ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ နောက်ဆုံးပွဲ ပွဲစဉ် ၃၈ ကို ရောက်ရှိလို့ လာပြီ ဖြစ်ပါတယ်။
မနက်ဖြန်တနင်္ဂနွေမှာ တပြိုင်နက် ကစားကြမယ့် နောက်ဆုံးပွဲတွေ အတွက် မိုက်ကယ် အိုဝင်တစ်ယောက် ခန့်မှန်းထားတာ ဘယ်လောက်အထိမှန်မလဲဆိုတာ ကြည့်ကြရအောင်ပါ။
ဝုဗ် Vs ယူနိုက်တက် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။
ဝုဗ်ဟာ ဒီရာသီရဲ့ ကာလအများစုမှာ လုံလောက်တဲ့ စွမ်းဆောင်မှု ရှိခဲ့ပါတယ်။
တကယ်လို့များ ရာအူးဂျီနီနက်သာ ရာသီအစမှာ ဆိုးရွားတဲ့ ဦးခေါင်းဒဏ်ရာ မရခဲ့ဘူးဆိုရင် ဝုဗ်ဟာ ဒီထက် အများကြီး ပိုကောင်းနေမှာပါ။
သရဲနီတွေရဲ့ ဒီရာသီ အဝေးကွင်း ပုံစံကောင်းက ဘောလုံးရာသီမှာ အားသာချက်ကြီး ဖြစ်ခဲ့ပါတယ်။
သူတို့ရဲ့ အဝေးကွင်းပွဲတွေကို ပြန်တွေးမိရင် ဒီပွဲမှာလည်း နောက်ထပ် သုံးမှတ် ယူမယ်ထင်ပါတယ်။
အိုဝင် ဂိုးခန့်မှန်းရလဒ် – ဝုဗ် 0-1 ယူနိုက်တက်
လက်စတာ Vs တော့တင်ဟမ် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။
မြေခွေးပြာတို့ဟာ top 4 တစ်နေရာစာ အတွက် တော့တင်ဟမ်ကို အနိုင်ရဖို့ လိုအပ်တဲ့ အပြင် လီဗာပူး ဒါမှမဟုတ် ချဲလ်ဆီး တစ်သင်းသင်း အမှတ်လျော့ဖို့ မျှော်လင့်ရတဲ့ အနေအထား ဖြစ်နေပါတယ်။
ကျွန်တော်ကတော့ စပါးဟာ အဝေးကွင်းနောက်ဆုံး ပွဲစဉ်မှာ ရမှတ်တွေ စုဆောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်။
အိုဝင်ဂိုး ခန့်မှန်းရလဒ် – လက်စတာ 1-2တော့တင်ဟမ်
အာဆင်နယ် Vs ဘရိုက်တန် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲမှာတော့ အာဆင်နယ်က နိုင်ပွဲ ရထားပါတယ်။
ဒါ့အပြင် ဒီပွဲမှာ အနည်းငယ် ပွဲပန်းနေဟန် ရှိမယ့် ဘရိုက်တန်နဲ့ တွေ့ရမှာ ဖြစ်လို့ ဂန်းနားတွေက ဘောလုံးရာသီကို ငါးပွဲဆက် အနိုင်နဲ့ ပိတ်သိမ်းနိုင်မယ် ထင်ပါတယ်။
အိုဝင်ဂိုး ခန့်မှန်းရလဒ်- အာဆင်နယ် 1-0 ဘရိုက်တန်
အက်စတွန်ဗီလာ Vs ချဲလ်ဆီး – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။
ချဲလ်ဆီး ပရိတ်သတ်တွေဟာ လာမယ့် တစ်ပတ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရင်ခုန်ရအုံးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီပွဲမတိုင်မီ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် သေချာအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။
ချဲလ်ဆီးဟာဗီလာပက်မှာ အကောင်းဆုံး ပုံစံနဲ့ ထွက်လာနိုင်ခဲ့မယ် ဆိုရင် ချဲလ်ဆီးတို့ ဒီပွဲကို နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အိုဝင် ဂိုးခန့်မှန်းရလဒ်- အက်စတွန်ဗီလာ 0-2 ချဲလ်ဆီး
လီဗာပူး Vs ခရစ္စတယ်ပဲလေ့စ် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။
လီဗာပူးအသင်းက ဒီနောက်ဆုံးပွဲအပြီး အဆင့် ၄ အတွင်း သေချာဖို့ ဆိုရင် လက်စတာနဲ့ ရလဒ် တူနေဖို့သာ လိုပါတယ်။
ဒါ့ထက် ပိုချင်ရင်တော့ ချဲလ်ဆီးထက် ရလဒ်ပိုကောင်းရင် အဆင့် ၃ ရနိုင်ပါတယ်။
အမှတ်မလိုတော့တဲ့ ပဲလေ့စ်လို အသင်းကို ရင်ဆိုင် ကစားရတာကြောင့် လီဗာပူးတို့ အလုပ် ပြီးမြောက်နိုင်မယ် ထင်ပါတယ်။
ဆာလက် ဂိုးသွင်းနိုင်ပါလိမ့်မယ်။
အိုဝင်ဂိုး ခန့်မှန်းရလဒ်- လီဗာပူး 2-1 ခရစ္စတယ်ပဲလေ့စ်
အခြားပွဲစဉ်များ အတွက် အိုဝင် ရဲ့ ခန့်မှန်းရလဒ်များ
West Ham United 2-1 Southampton
Sheffield United 1-1 Burnley
Fulham 1-2 Newcastle United
Leeds United 3-1 West Brom