Entertainment International News

မိဘအပေါ်သိတတ်နားလည်မှုအပြည့်နဲ့ ပြုံးပြုံးရွှင်ရွှင် ဈေးရောင်းနေတာပါဆိုတဲ့ ညီအစ်ကိုနှစ်ယောက်

မိဘနှစ်ပါးကို ဝင်ငွေကူရှာပေးတဲ့အနေနဲ့ မလေးရှားနိုင်ငံ ၊ Parit Buntar မြို့မှာနေထိုင်တဲ့ ကလေးငယ်လေးနှစ်ယောက်ဟာ Maybank ဆိုတဲ့ ဘဏ်အရှေ့မှာ မရှက်မကြောက်တမ်းပြုံးပြုံးရွှင်ရွှင်လေး Asam Laksa ဆိုတဲ့မလေး
ရိုးရာအစားအစာခေါက်ဆွဲတစ်မျိုးကိုု ရောင်းချနေခဲ့တာပါ ။

ဈေးထိုင်ရောင်းနေတဲ့ကလေးငယ်နှစ်ယောက်ကို မြင်တဲ့ဖြတ်သွားဖြတ်လာလူတိုင်းက အဆိုပါခေါက်ဆွဲတွေကို ဝယ်ယူအားပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကလေးငယ်တွေရောင်းချတဲ့ ခေါက်ဆွဲဟာ အရသာအတော်လေးကောင်းလွန်းလို့ Facebook အသုံးပြုသူအမျိုးသမီးတစ်ယောက်ဟာ အဆိုပါပတ်ဝန်းကျင်အနီးအနားမှာ နေထိုင်နေကြတဲ့သူတွေအား ကလေးငယ်ရဲ့ခေါက်ဆွဲကို ဝယ်ယူအားပေးကြအောင် ဓာတ်ပုံရိုက်ပြီး Facebook စာမျက်နှာပေါ်မှာ ကြေညာပေးခဲ့ပါတယ် ။

ကလေးငယ်နှစ်ယောက်လုံးဟာ အသက် 10 နှစ်အောက် အရွယ်လေးတွေသာရှိသေးပြီး ဆော့ကစားရမည့်အရွယ်မှာ မိဘတွေကိုကူညီပေးနေခဲ့ကြတာပါ ။ လူအတော်များများက ကလေးငယ်တွေရဲ့ခေါက်ဆွဲကို ဝယ်ယူအားပေးခဲ့ကြပြီး အရသာအတော်လေးကောင်းမွန်ကြောင်း ၊ အထုပ်အပိုးလေးတွေကလည်း သန့်ရှင်းသပ်ရပ်ကြောင်း ၊ ဘုရားရှင် ကောင်းချီးပေးမဲ့ကလေးငယ်တွေ ဆိုပြီးတော့ Comment မှာ မျိုးစုံရေးသားပြီး ကလေးငယ်တွေကို ချီးကျူ းခဲ့ကြပါတယ် ။

ယခုလို Covid -19 ရောဂါ ရဲ့အခြေအနေတွေကြောင့် အချို့သောကုမ္ပဏီဝန်ထမ်းများဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတဲ့အပြင် ၊ ပုံမှန်ဝင်ငွေတွေပါ မရှိတော့တဲ့အတွက် ယခုလိုလမ်းဘေးတွေမှာ ဈေးလိုက်ရောင်းရင်း ရုန်းကုန်လုပ်ရှားနေရသူတွေ အတော်များပြားလာလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘနှစ်ပါးကို ဝင်ငွေကူရှာပေးတဲ့အနေနဲ့ မလေးရှားနိုင်ငံ ၊ Parit Buntar မြို့မှာနေထိုင်တဲ့ ကလေးငယ်လေးနှစ်ယောက်ဟာ Maybank ဆိုတဲ့ ဘဏ်အရှေ့မှာ မရှက်မကြောက်တမ်းပြုံးပြုံးရွှင်ရွှင်လေး Asam Laksa ဆိုတဲ့မလေး
ရိုးရာအစားအစာခေါက်ဆွဲတစ်မျိုးကို ရောင်းချနေခဲ့တာပါ ။