Cele News International News

ထိုင်းဇာတ်လမ်းတွဲ ‘Girl from Nowhere’ ကို Boycott လုပ်နေကြတဲ့ တရုတ်အွန်လိုင်းအသုံးပြုသူများ

ထိုင်းဇာတ်လမ်းတွဲ ‘Girl from Nowhere’ ကို Boycott လုပ်နေကြတဲ့ တရုတ်အွန်လိုင်းအသုံးပြုသူများ

Netflix ရဲ့ နာမည်ကြီးလူကြိုက်များနေတဲ့ထိုင်းဇာတ်လမ်းတွဲ ‘Girl from Nowhere’ ကတော့ တရုတ်အင်တာနက်အသုံးပြုသူတွေရဲ့ Boycott လုပ်ကာ ကန့်ကွက်ရှုတ်ချခြင်းကို ခံနေရပြန်ပါတယ်။ အကြောင်းအရင်းကတော့ ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ ပိုစတာတစ်ခုကို official Facebook စာမျက်နှာမှာ တင်မိပြီးတဲ့နောက် အခုလိုပြဿနာနဲ့ကြုံတွေ့ခဲ့ရတာပါ။

အဆိုပါ ပိုစတာဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်အသုံးပြုသူတွေကြားကို “splitting up China” (တရုတ်နိုင်ငံကို တကွဲတပြားဖြစ်စေခြင်း) ဆိုတဲ့ခေါင်းစဥ်နဲ့ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ မေလ ၁၇ ရက်နေ့တုန်းက ဇာတ်လမ်းတွဲရဲ့ တရားဝင် Facebook စာမျက်နှာမှာ အဆင့်အလိုက် ကြည့်ရှုသူအများဆုံးရှိနေတဲ့နိုင်ငံနဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ပိုစတာသစ်တစ်ခုကို တင်ပေးခဲ့တာဖြစ်ပါတယ်။

ပိုစတာထဲမှာဆိုရင်”ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလုံးလေးတွေရဲ့နောက်မှာ နိုင်ငံအလံလေးတွေထည့်ပေးခဲ့တာပါ။ စင်ကာပူ၊ ထိုင်းနိုင်ငံနဲ့ ကြည့်ရှုနှုန်းများခဲ့တဲ့အခြားနိုင်ငံတွေအပြင် ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့ရဲ့ အလံတိုင်ကိုယ်စီကိုလည်း သီးခြားဖော်ပြခဲ့ပြီး ထိုင်ဝမ်နိုင်ငံအတွက် ကျေးဇူးတင်ကြောင်းရေးသားရမှာ Simplified Chinese ကို အသုံးပြုထားခဲ့ပါတယ်။

ယခုလိုမျိုးကျေးဇူးတင်ခဲ့တဲ့ပိုစတာပုံစံကြောင့် တရုတ်ပြည်ကိုကွဲထွက်စေတယ်ဆိုပြီး ပြဿနာပေါ်လာခဲ့တာပါပဲ။ ပိုစတာကိုတော့ နောက်ပိုင်းမှာ ဖျက်ချလိုက်ပြီး အလံတိုင်တွေမပါတဲ့ နောက်ထပ်ပိုစတာအသစ်ကို ပြန်တင်ပေးခဲ့ပါတယ်။ အသစ်ထွက်လာတဲ့ပိုစတာမှာတော့ ထိုင်ဝမ်အတွက် ဘာသာစကားမှာ traditional Chinese အဖြစ် ပြန်ပြောင်းပေးထားခဲ့ပါတော့တယ်။

ထွက်ရှိပြီးသိပ်မကြာခင်မှာပဲ ‘Girl from Nowhere’ ဇာတ်လမ်းတွဲက Netflix အသုံးပြုတဲ့ နိုင်ငံတော်တော်များများမှာ Top 10 ဝင်ခဲ့တာဖြစ်ပါတယ်။ ထိုင်း၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်တို့မှာ အဆင့် ၁.. မလေးရှားနိုင်ငံမှာ အဆင့် ၂ ချိတ်ဆွဲခဲ့ပြီး စင်ကာပူ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာတော့ အဆင့် ၃ နေရာကို ရယူထားနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူတွေကတော့ “ဟောင်ကောင်နဲ့ ထိုင်ဝမ်ကို သီးခြားနိုင်ငံတွေအဖြစ်ခွဲ​ထုတ်လိုက်လို့မဖြစ်ဘူးလေ..သူတို့က တရုတ်နိုင်ငံနဲ့ သက်ဆိုင်နေတယ်။ အခုအသစ်ထုတ်လိုက်တဲ့ ပိုစတာက တရုတ်ပြည်ကို တစ်စစီကွဲထွက်စေချင်နေတာပဲ.. ဒီဇာတ်လမ်းတွဲကို ငါတို့အနေနဲ့ Boycott သင့်တယ်” ဆိုပြီးရေးသားထားပါတယ်။

ဇာတ်လမ်းတွဲက Season ၂ခု ထွက်ရှိထားပြီး နားလည်ရခက်ခဲတဲ့ကျောင်းသူ Nanno အကြောင်းကိုရိုက်ကူးထားတာပါ။ ထွက်ပြီးတဲ့နောက်ပိုင်း တရုတ်ပြည်မကြီးရဲ့ platform တော်တော်များများမှာ မြင့်မားတဲ့ကြည့်ရှုသူနှုန်းကို ရရှိထားတာပါ။ ထောင်ပေါင်းများစွာသော အင်တာနက်သုံးသူတွေဟာ ဇာတ်လမ်းနဲ့ပတ်သက်ပြီး သုံးသပ်မှုတွေဟာလည်း တနေ့တခြားမြင့်တက်နေခဲ့ပါတယ်။

ဇာတ်ကောင် Nanno ရဲ့ လက်စားချေမှုတွေနဲ့ အပြစ်ပေးတဲ့ပုံစံတွေဟာ ထိန်းချုပ်မရတဲ့ဒေါသတွေ ပေါက်ကွဲထွက်လာတဲ့ပုံစံမျိုးဖြစ်တဲ့အပြင် ကျောင်းတွင်းအကြမ်းဖက်လည်း လူမှုနေ့စဥ်ဘဝမှာကြုံတွေ့နိုင်တာမျိုးတွေဖြစ်တာကြောင့် ဒါကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးပြသနိုင်တာကြောင့်လည် တရုတ်နိုင်ငံသုံး Sina Weibo မှာ မကြာခဏဆိုသလို လူပြောများတဲ့ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။

သို့ပေမယ့်လည်း အခုလို ပြဿနာမျိုးပေါ်ပေါက်ပြီးတဲ့နောက်မှာတော့ တရုတ်လူထုရဲ့စိတ်ဝင်စားမှုဟာ ပျောက်ဆုံးလို့နီးပါးဖြစ်လာခဲ့ပါပြီ။ ပိုစတာလေးတစ်ခုကြောင့် ဇာတ်လမ်းအကြောင်းအဓိကပြုလုပ်သူ Chinese vloggers တွေကမှအစ Netflix drama နဲ့ ပတ်သက်တဲ့ ဗွီဒီယိုပြုလုပ်ချက်တွေကို ဖျက်လိုက်ပြီဖြစ်ကြောင်း online ကနေ ကြေညာခဲ့ပါတယ်။

US မှာ ပညာတော်သင်သွားရောက်နေတဲ့ တရုတ်ကျောင်းသူတစ်ယောက်ကဆိုရင် “ဒီဇာတ်လမ်းကို video clip တစ်ခုမှတွေ့လိုက်တယ်.. ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းကို season 1 ကိုတောင် ကြည့်ပြီးပြီ.. season 2 ကိုလည်း ကြည့်ဖို့ရည်ရွယ်ထားခဲ့တယ်။

ဒါပေမဲ့ အခုတော့ မကြည့်တော့ဘူး.. ဒီဇာတ်လမ်းက မကျော်သင့်တဲ့စည်းကို ကျော်လာတာပဲ။ တရုတ်ပြည်မကြီးဆိုတဲ့ အမည်နာမ၊ ဥပ​ဒေကနေ ဘယ်သူမှ သွေဖီခွင့်မရှိဘူး။ ဇာတ်လမ်းထုတ်လုပ်ရေးဖက်က ပိုပြီးဂရုစိုက်သင့်တယ် ” ဆိုပြီး ပြောခဲ့ပါသေးတယ်။

တရုတ်နိုင်ငံသူ၊နိုင်ငံသားတွေကတော့ တရုတ်နိုင်ငံကြီးဝါဒအတိုင်း နိုင်ငံနဲ့ပတ်သက်လာရင် အထိမခံရွှေပန်းကန်တွေပါပဲနော်။ အခုချိန်ထိတော့ Girl from Nowhere ဇာတ်လမ်းတွဲဟာ ကျန်တဲ့နိုင်ငံတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိထားဆဲပါပဲ။

Crd