Sport news
ကစားသမား ၃ ဦး ဝယ်ယူအားဖြည့်မယ် ဟု ဆိုးရှား ပြော
မန်နေဂျာ အိုလေ ဂန်းနား ဆိုးရှားဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ အနည်းဆုံး ကစားသမား ( ၃ ) ဦး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒ‌ါ‌ေပမယ့် အသင်းဘုတ်အဖွဲ့ရဲ့ အပြောင်းအရွေ့ စျေးကွက်ကို ကိုင်တွယ်ဆောင်ရွက်မှုအပေါ်မှာလည်း များစွာမူတည်နေပါတယ်။
ဆိုရှားက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် နွေရာသီ အပြောင်းအရွေ့စျေးကွက်နဲ့ ပတ်သက်ပြီး “ ကျွန်တော်တို့က ပုံမှန် လုပ်ရိုးလုပ်စဥ်အတိုင်း ဆောင်ရွက်သွားဖို့ စီစဥ်နေပါတယ်။
ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာ ကြည့်ရပါမယ်။ ဒါက မပြီးဆုံးသေးတဲ့ လုပ်ငန်းတစ်ခုပါ။
အသင်းမှာ ဆက်နေမယ့် ကစားသမားတွေ ၊ အသင်းကို စွန့်ခွာမယ့်သူတွေကို စောင့်ကြည့်ရပါမယ် ။” လို့ ဆိုပါတယ်။
“ နောက်ပြီး ကျွန်တော်မကြာခဏ ပြောခဲ့သလိုပဲ အမှတ်ပေးဇယားမှာ ယခုထက်ပိုမြင့်တဲ့နေရာကို ရရှိနိုင်ဖို့ ကစားသမား နှစ်ဦး ၊ သုံးဦး ခေါ်ယူအားဖြည့်ရပါမယ်။”
“ အငှားသွားရောက်ကစားပြီး အသင်းကို ပြန်လာမယ့် ကစားသမားအချို့ရှိသလို ထွက်ခွာမယ့်သူတွေလည်း ရှိနိုင်ပါတယ်။
တချို့ ကစားသမား‌တွေကိုတော့ အတွေ့ရရှိဖို့ အငှားချတာတွေ ရှိလာနိုင်ပါတယ်။”
“ ဒါက လွဲပြီး ကျန်တာပြောဖို့ခက်ပါတယ်။ ကစားသမားများစွာ ထွက်ခွာမယ်လို့တော့ မမြင်မိပါဘူး။”
ယူနိုက်တက်က နှစ်စဥ် နှစ်တိုင်း ကစားသမားအများစုနဲ့ အပြောင်းအရေွ့ သတင်းထွက်လေ့ရှိပါတယ်။
လက်ရှိမှာလည်း ရာဖေးလ် ဗာရန်း ၊ ပေါလ် တောရက်် ၊ နှင့် ဒက်လန်ရိုက်စ်ကစပြီး ဂျေဒန် ဆန်ချို ၊ အာလင်း ဟာလန်း နှင့် ဟယ်ရီကိန်းထိ ပြောဆိုမှုတွေ ရှိနေပါတယ်။
နောက်ပြီး ဒီရာသီမှာ ယူနိုက်တက်ကနေ ကစားသမားအချို့ ထွက်ခွာပါလိမ့်မယ်။
အထူးသဖြင့် ဂျေစီလင်ဂတ် ၊ ဒါးလော့ ၊ အင်ဒရီ ပါရဲရား ၊ မာတစ် ၊ ဆာဂျီရိုရိုမဲရိုး ၊ ဂျိုး ပါရဲရား နှင့် ဂျူအန် မာတာ တို့ဖြစ်ပါတယ်။
နောက်ပြီး လာမယ့်ရာသီ ယူနိုက်တက်မှာ ဒီဂီယာ နှင့် ဟန်ဒါဆန်တို့ ( ၂ ) ဦးကို အတူတကွ တွေ့ရမယ်လို့ မထင််ပါဘူး။
ဒါကြောင့် ဆိုးရှားအနေနဲ့ လာမယ့် အပတ်တွေအတွင်းမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက် ချမှတ်ရဖို့ရှိနေပါတယ်။
Crd
Zawgyi
ယူနိုက်တက်က ယခု‌နွေရာသီမှာ ကစားသမား ( ၃ ) ဦး ခေါ်ယူဖို့ရှိ
ဒါ‌ပေမယ့် အသင်းဘုတ်အဖွဲ့ရဲ့ အပြောင်းအရွေ့ ဈေးကွက်ကို ကိုင်တွယ်ဆောင်ရွက်မှုအပေါ်မှာလည်း များစွာမူတည်နေပါတယ်။
ယူနိုက်တက်က နှစ်စဉ် နှစ်တိုင်း ကစားသမားအများစုနဲ့ အပြောင်းအရွေ့ သတင်းထွက်လေ့ရှိပါတယ်။ လက်ရှိမှာလည်း ရာဖေးလ် ဗာရန်း ၊ ပေါလ် တောရက် ၊ နှင့် ဒက်လန်ရိုက်စ်ကစပြီး ဂျေဒန် ဆန်ချို ၊ အာလင်း ဟာလန်း နှင့် ဟယ်ရီကိန်းထိ ပြောဆိုမှုတွေ ရှိနေပါတယ်။
Crd