သရစောပိန္နဲသီးခြောက်ပြုလုပ်နည်းနှင့်ပိန္နဲသီး၏ ဆေးဘက်ဝင်ပုံများ
ပိန်းနဲပင်က အာရှဒေသ အပူပိုင်းစွတ်စိုနေရာတွေမှာ အပေါက်အရောက်များတယ်။ သဘောဝအလျောက်လည်းပေါက်တယ်။
လူတွေစိုက်ပြီးတော့ စီးပွားဖြစ်လည်းထုတ်လုပ်တယ်။ အာဖရိကမှာဆို သူတို့အစိုးရက စားနပ်ရိက္ခာဖူလုံဖို့ စီမံချက်နဲ့စိုက်တယ်။
သူက အများကြီးသီးပြီး လူတွေဗိုက်ဝစေတာကိုး။ သူ့အစေ့ရဲ့အကာကို အနံအရသာနဲ့ဖန်တီးထားလို့ လူတွေနေရာအနှံ ယူသွားကြ၊ စားကြလုပ်လို့ မျိုးပွားခြင်းကို ကျယ်ပြန့်စေတာ။
ကြည့်စမ်းသဘာဝတရားကြီးက ဘယ်လောက်ထူးဆန်းလဲ။
ပါဝင်တဲ့ဓါတ်ပေါင်းတွေလည်းကြည့်ဦး ပိုတက်စီယမ်ပါတယ်။ သူက သွေးဖိအားကို ထိန်းညှိပေးရာမှာအထောက်အကူပြုတယ်။ သွေးတိုးသမားတွေ စားသင့်တယ်ဆိုပါတော့။
ပြီးတော့ အိုက်စိုဖလိုဘီယန်၊ ပိုက်တိုနယူထရီးယက်စ်နဲ့ အောက်တီအောက်စီတန့်ဓါတ်တွေပါလို့ ကင်ဆာဆဲလ်တွေကိုလျော့စေတယ်တဲ့။ ပုံမှန်စားရင်ကင်ဆာကာကွယ်ပြီးသားဖြစ်တဲ့အပြင် ကင်ဆာရောဂါရှိတဲ့လူတွေ နေ့တိုင်းစားသင့်တယ်။
ပြီးတော့ထူးခြားတာက သူက ခန္ဓာကိုယ်ထဲမှာ နေ့စဉ်ပျက်စီးနေတဲ့ဆဲလ်အရေအတွက်ကို ဟန့်တားပေးတော့အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ မဖြစ်တဲ့အပြင် ပုံမှန်နှစ်ရှည်စားတဲ့လူတွေဟာ ခန့်မှန်းအသက်ထက် ငယ်ရွယ်နေတာကို သုတေသနစာတမ်းတွေမှာ တွေ့ရတယ်။
အဲသည့်တော့ နုချင်ရင် ပိန်ဒဲသီး ပုံမှန်စားပေးပေါ့။ အဲ ပြီးတော့ သူ့ကိုစားရင် ဗိုက်ပြည့်သွားပြီး အစာစားချင်စိတ်ကကို လျော့ချပေးတယ်။ ဝိတ်ကျတယ်ပေါ့။
ကယ်စီယမ်ကလည်း ခက်များများပါတော့ အရိုးကျိုးတာ ပွတာတွေမဖြစ်နိုင်တော့ဘူး။ အမျှင်ဓါတ်ကလည်း အများကြီးပါတော့ ဝမ်းမချုပ်တော့ဘူး။
အစိမ်းချက်စားရင်တော့ အဖန်ဓါတ်နည်းနည်းပါလို့ ဝမ်းချုပ်စေတယ်။ အများကြီးစားရင် ရင်ပြည့်တယ်။ အစာခြေရည်တွေ အများကြီး အစာအိမ်ကထွက်လာလို့ အစာအိမ်သွေးကြောပေါက်တာ ဖြစ်နိုင်တယ်။
ဗိုက်ကြီးသည်တွေ၊ ဆီးချိုသမားတွေ၊ အစာအိမ်ရောဂါရှိတဲ့လူတွေ၊ ရာသီလာနေတဲ့ အမျိုးသမီးတွေ အများကြီးမစားသင့်ဘူး။
ပိန်နဲသီးကို နေရာဒေသအမျိုးမျိုးမှာ လူမျိုးအမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ အစားအစာတွေ လုပ်စားကြတယ်။မြန်မာပြည်မှာတော့ အစိမ်းကို အနုလေးတွေပြုတ်တို့တယ်။ အစိမ်းကို ပုံစံမျိုးစုံနဲ့ချက်စားတယ်။
အဲ .. အမှည့်ကိုတော့ သိပ်ပြီးထွေထွေထူးထူး လုပ်စားတာ မြန်မာတွေမှာ သိပ်မတွေ့ရဘူး။ ဒီအတိုင်းခွဲပြီး အားရပါးရ ဝိုင်းစားကြတာ။ သူကခွဲပြီးထားလိုက်ရင် ကြာရင်ချဉ်သွားလို့လေ။
ပိနျနဲသီးကောပြှန့လြိပနြဲ့ ပိန်နဲသီးစနွင်းမကင်းတော့ ရန်ကင်းဘက်မှာတစ်ခါဝယ်စားဖူးတယ်။ အရမ်းကောင်းတယ်။ယိုးဒယားကို အလည်သွားတုန်းကတော့ ပိနျနဲသီးမှည့ဖြွောရြညသြောကဖြှဈတယြ။ သူလည်းတော်တော်ကောင်းတယ်။
အဲ.. ပိန်နဲသီးနဲ့သရစောလုပျတဲ့နရောမှာတော့ ယိုးဒယားကို တို့မြန်မာတွေမမှီဘူး။ သူတို့တိုင်းပြည်ရဲ့ထုတ်ကုန်တစ်မျိုးဖြစ်လို့ ဧကတွေ ထောင်ချီပြီးစိုက်ကြတယ်။ အစိုးရကလည်း သေသေချာချာ ထောက်ပံ့အားပေးတယ်မြန်မာပြည်မှာလိုပေါ့နော်။
ပိန်နဲသီးခြောက်လုပ်ဖို့က နည်းသိရင်လွယ်လွယ်လေးပါ။ ပိန်နဲသီးတဈလုံးဝယျ။ အစေ့ထုတ်ပြီး အနေတော်လေးတွေလှီးထား။ ပြီးရင် သူ့ကို ဒီအတိုင်းနေပူလှန်းရုံနဲ့ သူကမခြောက်ဘူး ပြားကပ်ပြီးရွံ့တွတွကြီး ဖြစ်သွားတယ်။
သူ့ကို အခြောက်ခံစက်နဲ့မှရတာ။ ခုခေတ်ကတော့ အခြောက်ခံစက်တွေက ဈေးကွက်မှာ ဈေးသက်သက်သာသာနဲ့အလွယ်တကူဝယ်လို့ရနေတော့ လွယ်ပါတယ်။
သူ့ကို ၈၀ ဒီဂရီစင်တီဂရိတ်အပူချိန်နဲ့ ၈ နာရီတိတိ အခြောက်ခံစက်နဲ့ အခြောက်ခံ။ ပြီးရင် လေလုံဘူးလေး တခုခုနဲ့ထည့်ပြီးသိမ်းထား။
မုန့်လုပ်တော့မယ်ဆိုမှ သူ့ကို နှစ်သက်ရာအနံ့အရသာတစ်ခုခုနဲ့နယ်ပြီး ဆီပူပူမှာထည့်ကြော်ရတာ။ ကျွတ်ရွပြီး မွမွလေးပေါ့။ စတိုးဆိုင်က ပိန်နဲသီးခြောက်အရသာအတိုငျးပဲ။
အိန္ဒိယလူမျိုးတွေကတော့ အမှည့်ကိုပဲ တိုက်ရိုက်ဆီပူနဲ့ကြော်တာ။ သူလည်း ကျွတ်ရွပါတယ်။ ဒါပေမယ့် တာရှည်တော့ မခံဘူးပေါ့။
Unicod
ပိန်းနဲပင်က အာရှဒေသ အပူပိုင်းစွတ်စိုနေရာတွေမှာ အပေါက်အရောက်များတယ်။ သဘောဝအလျောက်လည်းပေါက်တယ်။
လူတွေစိုက်ပြီးတော့ စီးပွားဖြစ်လည်းထုတ်လုပ်တယ်။ အာဖရိကမှာဆို သူတို့အစိုးရက စားနပ်ရိက္ခာဖူလုံဖို့ စီမံချက်နဲ့စိုက်တယ်။
သူက အများကြီးသီးပြီး လူတွေဗိုက်ဝစေတာကိုး။ သူ့အစေ့ရဲ့အကာကို အနံအရသာနဲ့ဖန်တီးထားလို့ လူတွေနေရာအနှံ ယူသွားကြ၊ စားကြလုပ်လို့ မျိုးပွားခြင်းကို ကျယ်ပြန့်စေတာ။
ကြည့်စမ်းသဘာဝတရားကြီးက ဘယ်လောက်ထူးဆန်းလဲ။
ပါဝင်တဲ့ဓါတ်ပေါင်းတွေလည်းကြည့်ဦး ပိုတက်စီယမ်ပါတယ်။ သူက သွေးဖိအားကို ထိန်းညှိပေးရာမှာအထောက်အကူပြုတယ်။ သွေးတိုးသမားတွေ စားသင့်တယ်ဆိုပါတော့။
ပြီးတော့ အိုက်စိုဖလိုဘီယန်၊ ပိုက်တိုနယူထရီးယက်စ်နဲ့ အောက်တီအောက်စီတန့်ဓါတ်တွေပါလို့ ကင်ဆာဆဲလ်တွေကိုလျော့စေတယ်တဲ့။ ပုံမှန်စားရင်ကင်ဆာကာကွယ်ပြီးသားဖြစ်တဲ့အပြင် ကင်ဆာရောဂါရှိတဲ့လူတွေ နေ့တိုင်းစားသင့်တယ်။
ပြီးတော့ထူးခြားတာက သူက ခန္ဓာကိုယ်ထဲမှာ နေ့စဉ်ပျက်စီးနေတဲ့ဆဲလ်အရေအတွက်ကို ဟန့်တားပေးတော့အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ မဖြစ်တဲ့အပြင် ပုံမှန်နှစ်ရှည်စားတဲ့လူတွေဟာ ခန့်မှန်းအသက်ထက် ငယ်ရွယ်နေတာကို သုတေသနစာတမ်းတွေမှာ တွေ့ရတယ်။
အဲသည့်တော့ နုချင်ရင် ပိန်ဒဲသီး ပုံမှန်စားပေးပေါ့။ အဲ ပြီးတော့ သူ့ကိုစားရင် ဗိုက်ပြည့်သွားပြီး အစာစားချင်စိတ်ကကို လျော့ချပေးတယ်။ ဝိတ်ကျတယ်ပေါ့။
ကယ်စီယမ်ကလည်း ခက်များများပါတော့ အရိုးကျိုးတာ ပွတာတွေမဖြစ်နိုင်တော့ဘူး။ အမျှင်ဓါတ်ကလည်း အများကြီးပါတော့ ဝမ်းမချုပ်တော့ဘူး။
အစိမ်းချက်စားရင်တော့ အဖန်ဓါတ်နည်းနည်းပါလို့ ဝမ်းချုပ်စေတယ်။ အများကြီးစားရင် ရင်ပြည့်တယ်။ အစာခြေရည်တွေ အများကြီး အစာအိမ်ကထွက်လာလို့ အစာအိမ်သွေးကြောပေါက်တာ ဖြစ်နိုင်တယ်။
ဗိုက်ကြီးသည်တွေ၊ ဆီးချိုသမားတွေ၊ အစာအိမ်ရောဂါရှိတဲ့လူတွေ၊ ရာသီလာနေတဲ့ အမျိုးသမီးတွေ အများကြီးမစားသင့်ဘူး။
ပိန်နဲသီးကို နေရာဒေသအမျိုးမျိုးမှာ လူမျိုးအမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ အစားအစာတွေ လုပ်စားကြတယ်။မြန်မာပြည်မှာတော့ အစိမ်းကို အနုလေးတွေပြုတ်တို့တယ်။ အစိမ်းကို ပုံစံမျိုးစုံနဲ့ချက်စားတယ်။
အဲ .. အမှည့်ကိုတော့ သိပ်ပြီးထွေထွေထူးထူး လုပ်စားတာ မြန်မာတွေမှာ သိပ်မတွေ့ရဘူး။ ဒီအတိုင်းခွဲပြီး အားရပါးရ ဝိုင်းစားကြတာ။ သူကခွဲပြီးထားလိုက်ရင် ကြာရင်ချဉ်သွားလို့လေ။
ပိနျနဲသီးကောပြှန့လြိပနြဲ့ ပိန်နဲသီးစနွင်းမကင်းတော့ ရန်ကင်းဘက်မှာတစ်ခါဝယ်စားဖူးတယ်။ အရမ်းကောင်းတယ်။ယိုးဒယားကို အလည်သွားတုန်းကတော့ ပိနနြဲသီးမှည့ဖွှောရွညသွောကဖွှဈတယွ။ သူလည်းတော်တော်ကောင်းတယ်။