ဈေးမကြီးတဲ့ မန်ကျည်းသီး ဒီလောက်အသုံးဝင်မှန်း လူတိုင်းမသိကြပါ
လူသိနည်းတဲ့ မန်ကျည်းသီးရဲ့ အကျိုးကျေးဇူးများ
အညာမှာတော့ မန်ကျည်းပင်တွေအများကြီးရှိသလို မန်ကျည်းသီးလည်း ပေါမှပေါပါပဲ။ မန်ကျည်းသီးက စျေးမကြီးပေမယ့် သူ့မှာ အကျိုးအာနိသင်တွေအများကြီးရှိပါတယ်။မန်ကျည်းသီးက မျက်လုံးအမြင်ကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။အဲ့ဒီအပြင် အသားအရေကို လှပစေကာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။မန်ကျည်းသီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုလက်စထရောဓာတ်ကို ကျစေပါတယ်။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်သလို ကင်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။
မန်ကျည်းသီးရဲ့ အာဟာရများ – မန်ကျည်းသီးမှာ ဗီတာမင် စီ၊ E ၊ B ၊ ကယ်ဆီယမ်၊သံဓာတ်၊ Phosphorus ၊ ပိုတက်ဆီယမ်၊ Manganese နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။အဲ့ဒီအပြင် မန်ကျည်းသီးမှာ စွမ်းအားမြင့် Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
အစာခြေစနစ်ကို မြှင့်တင်ပေး – မန်ကျည်းသီးမှာ သဘာဝ Laxative ဓာတ်ပါဝင်တဲ့အပြင် အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။ဒါ့ကြောင့် ဝမ်းချုပ်နေရင် မန်ကျည်းသီးစားတာတို့ မန်ကျည်းဖျော်ရည်သောက်ကြတာပါ။အဲ့ဒီအပြင် အစာတွေကို မြန်မြန်ဆန်ဆန် ခြေဖျက်ပေးနိုင်ပါတယ်။ အစာခြေအရည်တွေကို ပိုထွက်စေပြီး မြန်မြန်ဆန်ဆန် ခြေဖျက်ပေးနိုင်ပါတယ်။
နှလုံးကျန်းမာရေးအတွက် ကောင်းမွန် – လေ့လာမှုများအရ မန်ကျည်းသီးမှာ သွေးတိုးနဲ့ကိုလက်စထရောကို ကျဆင်းစေပါတယ်။ မန်ကျည်းသီးမှာ ပါဝင်တဲ့အမျှင်ဓာတ်တွေက မကောင်းတဲ့ကိုလက်စထရော ကို ကျဆင်းစေပါတယ်။ အဲ့ဒီအပြင် ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က သွေးတိုးကိုကျစေပါတယ်။အဲ့ဒီအပြင် ဗီတာမင် C လည်းပါဝင်တာကြောင့် ဗီတာမင် C က Free Radicals တွေရဲ့သက်ရောက်မှုကို ကျဆင်းစေပါတယ်။ Free Radicals တွေကြောင့် နှလုံးရောဂါနဲ့တခြားရောဂါတွေဖြစ်ပွားရတာပါ။
သွေးလည်ပတ်မှုကို အားကောင်းစေ – မန်ကျည်းသီးမှာ သံဓာတ်ပါဝင်မှုများပြီး မန်ကျည်းသီး ၁ခုမှာတောင် နေ့စဉ်လိုအပ်တဲ့ သံဓာတ် ၁၀ ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။သံဓာတ်ချို့တဲ့ရင် အားနည်းတာ၊ ခေါင်းကိုက်တာ၊ အစာအိမ်ပြဿနာတွေဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတော်တော်များများမှာ သံဓာတ်ချို့တဲ့ လက္ခဏာတွေရှိတယ်လို့UNICEF က ထုတ်ပြန်ဖူးတာကြောင့် ဒီလို သံဓာတ်ချို့တဲ့တယ်လို့ သံသယရှိရင် မန်ကျည်းသီးစားပေးနိုင်ပါတယ်။
ကိုယ်အလေးချိန် ကျဆင်း – မန်ကျည်းသီးမှာ Hydroxycitric Acid (HCA) ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ ဒီကွန်ပေါင်းက ခန္ဓာကိုယ်ထဲက အဆီသိုလှောင်ပေးတဲ့ အန်ဇိုင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဆီးချို – မန်ကျည်းသီးက ကာဗိုဟိုက်ဒရိတ်တွေ သိုလှောင်ပေးတဲ့ Alpha-Amylase အင်ဇိုင်းကို နှေးအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကာဗိုက်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေက သွေးအတွင်း အချိုဓာတ်နဲ့အင်ဆူလင် တွေကို မြင့်တက်စေပြီး ဒါက ဆီးချိုရောဂါ ရှင်တွေအတွက် ကြီးမားတဲ့ ပြဿနာပါ။ ဒါ့ကြောင့် မန်ကျည်းသီးစားခြင်းက ဆီးချိုအတွက်ကောင်းပါတယ်။
ကိုယ်ခံအားကို မြှင့်တင်ပေး – ဗီတာမင်စီ ပါဝင်မှုမြင့်မားတာကြောင့် ဘက်တီးရီးယားတွေ၊ မှိုတွေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပြီး ရေရှည်ကျန်းမာရေးကောင်းစေဖို့ အထောက်အကူပြုပါတယ်။
Credit
ေဈးမႀကီးတဲ့ မန္က်ည္းသီး ဒီေလာက္အသုံးဝင္မွန္း လူတိုင္းမသိၾကပါ
လူသိနည္းတဲ့ မန္က်ည္းသီးရဲ႕ အက်ိဳးေက်းဇူးမ်ား
အညာမွာေတာ့ မန္က်ည္းပင္ေတြအမ်ားႀကီးရွိသလို မန္က်ည္းသီးလည္း ေပါမွေပါပါပဲ။ မန္က်ည္းသီးက ေစ်းမႀကီးေပမယ့္ သူ႔မွာ အက်ိဳးအာနိသင္ေတြအမ်ားႀကီးရွိပါတယ္။မန္က်ည္းသီးက မ်က္လံုးအျမင္ကို အားေကာင္းေစၿပီး အသက္ရွဴလမ္းေၾကာင္းက်န္းမာေရးကို ျမွင့္တင္ေပးပါတယ္။အဲ့ဒီအျပင္ အသားအေရကို လွပေစကာ အစာေျခစနစ္ကို အားေကာင္းေစပါတယ္။မန္က်ည္းသီးက ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးၿပီး ကိုလက္စထေရာဓာတ္ကို က်ေစပါတယ္။ ႏွလံုးက်န္းမာေရးကို ျမွင့္တင္ေပးႏိုင္သလို ကင္ဆာေရာဂါေတြကိုလည္း ကာကြယ္ႏိုင္စြမ္းရွိပါတယ္။
မန္က်ည္းသီးရဲ႕ အာဟာရမ်ား – မန္က်ည္းသီးမွာ ဗီတာမင္ စီ၊ E ၊ B ၊ ကယ္ဆီယမ္၊သံဓာတ္၊ Phosphorus ၊ ပိုတက္ဆီယမ္၊ Manganese နဲ႔ အမွ်င္ဓာတ္ေတြပါ၀င္ပါတယ္။အဲ့ဒီအျပင္ မန္က်ည္းသီးမွာ စြမ္းအားျမင့္ Antioxidants ဓာတ္ေတြအမ်ားႀကီးပါ၀င္တာေၾကာင့္ ကင္ဆာေရာဂါကို ကာကြယ္ႏိုင္စြမ္းရွိပါတယ္။
အစာေျခစနစ္ကို ျမွင့္တင္ေပး – မန္က်ည္းသီးမွာ သဘာ၀ Laxative ဓာတ္ပါ၀င္တဲ့အျပင္ အမွ်င္ဓာတ္ပါ၀င္တာေၾကာင့္ အစာေျခစနစ္ကို အားေကာင္းေစပါတယ္။ဒါ့ေၾကာင့္ ၀မ္းခ်ဳပ္ေနရင္ မန္က်ည္းသီးစားတာတို႔ မန္က်ည္းေဖ်ာ္ရည္ေသာက္ၾကတာပါ။အဲ့ဒီအျပင္ အစာေတြကို ျမန္ျမန္ဆန္ဆန္ ေျခဖ်က္ေပးႏိုင္ပါတယ္။ အစာေျခအရည္ေတြကို ပိုထြက္ေစၿပီး ျမန္ျမန္ဆန္ဆန္ ေျခဖ်က္ေပးႏုိင္ပါတယ္။
ႏွလံုးက်န္းမာေရးအတြက္ ေကာင္းမြန္ – ေလ့လာမႈမ်ားအရ မန္က်ည္းသီးမွာ ေသြးတိုးနဲ႔ကိုလက္စထေရာကို က်ဆင္းေစပါတယ္။ မန္က်ည္းသီးမွာ ပါ၀င္တဲ့အမွ်င္ဓာတ္ေတြက မေကာင္းတဲ့ကိုလက္စထေရာ ကို က်ဆင္းေစပါတယ္။ အဲ့ဒီအျပင္ ပါ၀င္တဲ့ ပိုတက္ဆီယမ္ဓာတ္က ေသြးတိုးကိုက်ေစပါတယ္။အဲ့ဒီအျပင္ ဗီတာမင္ C လည္းပါ၀င္တာေၾကာင့္ ဗီတာမင္ C က Free Radicals ေတြရဲ႕သက္ေရာက္မႈကို က်ဆင္းေစပါတယ္။ Free Radicals ေတြေၾကာင့္ ႏွလံုးေရာဂါနဲ႔တျခားေရာဂါေတြျဖစ္ပြားရတာပါ။
ေသြးလည္ပတ္မႈကို အားေကာင္းေစ – မန္က်ည္းသီးမွာ သံဓာတ္ပါ၀င္မႈမ်ားၿပီး မန္က်ည္းသီး ၁ခုမွာေတာင္ ေန႔စဥ္လိုအပ္တဲ့ သံဓာတ္ ၁၀ ရာခိုင္ႏႈန္းကို ေပးစြမ္းႏိုင္ပါတယ္။သံဓာတ္ခ်ိဳ႕တဲ့ရင္ အားနည္းတာ၊ ေခါင္းကိုက္တာ၊ အစာအိမ္ျပႆနာေတြျဖစ္ႏိုင္ပါတယ္။ ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားမွာ သံဓာတ္ခ်ိဳ႕တဲ့ လကၡဏာေတြရွိတယ္လို႔UNICEF က ထုတ္ျပန္ဖူးတာေၾကာင့္ ဒီလို သံဓာတ္ခ်ိဳ႕တဲ့တယ္လုိ႔ သံသယရွိရင္ မန္က်ည္းသီးစားေပးႏုိင္ပါတယ္။
ကိုယ္အေလးခ်ိန္ က်ဆင္း – မန္က်ည္းသီးမွာ Hydroxycitric Acid (HCA) ပါ၀င္တာေၾကာင့္ ကိုယ္အေလးခ်ိန္က်ဆင္းေစပါတယ္။ ဒီကြန္ေပါင္းက ခႏၶာကိုယ္ထဲက အဆီသိုေလွာင္ေပးတဲ့ အန္ဇိုင္းေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။
ဆီးခ်ိဳ – မန္က်ည္းသီးက ကာဗိုဟိုက္ဒရိတ္ေတြ သိုေလွာင္ေပးတဲ့ Alpha-Amylase အင္ဇိုင္းကို ေႏွးေအာင္လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ကာဗိုက္ဟိုက္ဒရိတ္မ်ားတဲ့ အစားအစာေတြက ေသြးအတြင္း အခ်ိဳဓာတ္နဲ႔အင္ဆူလင္ ေတြကို ျမင့္တက္ေစၿပီး ဒါက ဆီးခ်ိဳေရာဂါ ရွင္ေတြအတြက္ ႀကီးမားတဲ့ ျပႆနာပါ။ ဒါ့ေၾကာင့္ မန္က်ည္းသီးစားျခင္းက ဆီးခ်ိဳအတြက္ေကာင္းပါတယ္။
ကိုယ္ခံအားကို ျမွင့္တင္ေပး – ဗီတာမင္စီ ပါ၀င္မႈျမင့္မားတာေၾကာင့္ ဘက္တီးရီးယားေတြ၊ မိႈေတြ၀င္ေရာက္မႈကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ခံအားကိုျမွင့္တင္ေပးႏိုင္ၿပီး ေရရွည္က်န္းမာေရးေကာင္းေစဖို႔ အေထာက္အကူျပဳပါတယ္။
Credit