Local News

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ နေရာအား အစားထိုးခန့်အပ်ရန် စီစဥ်နေ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ နေရာအား အစားထိုးခန့်အပ်ရန် စီစဥ်နေ

ဧရာဝတီတိုင်းမ်။
(ရန်ကုန်)၊မေလ ၁၉ရက်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင် နေရာအား အစားထိုးခန့်အပ်ရန် စစ်ကောင်စီက စီစဥ်နေကြောင်း သတင်းရရှိသည်။

ဦးသန်းတိုးအောင်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အာဏာသိမ်းဖြစ်စဥ်ဖြစ်ပွားပြီးနောက်ပိုင်း CDMလှုပ်ရှားမှုတွက် ပါဝင်နေသူဖြစ်၍ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူနေရာကိုပါ အပြောင်းအလဲ ပြုလုပ်ဖို့ စီစဥ်နေတာဖြစ်နိုင်ကြောင်း ဘောလုံးလောကနှင့်နီးစပ်သူအချို့က ဆိုသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူဦးသန်းတိုးအောင်၏ နေရာတွင် လက်ရွေးစင်ဌာန ဌာနမှူး ဦးထွန်းထွန်းအောင်ဖြင့် အစားထိုးပြောင်းလဲဖွယ်ရှိနေကြောင်းလဲသိရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ကမ္ဘယဖလားခြေစစ်ပွဲ အာရှဇုန် ကစားရန်အတွက် မေလ ၂၁ရက်နေ့တွင် ဂျပန်နိုင်ငံသို့ထွက်ခွာသွားမည်ဖြစ်သည်။

ဓာတ်ပုံ- မြန်မာဘောလုံးအဖွဲ့ချုပ်။
#Ayeyarwaddy_Times