Local News ဗဟုသုတ

လူမသိသူမသိကျဆုံးသွားတဲ့ မောင်အောင်နိူင်ဝင်ရေးသားခဲ့သည့် စိတ်မကောင်းစရာအမေ့အတွက်စာ

Unicode

လူမသိသူမသိကျဆုံးသွားတဲ့ မောင်အောင်နိူင်ဝင်ရေးသားခဲ့သည့် စိတ်မကောင်းစရာအမေ့အတွက်စာ

“အမေရေ သားပြန်မလာရင် မငိုနဲ့နော် သားတိုက်ပွဲကျသွားရင်လည်းအမေအားငယ်စရာမလိုဘူး အမေနားမှာသားတစ်ချိန်လုံးရှိနေမှာ အိမ်မှာနေထမင်းကိုမှန်မှန်စား ကျန်းမာရေးလည်းဂရုစိုက် ထမင်းစားဖို့လိုက်ခေါ်မနေရစေနဲ့

အလှူရှင်တွေလာလို့လှူခဲ့သည်ရှိသော် အဲ့ပိုက်ဆံတွေအားလုံးကိုCDMလုပ်နေတဲ့ဝန်ထမ်းတွေကိုလှူနော် အမေပိုက်ဆံနဲ့ပဲ သားရဲ့နောက်ဆုံးခရီးကိုစီစဉ်ပေးပါ အရေးတော်ပုံအောင်မှဖစ်မယ်အမေရေ သားသွားလိုက်ဦးမယ်ဆိုပီး“အရေးကြီးပီညီနောင်အပေါင်းတို့ သွေးစီးကာညီစေညီကြစို့“ဆိုတဲ့သီချင်းလေးကိုအိမ်ပေါ်မှာအော်လံလေးကိုင်ပီးခေါက်တုန့်ခေါက်ပြန်အော်ဆိုရင်အမေကိုမောင်နှမနှစ်ယောက်စနေခဲ့တာ အမမေကရယ်လိုမောလို့ပေါ့

အမေကလည်းသားနဲ့သမီးရယ်အမေမငိုပါဘူးသားတုိ့အတွက်ဂုဏ်ယူနေမှာပါအေ“တဲ့ မမရေသားအတွက်အင်္ကျီလေးငှားပါဦးသေသွားခဲ့ရင်တောင်လှနေမှဖစ်မယ်ဆိုပီးအမကိုလည်းလှမ်းစနေတာ

အချိန်ရှိတုန်းမမရေသွားကြမယ်ဆိုပီးမဆုံးခင်ပထမရက်မှာမောင်နှမနှစ်ယောက်အတူအိမ်ကထွက်လာခဲ့ကြတယ် နောက်တစ်နေ့သူတစ်ယောက်တည်းအိမ်ကထွက်သွားတယ် သူထွက်သွားပီးမကြာဘူး ကျမလည်းနောက်ကလိုက်ပီးထွက်သွားရင်းသူဆီသွားမယ်ဆိုပီးဖုန်းဆက်တော့မကိုင်တော့ဘူး

ဖုန်းမကိုင်လို့ကျမလည်းကျမသူငယ်ချင်းတွေနဲ့လိုက်သွားပီးတစ်ခြားနေရာမှာ ဆန္ဒပြနေခဲ့တယ် တစ်ကယ်လို့သာသူဖုန်းကိုင်ခဲ့ရင်ကျမသူဆီရောက်သွားခဲ့ရင်သူသေမှာမဟုတ်ဘူးဘာပဲဖစ်ဖစ်မောင်လေးအတွက်မမရော မေမေပါဂုဏ်ယူပါတယ်

Zawgyi

လူမသိသူမသိက်ဆဳံးသြားတဲ့ ေမာင္ေအာင္နိူင္ဝင္ေရးသားခဲ့သည့္ စိတ္မေကာင္းစရာအေမ့အတြက္စာ

“အေမေရ သားျပန္မလာရင္ မငိုနဲ႕ေနာ္ သားတိုက္ပြဲက်သြားရင္လည္းအေမအားငယ္စရာမလိုဘူး အေမနားမွာသားတစ္ခ်ိန္လုံးရွိေနမွာ အိမ္မွာေနထမင္းကိုမွန္မွန္စား က်န္းမာေရးလည္းဂ႐ုစိုက္ ထမင္းစားဖို႔လိုက္ေခၚမေနရေစနဲ႕

အလႉရွင္ေတြလာလို႔လႉခဲ့သည္ရွိေသာ္ အဲ့ပိုက္ဆံေတြအားလုံးကိုCDMလုပ္ေနတဲ့ဝန္ထမ္းေတြကိုလႉေနာ္ အေမပိုက္ဆံနဲ႕ပဲ သားရဲ႕ေနာက္ဆုံးခရီးကိုစီစဥ္ေပးပါ အေရးေတာ္ပုံေအာင္မွဖစ္မယ္အေမေရ သားသြားလိုက္ဦးမယ္ဆိုပီး“အေရးႀကီးပီညီေနာင္အေပါင္းတို႔ ေသြးစီးကာညီေစညီၾကစို႔“ဆိုတဲ့သီခ်င္းေလးကိုအိမ္ေပၚမွာေအာ္လံေလးကိုင္ပီးေခါက္တုန့္ေခါက္ျပန္ေအာ္ဆိုရင္အေမကိုေမာင္ႏွမႏွစ္ေယာက္စေနခဲ့တာ အမေမကရယ္လိုေမာလို႔ေပါ့

အေမကလည္းသားနဲ႕သမီးရယ္အေမမငိုပါဘူးသားတုိ့အတြက္ဂုဏ္ယူေနမွာပါေအ“တဲ့ မမေရသားအတြက္အကၤ်ီေလးငွားပါဦးေသသြားခဲ့ရင္ေတာင္လွေနမွဖစ္မယ္ဆိုပီးအမကိုလည္းလွမ္းစေနတာ

အခ်ိန္ရွိတုန္းမမေရသြားၾကမယ္ဆိုပီးမဆုံးခင္ပထမရက္မွာေမာင္ႏွမႏွစ္ေယာက္အတူအိမ္ကထြက္လာခဲ့ၾကတယ္ ေနာက္တစ္ေန႕သူတစ္ေယာက္တည္းအိမ္ကထြက္သြားတယ္ သူထြက္သြားပီးမၾကာဘူး က်မလည္းေနာက္ကလိုက္ပီးထြက္သြားရင္းသူဆီသြားမယ္ဆိုပီးဖုန္းဆက္ေတာ့မကိုင္ေတာ့ဘူး

ဖုန္းမကိုင္လို႔က်မလည္းက်မသူငယ္ခ်င္းေတြနဲ႕လိုက္သြားပီးတစ္ျခားေနရာမွာ ဆႏၵျပေနခဲ့တယ္ တစ္ကယ္လို႔သာသူဖုန္းကိုင္ခဲ့ရင္က်မသူဆီေရာက္သြားခဲ့ရင္သူေသမွာမဟုတ္ဘူးဘာပဲဖစ္ဖစ္ေမာင္ေလးအတြက္မမေရာ ေမေမပါဂုဏ္ယူပါတယ္