ လွဲေနရာက ျဖစ္ျဖစ္ ႐ုတ္တရက္ ထလိုက္တဲ့အခါ မ်က္လုံးေတြျပာၿပီး မိုက္ခနဲ ျဖစ္သြားတတ္ပါတယ္။ ၾကဳံဖူးတဲ့သူကို ဒီခံစားခ်က္ကို ေကာင္းေကာင္းႀကီး သိပါတယ္။

ဒါကို အထိုင္အထ မွာ ေသြးေပါင္က်တယ္ postural hypotensionလို႔ ေခၚပါတယ္။ ေဆးစကားနဲ႔ ဆိုရင္ေတာ့ orthostatic hypotensionေပါ့။ အတူတူပါပဲ။

တစ္ခါမွ မျဖစ္ဘူးတဲ့သူေတြ ႐ုတ္တရက္ ၾကဳံရတဲ့အခါ ေလမ်ားျဖတ္တာလား၊ ဦးေႏွာက္ေသြးေၾကာမ်ား ျပတ္ေတာ့မွာလားဆိုၿပီး လန္႔တတ္ၾကပါတယ္။ ဘာလို႔ ဒီလိုျဖစ္ရတာလဲ။ ဘယ္လို ဆင္ဆင္ျခင္ျခင္ ေနၾကမလဲဆိုတာ ေျပာျပေပးပါ့မယ္။

ဘာေၾကာင့္ အထိုင္အထ မွာ မူးရတာလဲ။မတ္တပ္ရပ္ေနတဲ့အခ်ိန္မွာ ေသြးေတြအကုန္လုံးက ေျခေထာက္မွာ လာစုေနတဲ့အတြက္ ႏွလုံးဆီကို ေသြးေကာင္းေကာင္းမေရာက္ပါဘူး။ ဒါေၾကာင့္ ေသြးေပါင္က်သြားပါတယ္။

ဒါကိုသိတဲ့ ႏွလုံးနဲ႔ လည္ပင္းေသြးေၾကာက ဆဲလ္ေလးေတြက ဦးေႏွာက္ကို သတင္းပို႔ၿပီး ႏွလုံးကို ျမန္ျမန္ ညႇစ္ခိုင္းတဲ့အတြက္ ေသြးေပါင္ခ်ိန္ကို ထိန္းထားနိုင္တာပါ။

Orthostatic hypotensionမွာ ဒီျဖစ္စဥ္ပ်က္ယြင္းသြားတဲ့အတြက္ ေသြးေပါင္က်ၿပီး မူးလာတာပါ။ အေၾကာင္းရင္းေတြကေတာ့

ေရဓာတ္ခန္းေျခာက္တာ

ဒီလို ပူတဲ့အခ်ိန္မွာ ေရကို လုံေလာက္ေအာင္ မေသာက္ဘူး။ ဝမ္းေလၽွာတာ၊ အန္တာ၊ ေလ့က်င့္ခန္းေတြ အျပင္းအထန္လုပ္တာ စတာေတြေၾကာင့္ ေရဓာတ္ဆုံးရႈံးမယ္ဆိုရင္ ကိုယ္ထဲမွာ အရည္နည္းလာၿပီး ေသြးေပါင္က်လာပါမယ္။

ႏွလုံးျပႆနာ

ႏွလုံးခုန္ႏႈန္းေႏွးတာ၊ ႏွလုံးအဆို႔ရွင္မေကာင္းတာ၊ ႏွလုံးက ေကာင္းေကာင္း မညႇစ္နိုင္တာ စတဲ့ ျပႆနာေတြမွာ ေသြးေပါင္က်တတ္ပါတယ္။ ဒီလိုအေျခအေနမွာ မတ္တပ္ရပ္လို႔ ေသြးေပါင္က်သြားရင္ေတာင္ ျပန္ဆြဲတင္ဖို႔ မလြယ္ပါဘူး။

ေဟာ္မုန္း ျပႆနာ

သိုင္းရြိဳက္ျပႆနာ၊ Addison ေရာဂါ၊ ေသြးခ်ိဳက်တာ စတာေတြက orthostatic hypotensionကို ျဖစ္ေစပါတယ္။ ဆီးခ်ိဳသမားေတြက်ေတာ့ အာ႐ုံေၾကာမေကာင္းတဲ့အတြက္ ေသြးေပါင္ခ်ိန္ထိန္းဖို႔ ဦးေႏွာက္ကို သတင္းေကာင္းေကာင္း မပို႔နိုင္လို႔ ေသြးေပါင္က်ရတာပါ။

အာ႐ုံေၾကာျပႆနာ

ပါကင္ဆန္လိုမ်ိဳး အာ႐ုံေၾကာေရာဂါေတြမွာ အာ႐ုံေၾကာထိခိုက္ထားတဲ့အတြက္ ေသြးေပါင္ခ်ိန္ထိန္းဖို႔ ဦးေႏွာက္ကို သတင္းေကာင္းေကာင္း မပို႔နိုင္လို႔ ေသြးေပါင္က်နိုင္ပါတယ္။

အစာစားၿပီးၿပီးခ်င္း

ထူးထူးျခားျခား တခ်ိဳ႕လူေတြမွာ အစာစားၿပီးခါစမွာ ေသြးေပါင္က်တတ္ပါတယ္။ လူႀကီးေတြမွာ ပိုေတြ႕ရတတ္ပါတယ္။

ဘယ္သူေတြမွာ ပိုျဖစ္နိုင္လဲ။ အသက္ႀကီးတဲ့သူေတြ (အထူးသျဖင့္ အသက္ ၆၅ႏွစ္ အထက္ေတြ)

ဆီးေဆးေတြ၊ ေသြးေပါင္က်ေဆးေတြ ေသာက္ေနတဲ့သူေတြ ပါကင္ဆန္ေရာဂါအတြက္ ေဆးေတြ ဒါမွမဟုတ္ စိတ္က်ေဆး၊ မူးယစ္ေဆး ေသာက္ေနတဲ့ သူေတြ

ရာသီဥတု ပူလြန္းၿပီး ေခၽြးထြက္မ်ားတဲ့သူေတြ ေသြးအားနည္းတဲ့သူေတြ အိပ္ရာထဲ အခ်ိန္အၾကာႀကီး လဲေနတဲ့သူေတြ (အားျပတ္ေနတဲ့အျပင္ ႐ုတ္တရက္ ထဖို႔ ႀကိဳးစားမယ္ဆိုရင္ ေသြးေပါင္က်တတ္ပါတယ္။)

ကိုယ္ဝန္ေဆာင္ေနခ်ိန္ (ကိုယ္ဝန္ေဆာင္ေနတဲ့ခ်ိန္မွာ ေသြးေၾကာေတြ က်ယ္လာတဲ့အတြက္ ေသြးေပါင္က်တတ္ပါတယ္။ ေမြးၿပီးရင္ေတာ့ နဂိုအတိုင္း ျပန္ျဖစ္သြားပါတယ္။)

အရက္ေသာက္တဲ့သူေတြ ဘာလကၡဏာေတြ ခံစားရမွာလဲ။ အေတြ႕အမ်ားဆုံးကေတာ့ အထိုင္အထမွာ မူးတာေပါ့။ ဒါ့ျပင္ မ်က္လုံးေတြျပာတာ၊ ဝါးတာ အားနည္းတာ၊ မိုက္ခနဲ ျဖစ္သြားတာ သတိလစ္တာပ်ိဳ႕တာ စတာေတြ ျဖစ္တတ္ပါတယ္။

ဘာအႏၲရာယ္ ျဖစ္နိုင္လဲ။ ဒီလိုမ်ိဳး ခဏခဏ ျဖစ္ေနမယ္ဆိုရင္ အႏၲရာယ္မ်ားပါတယ္။ အထူးသျဖင့္ အသက္ႀကီးတဲ့ သူေတြမွာေပါ့။

ေခ်ာ္လဲတာ – မူးလဲတဲ့အခါ တစ္ခုခုနဲ႔ တိုက္မိၿပီး ထိခိုက္ဒဏ္ရာ ရတတ္ပါတယ္။

ေလျဖတ္တာ – ဒီလိုမ်ိဳး ေသြးေပါင္က အတက္အက်ျဖစ္ၿပီး မၿငိမ္ဘူးဆိုရင္ ဦးေႏွာက္ကို ေသြးေကာင္းေကာင္း မေရာက္ဘဲ ေလျဖတ္နိုင္ေခ် ရွိပါတယ္။

Orthostatic hypotensionျဖစ္တိုင္း ေလျဖတ္တာ မဟုတ္ေပမယ့္ ခဏခဏ ျဖစ္ေနမယ္ဆိုရင္ ေလျဖတ္နိုင္ေခ်ရွိပါတယ္။

ႏွလုံးေရာဂါ – ေရရွည္မွာ ႏွလုံးေရာဂါရဲ့ ေနာက္ဆက္တြဲေတြ ျဖစ္တဲ့ ရင္ဘတ္ေအာင့္တာ၊ ႏွလုံးေကာင္းေကာင္း မညႇစ္နိုင္တာ၊ ႏွလုံးခုန္မမွန္တာေတြ ျဖစ္လာနိုင္ပါတယ္။

အထိုင္အထ မမူးေအာင္ ဘယ္လို ဆင္ဆင္ျခင္ျခင္ေနၾကမလဲ။

ဆားပိုစားပါ။ ေသြးေပါင္တက္ေအာင္ ဆားနည္းနည္း ပိုစားပါ။ စားဖို႔ လိုမလို၊ ဘယ္ေလာက္ပိုစားရမလဲဆိုတာကို ဆရာဝန္နဲ႔ တိုင္ပင္ပါ။ မ်ားသြားရင္လည္း ေသြးတိုးနိုင္လို႔ပါ။

နည္းနည္းစီ စားပါ။ အစာစားၿပီးတိုင္း ေသြးေပါင္က်တတ္ရင္ နည္းနည္းစီစားပါ။ အထူးသျဖင့္ ကာဘိုဟိုက္ဒရိတ္ပါတဲ့ အစားအစာေတြကိုပါ။

အားေဆးေသာက္ပါ။ ေသြးအားနည္းတာေရာ၊ ဗီတာမင္B12 ခ်ိဳ႕တဲ့တာေရာက orthostatic hypotensionကို ပိုဆိုးေစပါတယ္။ ဒါေၾကာင့္ အားေဆး ေသာက္ၾကည့္ပါ။

ေရမ်ားမ်ား ေသာက္ပါ။ ေရဓာတ္ျပည့္ဝေနတာက ေသြးေပါင္က်တာကို ကာကြယ္ေပးပါတယ္။ မတ္တပ္အၾကာႀကီး ရပ္ရမယ္။ ေရဓာတ္ခန္းမယ့္ ေလ့က်င့္ခန္းေတြ လုပ္ရမယ္ဆိုရင္ ေရႀကိဳေသာက္ထားပါ။

အရက္ေလၽွာ့ပါ။ ေရွာင္နိုင္ရင္ ပိုေကာင္းပါတယ္။ ေလ့က်င့္ခန္းလုပ္ပါ။ ဒါက orthostatic hypotensionရဲ့ လကၡဏာေတြကို သက္သာေစပါတယ္။

ဒါေပမယ့္ ပူလြန္းတဲ့အခ်ိန္မွာ ျပင္းထန္နဲ႔ ေလ့က်င့္ခန္း လုပ္တာကို ေရွာင္ပါ။ ထိုင္ေနရာက မတ္တပ္ျပန္မရပ္ခင္ ေျခေထာက္ကို အေၾကာေလၽွာ့ဖို႔ မေမ့ပါနဲ႔။

ခါးမကုန္းပါနဲ႔။ တစ္ခုခုျပဳတ္က်သြားတဲ့အခါ ခါးကုန္းၿပီးေကာက္ ၿပီးေတာ့ ဆတ္ခနဲ မတ္လိုက္တာက သင့္ကို မူးေစပါလိမ့္မယ္။ ထိုင္ၿပီး ဒါမွမဟုတ္ ဒူးေကြးၿပီး ေကာက္ပါ။

ေျခအိတ္စြပ္ပါ။ orthostatic hypotension ခဏခဏ ရတတ္ရင္ ေျခသလုံးထိ ေျခအိတ္စြပ္ထားပါ။ အသားကပ္ေျခအိတ္ လည္းရပါတယ္။ အထူးသျဖင့္ မတ္တပ္အၾကာႀကီး ရပ္ရမယ့္ အခ်ိန္မွာေပါ့။ အိပ္ရင္ေတာ့ ခၽြတ္အိပ္ပါ။

ျဖည္းျဖည္းထပါ။ ကိုယ္က အထိုင္အထ မူးတတ္ရင္ ျဖည္းျဖည္းထပါ။ အထူးသျဖင့္ လူႀကီးေတြ အိပ္ေနရာက ထမယ္ဆို ၁မိနစ္ေလာက္ အရင္ထိုင္ၿပီးမွ ျဖည္းျဖည္းထပါ။

ေခါင္းျမႇင့္ၿပီး အိပ္ပါ။ အၾကာႀကီး မတ္တပ္ရပ္ရမယ္ဆို ေျခေထာက္ကို လႈပ္ေနပါ။ အၾကာႀကီး ေျခေထာက္ေတာင့္ရင္ ပိုျဖစ္ပါတယ္။ ရပ္ေနတုန္း လကၡဏာေတြ ေပၚလာရင္ ထိုင္လိုက္ပါ။

ထိုင္ထို႔ အဆင္မေျပရင္ ေျခသလုံး ႂကြက္သားေတြကို ႏွိပ္ေပးပါ။ ဒါမွမဟုတ္ ခုံအစြန္းမွ ထိုင္ ေျခဆန္႔ၿပီး ေရွ႕ကို ကုန္းပါ။ ဒီနည္းလမ္းေတြက ေျခေထာက္က ေသြးေတြ ႏွလုံးဆီေရာက္ေအာင္ ကူညီေပးပါလိမ့္မယ္။

Hello Health