ညဘက်ချစ်သူနဲ့ရန်ဖြစ်ပြီး အိပ်စက်သွားခြင်းက ကျန်မာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်…
သင်တို့ဟာ ထစ်ကနဲရှိရန်ဖြစ်တတ်တဲ့ ချစ်သူရည်းစားစုံတွဲတွေ ဆိုရင် ပိုလို့သိထားသင့်ပါတယ်နော်… သိပ်ချစ်ကြတဲ့ ချစ်သူ စုံတွဲတိုင်း တစ်ဂျိန်းဂျိန်း ရန်ဖြစ်နေကြပါပဲ။ရန်မဖြစ်တဲ့အတွဲရယ်လို့ တော့မရှိပေမယ့် အခြေနေနဲ့အချိန်ခါကို ကြည့်ပြီး ရပ်တန့်သင့်တာကို ရပ်တန့်ပစ်ဖို့လည်းလိုပါတယ်။
သဝန်တိုကြတယ် ၊ နားလည်မှုလွဲတယ် အမြင်စောင်းတယ် တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတယ် ဆိုတာမျိုးက တစ်လတစ်ခါလည်းဖြစ်ချင်ဖြစ်မယ်နေ့တိုင်းလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။အချစ်စမ်းပြီးရန်ဖြစ်ကြတယ်ဆိုတာ လည်းအချိန်ခါလေးထားသင့်ပါတယ်
တစ်ယောက်နဲ့တစ်ယောက်ပြဿနာရှင်းမယ် ဆိုတဲ့အချိန်ကို ဘယ်တော့မှ ညဘက်လို့မသတ်မှတ်ပါနဲ့။ ညမှအေးဆေးရှင်းမယ်ဆိုတာမျိုးကို ငြင်းပါ။ဘယ်လောက်ပဲရန်ဖြစ်ချင်နေပါစေ တစ်ယောက်နဲ့တစ်ယောက်သဘောတူညီချက်ယူပြီး မနက်မှစိတ်အေးအေးနဲ့ ပြောကြဆိုကြပါ။ညအိပ်ခံနှီးပြဿာရှင်းတာ ရန်ဖြစ်တာမျိုး ဟာ နှစ်ဦးနှစ်ယောက်လုံးရဲ့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါအများကြီး ထိခိုက်နိုင်စေတယ်ဆိုတာလုံးဝမမေ့ပါနဲ့။
ဒီနေရာမှာ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက ပြောချင်တာ ပြောပြီး စိတ်ပေါ့သွားရင် နေသာထိုင်သာရှိသွားတတ်တဲ့သူနဲ့ တစ်မျိုးကတော့ တစ်ခုခုဆိုရင် မေ့ပျောက်ဖို့ခက်ပြီး နာနာကျင်ကျင်ခံစားတတ်သူပါပထမType မျိုးနဲ့ချစ်သူကတော့ သိပ်အရေးမကြီးပေမယ့် စိတ်ထဲတအားခံစားတတ်တဲ့သူဆိုရင်တော့ အိပ်ခါနီးရန်ဖြစ်တာဟာ တကယ်ကို ပူလောင်စရာပါပဲ။
အိပ်ခါနီးဖြစ်တာကြောင့် အိပ်ချင်မူးတူးနဲ့မလို့စိတ်မရှည်တာကတစ်ကြောင်း နားချင်စိတ်များနေတာကတစ်ကြောင်းရယ်ကြောင့် ထင်ထားတာထက် ပိုပြီးပြဿနာတွေဖြစ်ပြီးရန်ပိုပွားနိုင်ပါတယ်။နောက်တစ်ခုက ကိုယ်ကပြောချင်တာပြောပြီးအိပ်ပျော်သွားတဲ့အခါမျိုးမှာလည်း တစ်ဖက်လူကို တစ်ညလုံးနာကျင်ခံစားရစေသလို၊ကိုယ်တိုင်များ နာကျင်ခံစားရရင်လည်းတစ်ညလုံးမပြီးနိုင်မစီးနိင် ရင်ထဲ တနုံနုံနဲ့ နေရခက်နေမှာ အသေချာပါပဲ
တခြားသူနဲ့ရန်ဖြစ်တာထက် ကိုယ့်ချစ်သူကြောင့်နာကျင်ရတဲ့အခါ ပိုပြီးရင်ထဲ ပူလောင်နာကျင်ရပါတယ်။ဒီပူလောင်မှုကြောင့် ကောင်းကောင်းလည်းအိပ်မပျော်သလို အိပ်ပျော်ပြန်ရင်လည်း စိတ်အေးလက်သာ အိပ်စက်ခြင်းမျိုးမဟုတ်တာကြောင့် စိတ်မသက်မသာနဲ့ အိပ်နေရမှာပါ။
စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားသွားရပြီး အိပ်စက်ခြင်းဟာ စိတ်ကျန်းမာရေးတင်မကဘဲ နှလုံးကျန်းမာရေးနဲ့ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်နိုင်စေပါတယ်။ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ ကြည်ကြည်နူးနူးစကားလေးတွေနဲ့သာ တစ်ယောက်ကိုတစ်ယောက် အိပ်ယာဝင်အောင်လုပ်ပေးနိုင်ပါစေ။တကယ်လို့များ စကားများရန်ဖြစ်ခဲ့ရင်လည်း အချင်းချင်းလျော့ပေးရင်းနဲ့ မနက်မှသာ အေးအေးဆေးဆေးဖြေရှင်းပါ။
ကိုယ်ကတော့ စိတ်သက်သာရာရသွားပြီ အိပ်မှာပဲဆိုတာမျိုး တစ်ကိုယ်ကောင်းမဆန်ပဲ တစ်ဖက်လူကိုလည်း စိတ်ရှင်းရှင်းနဲ့ ကောင်းကောင်းအိပ်ပျော်အောင် ချော့မော့ပြောဆိုပါ ချစ်သူနဲ့ရန်ဖြစ်စကားများတာဟာ စိတ်ညစ်စရာဆိုပေမယ့် ညအိပ်ခါနီးရန်ဖြစ်တာကမှ ပိုပြီးထိခိုက်မှုများစေတာမို့ကိုယ့်ချစ်ရသူကို တဒင်္ဂခံစားချက်တွေကြောင့် အိပ်မရဘဲ စိတ်ပင်ပန်းနေတာမျိုးအဖြစ်မခံပါနဲ့…ကြာရင် ဦးနှောက်၊ နှလုံးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သလို သင်တို့ အချစ်ရေးကြီးလည်း ယိုယွင်းလာနိုင်ပါတယ်
Credit