Health Knowledge Knowledge Sharing ကျန်းမာရေး

ကျောက်ကပ်ရောဂါကိုပေါ့ပေါ့သေးသေးလို့မထင်လိုက်ပါနဲ့

ကျောက်ကပ် ပျက်ဆီးလာတာကို စောစောသိနိုင်မယ့် လက္ခဏာများ

ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်ကသွေးထဲကအဆိပ်အတောက်နဲ့အညစ်အကြေးတွေကိုစကာသဖွယ်စစ်ထုတ်ပေးပြီးဆီးအဖြစ်အသွင်ပြောင်းလဲကာခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတာဖြစ်ပါတယ်။

ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာခန္ဓာကိုယ်တွင်းမှာစုလာတဲ့အဆိပ်တွေကိုပုံမှန်ကုသမှုခံယူပြီးမထုတ်ပေးနိုင်ဘူးဆိုရင်၆လအတွင်းအသက်ဆုံးရှုံးနိုင်ပါတယ်။

ရောဂါလက္ခဏာများ

၁။ ခဏခဏဆီးသွားချင်ပြီးတစ်ကယ်သွားတဲ့အခါနည်းနည်းလေးသာသွားခြင်းတစ်ကယ်ဆီးစွန့်တဲ့အခါမှာတော့အနည်းငယ်သာစွန့်ပါတယ်။

၂။ မျက်ဝန်းတစ်ဝိုက်ညိုမဲလာခြင်းပွန်းပဲ့ဒဏ်ရာသဖွယ်မျက်ဝန်းနားတစ်ဝိုက်အညိုအမဲတွေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

၃။ ခြေချင်းဝတ်နဲ့ခြေထောက်တွေညိုမည်းလာခြင်း၊ခြေထောက်ရဲ့ဖောရောင်နေတဲ့နေရာတွေကိုလက်နဲ့ခဏဖိထားပြီးပြန်မတဲ့အခါလက်ရာအတိုင်းကျန်နေခဲ့ခြင်း။

၄။ အနီရောင်သန်းတဲ့ဆီးသွားခြင်း၊ဆီးထဲကိုသွေးယိုစိမ့်မှုရှိတဲ့အတွက်ဒီလိုဆီမျိုးသွားနေတာဖြစ်ပါတယ်။

၅။ ဆီးညစ်ခြင်း၊အမြုတ်များခြင်းပရိုတိန်းဓါတ်တွေဆီထဲပါလာပြီးအခုလိုဖြစ်တာဖြစ်ပါတယ်။

၆။ အသားအရေခြောက်ပြီးယားယံခြင်း၊ရေနဲ့အဟာရဓါတ်တို့ကိုသွေးထဲမှာအချိုမျှတမှုမရှိခြင်း။

၇။ ကြွက်သားများအလွယ်တစ်ကူနာကျင်ခြင်း၊ခါးနောက်ကျောနာကျင်ခြင်း။

၈။ အမြဲအားနည်းသလိုခံစားရခြင်း၊အကြောင်းမရှိပဲနုံးချိနေခြင်း၊သွေးနီဥတွေလျော့နည်းလာပြီးသွေးအားနည်းခြင်း။

၉။ အိပ်မပျော်ခြင်း၊အစားအသောက်ပျက်ခြင်း၊ခန္ဓာကိုယ်ထဲမှာ ကျောက်ကပ်ကစွန့်ထုတ်ပေးရမယ့်အဆိပ်တွေမစွန့်နိုင်တာကြောင့်များလာလေလေအစာစားချင်စိတ်ကိုခန္ဓာကိုယ်ကငြင်းဆန်လေလေဖြစ်ပြီးစားချင်သောက်ချင်စိတ်ကုန်ခမ်းလာပါတယ်။

သွေးတိုးရှိသူများ၊ဆီးချိုဝေဒနာခံစားနေရသူများ၊မိသားစုမှာကျောက်ကပ်ရောဂါရာဇဝင်ရှိခြင်းနဲ့အသက်၆၀ကျော်အသက်အရွယ်ကြီးရင့်လာသူတွေမှာကျောက်ကပ်ပျက်ဆီးမှုဖြစ်နိုင်ချေသာမန်ထက်ပိုပြီးမြင့်မားပါတယ်။

crd