Cele News Uncategorized

ငွေလိုနေတဲ့သူတွေ Percentage များစွာပေးကာ လဲလှယ်နေရတာကြောင့် ခက်ခဲနေတဲ့အချိန်မှာ လူသားချင်း စာနာကြရ အောင်လို့ တောင်းဆိုလာတဲ့ ဆောင်းယွန်းစံ

ငွေလိုနေတဲ့သူတွေ Percentage များစွာပေးကာ လဲလှယ်နေရတာကြောင့် ခက်ခဲနေတဲ့အချိန်မှာ လူသားချင်း စာနာကြရ အောင်လို့ တောင်းဆိုလာတဲ့ ဆောင်းယွန်းစံ

အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားတဲ့သူကတော့ ရုပ်ရှင်သရုပ်ဆောင် ဆောင်းယွန်း စံ ဖြစ်ပါတယ်။ သူမက မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပါဝင်နေသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုများမှာ ပါဝင်အားဖြည့်ရင်း အလှူအတန်း တွေကိုလည်း ပြုလုပ်ကာ တတ်နိုင်သလောက် ကူညီဖေးမနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပြည်သူတွေက မျိုးစုံသော အခက်အခဲတွေနဲ့တွေ့ကြုံနေရတာ ဖြစ်ပြီး အခုတစ်လောမှာဆိုရင် ပြည်သူ လူထုက ဘဏ်တွေမှာ အချိန်အကြာကြီး စောင်ဆိုင့်ပြီးငွေထုတ် ရတာ အတော်လေးကို စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်နေကြရတာ ဖြစ်ပါတယ်။ အမှန်တကယ် ငွေလိုအပ်နေတဲ့ သူတွေအတွက်က တော့ ဘယ်လောက် Percentage ဖြစ်ဖြစ် ငွေလဲယူနေကြရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့် ဆောင်းယွန်းစံက အားလုံး ခက်ခဲနေတဲ့အချိန်မှာ လူသားအချင်းချင်း စာနာကြရ အောင်လို့ ပြောပြလာတာ ဖြစ်ပါတယ်။

သိန်းထောင်ချီမဟုတ်ပဲ ၁သိန်း ၂သိန်း ကို 6% 8% 10% အစရှိသဖြင့်ပေးပြီး လဲတယ်ဆိုထဲက တကယ်ကို ငွေလိုလို့ သုံးစရာမ ရှိတော့လို့ လဲတာပါ လက်ထဲမှာ သုံးဖို့ပိုက်ဆံရှိနေရက်နဲ့ တော်ရုံ ဘယ်သူမှ Percentage ပေးပြီး မလဲပါဘူး။ တကယ်လို အပ်နေသူကို လုပ်မိရင် ငရဲကြီးပါတယ်ရှင့် တကယ်လိုအပ်နေသူတွေက အခြေခံသုံးကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ဝယ်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါပြီ အိမ်လခ မပေးနိုင်လို့ အိမ်ပေါ်ကဆင်းပေးရတော့မယ့်သူတွေရှိတယ်။

ဆေးဖိုးမတတ်နိုင်လို့ ရောဂါပိုခံစားရတော့မယ့်သူတွေရှိတယ် ခုလို ခက်ခဲနေချိန်မှာ လူသားချင်း စာနာကြရအောင်ပါ ဆိုပြီး ရေးသား မျှဝေပေးလာတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးလည်း အမြန်ဆုံးအောင်မြင်ပြီး ပြည်သူတွေ နေ့စဉ် ရင်ဆိုင်ကြုံ တွေ့နေတဲ့ ဒုက္ခတွေ ကင်းဝေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။မူးရင်းရေးသားသူကိုခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Tags:Cele New




