ရခိုင်မုန့်တီကြိုက်သူများနှင့်စီးပွားဖြစ်ရောင်းချလိုသူများအတွက်ရခိုင်ရိုးရာ မုန့်တီ ချက်နည်း
ရခိုင်ရိုးရာ မုန့်တီချက်နည်း
ကျွန်တော်ရခိုင်မုန့်တီကြိုက်ပါသည်။ကျွန်တော်မုန့်တီ မချက်တတ်ပါ။
သို့သော် မြောက်ဦးမြို့နယ် ဇီးဇာကျွန်း ကအဖိုး ဦးလှကျော်ဖြူ ရိုးရာမုန့်တီချက်နည်းကို(၁၉၆၅-၆၆) လောက်ကလေ့လာမှတ်သားဖူးပါသည်။
မုန့်တီသမိုင်း(ပါးစပ်ရာဇဝင်)
BC-5/6 ရာစုခန့်က ဓညတီပြည်တွင် စန္ဒသူရိယမင်းလောင်းလျာ သည် မိခင်ဝမ်း၌ကိုယ်ဝန်စွဲကပ်သောအခါက မိဖုရားကြီးသည်ညအိပ်ပျော်နေစဉ် မြေကြီးထဲမှ တီကောင်များကို
စားရသည်ဟု အိပ်မက်မက်ပြီး တီကောင်များကို စားချင်သည့် အာသာဆန္ဒ ချင်ခြင်းတပ်လေရကား ဘုရင်ကြီးအားသူမ၏ ချင်ခြင်းကိုလျှောက်ထားလေ၏။
ဘုရင်ကြီးက မသင့်တော်ကြောင်းတားမြစ်ပါသော်လည်း သူမ၏ ချင်ခြင်းဆန္ဒကို မဖြေဖျောက်နိုင်ဖြစ်ရကားစိတ်ဆင်းရဲခြင်းကြီးစွာဖြစ်ရလေ၏။ နောက်ဆုံးတွင် မိဖုရားခေါင်ကြီး၏ ပြင်းပြသောအာသာဆန္ဒကိုဖြည့်ဆည်းရန် ပညာရှိအမတ်များနှင့် တိုင်ပင်တော်မူလေ၏။
ထိုအခါပညာရှိတို့ကတီကောင်ဆိုသည် စားအပ်သောအရာမဟုတ်။ သို့သော်မိဖုရားကြီ၏ ချင်ခြင်းတပ်မှုကို မဖြည့်ဆည်း
နိုင်ပါကမိဖုရားကြီးမှာ မစားနိုင်မအိပ်နိုင် ကျန်းမာရေးထိခိုက်လျှက်ရှိရကားတီကောင်နှင့်တူသော မုန့်တစ်မျိုးကို ဖန်တီးပြီးကျွေးမွေးရန်အကြံပြုကြ၏။
ထို့ကြောင့် ဆန်ကိုအချဉ်ဖောက်ပြီးညက်စွာထုထောင်းနယ်ဖတ်လျှက် တီကောင်ကဲ့သို့ အရောင်ဆိုးကာ ရွှေခွက်ကြီးတစ်ခုတွင်ထည့်၏။
ထိုနောက်အပေါက်ငယ်များ ဖောက်ထားသော ရွှေပြားဖြင့် အပေါ်မှအုပ်ကာ မိဖုရားကြီးအား အပေါ်မှ တက်နင်းစေ၏။
ထိုအခါ မုန့်ပျော့ဖတ်များသည်ရွှေပြား၏ အပေါက်ငယ်များမှ တီကောင်ငယ်များသဖွယ် လူးလွန့် ထိုးထွက်လာလေ၏။
မိဖုရားကြီးလည်း တီကောင်သဏ္ဍာန် မုန်အမျှင်များကို ဝမ်းသာအားရ ယူငင်ကာ စားသုံးလေသဖြင့် ချင်ခြင်းဆန္ဒပြည့်ဝလေ၏။
ထိုနောက်ကျန်သောမုန့်များကို စားချင်စဖွယ်ပြုပြင်စားသောက်ကြသဖြင့် မုန့်တီစားသုံးသုံးခြင့်ဓလေ့ ဓညဝတီပြည်တွင် ထွန်းကားလာလေ၏။ မုန့်တီစားရာတွင် အရည်သောက်ဟင်းချိုနစ်မျိုးဖြင့် တွဲဖက်စားသောက်ကြရ၏။
နောင်ကာလကြာသောအခါ ဟင်းချိုးရည်ကို သီးခြားမထားတော့ဘဲ မုန့်ဖတ်နှင့်ရောနှောကာ သောက်ကြလေ၏။ထို့ကြောင့် ဓညဝတီရခိုင်ပြည်တွင် (BC-5) ရာစုခန့်မှစ၍မုန့်တီသောက်သည့်ဓလေ့ ထွန်းကားခဲ့သည်ဆို၏။
လိုအပ်သောပစ္စည်းများ
၁။ အဝကျယ်မြေအိုးတစ်လုံး။
၂။ အိုးအဖုံး။
၃။ အင်းဂရားချိုင်ငပိ(မျှင်ငပိ)
၄။ သင်းပေါင်းထိုးခြောက်(ငါးရွှေခြောက်) (ငါးရွှေခြောက်သည် ကြပ်တိုက်ခြောက်ဖြစ်ရမည်)(နေလှန်းခြောက်သည်အနံ့မမွှေးပါ)(အကောင်းကြီးသားပိုကောင်းသည်)
၅။ ပဒဂြေ ာ (ပဒဲကော)
၆။ ချင်းစိမ်း(ဂျင်း)
၇။ ဆိတ်ဖူး
၈။ ငရုပ်ကောင်း
၉။ ကြက်သွန်ဖြူ
၁၀။ မှင်းကျိုးသီးအစိမ်း(မကျည်းစိမ်း)မကျည်းစိမ်းရာသီမဟုတ်ပါက မကျည်းမှည့်(မှင်းကျိုးသီးအပိ) ကိုသုံးပါသည်)
၁၁။ ငရုပ်သီးခြောက်
၁၂။ နံနံပင်ပေါက်
၁၃။ ဆန်
၁၄။ ဆား
၁၅။ ပဲဆီ/နှမ်းဆီ
မုန့်ဖတ်လုပ်ခြင်း
ရှေးဦးစွာ ဆန်ကို အဝတ်အိပ်အဖြူများတွင်ထည့်ပြီးစင်ပေါ်တင်ကာ ရေစိမ် ရေလောင်းပေးထားရမည်။(၅-၇)ရက်ခန့်ကြာသောအခါ ဆန်သည်အချဉ်ပေါက်ပြီး ပျော့လာမည်။ ထိုဆန်ကို ကောင်းစွာနယ် ဆုံတွင်ညက်အောင်ထောင်းပြီး မုန့်ညှစ်ဆုံတွင်ညှစ်ရမည်။
ထွက်လာသောမုန့်တီအမျှင်များကို ပွက်ပွက်ဆူနေသော ရေနွေးအိုးဖြင့်ခံယူပြီး ကျက်လျှင်ဆယ်ယူရမည်။ တစ်ကြိမ်တစ်ဆုံညှစ်လျှင်တစ်ဆွဲ ဟုခေါ်သည်။
မုန့်တီဟင်းရည်ကြိုခြင်း။
မြေအိုးတွင် ဦးစွာရေ သင့်ရုံ ထည့်ပြီးမျှင်ငပိလိုသလောက်ထည့်ကာ မီးပြင်းပြင်းဖြင့်ရေခမ်းသည်အထိကြိုရမည်။(ခြောက်ကပ်သည်အထိမကြိုရပါ)
ထိုသို့ကြိုခြင်းကိုငပိသတ်သည်ဟုခေါ်ပါသည်။ငပိသတ်စဉ် အိုးအဖုံးကို ဖွင့်ထားရမည်။(မကောင်းသည့်အနံ့အသက်များထွက်သွားရန်)(ငပိကိုသတ်ခြင်းဖြင့်အနံ့အရသာပိုကောင်းလာပါသည်။)
ဆားအနည်းငယ်ထည့်ရမည်။ငပိသတ်ပြီးသောအခါ ရေကိုလိုသလောက်ထပ်ထည့်ရမည်။သင်းပေါင်းထိုးကို လက်သုံးလုံးခန့် အပိုင်းပိုင်းဖြတ်ပြီးထည့်ရမည်။ ချင်းစိမ်း နှင့်ပဒဲကော ကြက် သွန်ဖြူ သင့်သလောက် ထောင်းထည့်ရမည်။
ငရုပ်ကောင်းအနဲငယ်ထောင်းထည့်ရမည်။ထိုနောက် သင်းပေါင်းထိုးများ နူးအိပြီ ဟင်းရည်နံ့ မွှေးကြိုင်လာသည်ထိ မီးပြင်းပြင်းဖြင့် ကြိုရမည်။ကြို၍ကျက်သောအခါ မီးငွေ့ငွေ့ ဖြင့်ဆက်လက်ကြိုထားရမည်။(မြေအိုးသည် အိုးသစ်ဖြစ်ပါက ရေဝအောင်စိမ်ပေးပြီး ရေဖြင့် နာရီများစွာကြိုပေးရမည်)
ဆိတ်ဖူး၊ ဂျင်း နှင့်ကြက်သွန်ဖြူ သင့်သလောက်ကိိုဆုံဖြင့်ထောင်းပြီး အိုးအဖုံး အတွင်းဘက် ချိုင့်ခွက်တွင်ဖိသိပ်ထည့်ကာ ပိတ်စသန့်သန့်ဖြင့် သေချာစွာပိတ်ပြီးစည်းနှောင်ကာဟင်းရည်အိုးပေါ်တွင် မှောက်လျှက်ဖုံးထားရမည်။
သို့မှသာ အိုးမှထွက်လာသောအငွေ့ကြောင့်ဆိတ်ဖူး ပဒဲကော ဂျင်းတို့မှ စီးကျလာသောအရည်များဖြင့်ဟင်းရည်သည်အမြဲတန်း မွှေးကြိုင်နေမည်။
ငါးမှုန့်
ဟင်းရည်ကြိုပြီးသည့်အခါ သင်းပေါင်းထိုးအဖတ်များကို
အကုန်ဆယ်ယူပြီး အရိုးထွင်ကာ အသားကို ဆုံတွင် ခပ်ဖွဖွထောင်းပြီးဆနွင်းအနည်းငယ်ဖြင့်နယ်ကာ ဆီအနဲငယ်ဖြင့် အိုးကင်းပူတိုက် ဒလိမ့်ထိုးရမည်။(ငါးမှုန့်ဟုခေါ်ပါသည်)
ကြက်သွန်ကြော်/ဆီကျက်
ကြက်သွန်ဖြုအတက်ငယ်များကို ကန့်လန့်ဖြတ်အဝိုင်းငယ်များရအောင်လှီးကာ ဆီများများဖြင့်ကြွတ်နေအောင်ကြော်ရမည်။
အချည်ရည်။
မကျည်းသီးအစိမ်းကိုပြုတ်ပြီး ခွက်တစ်ခုတွင်ထည့်ကာ မုန်တီဟင်းရည်အနဲငယ်ဖြင့်ဇွန်းဖြင့်ထိုးခြေထားရမည်။
ငရုပ်သီးချက်
ငရုပ်သီးခြောက်ကို ညက်စွာထောင်းပြီးပဲဆီဖြင့် အိနေအောင် ကြော်ချက် လုပ်ထားရမည်။
ငရုပ်ကောင်းကို အမှုန့်ထောင်းပြီးခွက်တစ်ခုတွင်ထည့်ထားရမည်။နံနံပင်ပေါက် ကိုသန့်အောင်ဆေးပြီး ခွက်တစ်ခွက်ဖြင့်ထည့်ထားရမည်။အငံအလေး ကြိုက်သူများအတွက် ဆားတစ်ခွက်ပြင်ဆင်ထားရမည်။
ရခိုင် မုံ့တီစားနည်း။
မုန့်ဖတ်ထည့်ပါ။ဆီကျက်(ကြက်သွန်ကြော်) ထည့်ပါ။ငါးမှုန့်အနဲငယ်ထည့်ပါအချည်ရည်ထည့်ပါအစပ်ကြိုက်လျှင်ငရုပ်သီးဆီချက်ထည့်ပါ အပူဓာတ်အတွက်ငရုပ်ကောင်းမှု့န့်သင့်သလောက်ထည့်ပါ။
ဟင်းရည်ထည့်ပါ။နံနံပင်ပေါက်အနည်းငယ်ကို နောက်ဆုံးမှထည့်ပါ။စားနိုင်ပါပြီ။
မှတ်ချက်
ရခိုင်လူမျိုးတို့သည် မုန့်တီ ကို မ စား ကြပါ။မုန့်တီသောက်သည် ဟုပြောကြပါသည်။
အထူးမှာကြားချက်
မိတ်ဆွေသည် ရခိုင်မုန့်တီကိုဆိုင်မှာဝယ်စားပါကမုန့်တီစားပြီးလျှင် အစပ်ပြေမုန့်ဖတ်အနည်းငယ်တောင်းစားဖို့မမေ့ပါနှင့်။
ကျေးဇူးတင်ပါသည်။ထွန်းအောင်ကျော်( ကျွဲတဲ/ကွမ်းသီးတော)
Zawgyi
ရခိုင်ရိုးရာ မုန့်တီချက်နည်း
ကျွန်တော်ရခိုင်မုန့်တီကြိုက်ပါသည်။ကျွန်တော်မုန့်တီ မချက်တတ်ပါ။
သို့သော် မြောက်ဦးမြို့နယ် ဇီးဇာကျွန်း ကအဖိုး ဦးလှကျော်ဖြူ ရိုးရာမုန့်တီချက်နည်းကို(၁၉၆၅-၆၆) လောက်ကလေ့လာမှတ်သားဖူးပါသည်။
မုန့်တီသမိုင်း(ပါးစပ်ရာဇဝင်)
BC-5/6 ရာစုခန့်က ဓညတီပြည်တွင် စန္ဒသူရိယမင်းလောင်းလျာ သည် မိခင်ဝမ်း၌ကိုယ်ဝန်စွဲကပ်သောအခါက မိဖုရားကြီးသည်ညအိပ်ပျော်နေစဉ် မြေကြီးထဲမှ တီကောင်များကို
စားရသည်ဟု အိပ်မက်မက်ပြီး တီကောင်များကို စားချင်သည့် အာသာဆန္ဒ ချင်ခြင်းတပ်လေရကား ဘုရင်ကြီးအားသူမ၏ ချင်ခြင်းကိုလျှောက်ထားလေ၏။
ဘုရင်ကြီးက မသင့်တော်ကြောင်းတားမြစ်ပါသော်လည်း သူမ၏ ချင်ခြင်းဆန္ဒကို မဖြေဖျောက်နိုင်ဖြစ်ရကားစိတ်ဆင်းရဲခြင်းကြီးစွာဖြစ်ရလေ၏။ နောက်ဆုံးတွင် မိဖုရားခေါင်ကြီး၏ ပြင်းပြသောအာသာဆန္ဒကိုဖြည့်ဆည်းရန် ပညာရှိအမတ်များနှင့် တိုင်ပင်တော်မူလေ၏။
ထိုအခါပညာရှိတို့ကတီကောင်ဆိုသည် စားအပ်သောအရာမဟုတ်။ သို့သော်မိဖုရားကြီ၏ ချင်ခြင်းတပ်မှုကို မဖြည့်ဆည်း
နိုင်ပါကမိဖုရားကြီးမှာ မစားနိုင်မအိပ်နိုင် ကျန်းမာရေးထိခိုက်လျှက်ရှိရကားတီကောင်နှင့်တူသော မုန့်တစ်မျိုးကို ဖန်တီးပြီးကျွေးမွေးရန်အကြံပြုကြ၏။
ထို့ကြောင့် ဆန်ကိုအချဉ်ဖောက်ပြီးညက်စွာထုထောင်းနယ်ဖတ်လျှက် တီကောင်ကဲ့သို့ အရောင်ဆိုးကာ ရွှေခွက်ကြီးတစ်ခုတွင်ထည့်၏။
ထိုနောက်အပေါက်ငယ်များ ဖောက်ထားသော ရွှေပြားဖြင့် အပေါ်မှအုပ်ကာ မိဖုရားကြီးအား အပေါ်မှ တက်နင်းစေ၏။
ထိုအခါ မုန့်ပျော့ဖတ်များသည်ရွှေပြား၏ အေပါက္ငယ္မ်ားမွ တီကောင်ငယ်များသဖွယ် လူးလွန့် ထိုးထွက်လာလေ၏။
မိဖုရားကြီးလည်း တီကောင်သဏ္႑ာန် မုန်အမျှင်များကို ဝမ်းသာအားရ ယူငင်ကာ စားသုံးလေသဖြင့် ချင်ခြင်းဆန္ဒပြည့်ဝလေ၏။
ထိုနောက်ကျန်သောမုန့်များကို စားချင်စဖွယ်ပြုပြင်စားသောက်ကြသဖြင့် မုန့်တီစားသုံးသုံးခြင့်ဓလေ့ ဓညဝတီပြည်တွင် ထွန်းကားလာလေ၏။ မုန့်တီစားရာတွင် အရည်သောက်ဟင်းချိုနစ်မျိုးဖြင့် တွဲဖက်စားသောက်ကြရ၏။
နောင်ကာလကြာသောအခါ ဟင်းချိုးရည်ကို သီးခြားမထားတော့ဘဲ မုန့်ဖတ်နှင့်ရောနှောကာ သောက်ကြလေ၏။ထို့ကြောင့် ဓညဝတီရခိုင်ပြည်တွင် (BC-5) ရာစုခန့်မှစ၍မုန့်တီသောက်သည့်ဓလေ့ ထွန်းကားခဲ့သည်ဆို၏။
လိုအပ်သောပစ္စည်းများ
၁။ အဝကျယ်မြေအိုးတစ်လုံး။
၂။ အိုးအဖုံး။
၃။ အင်းဂရားချိုင်ငပိ(မျှင်ငပိ)
၄။ သင်းပေါင်းထိုးခြောက်(ငါးရွှေခြောက်) (ငါးရွှေခြောက်သည် ကြပ်တိုက်ခြောက်ဖြစ်ရမည်)(နေလှန်းခြောက်သည်အနံ့မမွှေးပါ)(အကောင်းကြီးသားပိုကောင်းသည်)
၅။ ပဒဂြေ ာ (ပဒဲကော)
၆။ ချင်းစိမ်း(ဂျင်း)
၇။ ဆိတ္ဖူး
၈။ ငရုပ်ကောင်း
၉။ ကြက်သွန်ဖြူ
၁၀။ မှင်းကျိုးသီးအစိမ်း(မကျည်းစိမ်း)မကျည်းစိမ်းရာသီမဟုတ်ပါက မကျည်းမှည့်(မှင်းကျိုးသီးအပိ) ကိုသုံးပါသည်)
၁၁။ ငရုပ်သီးခြောက်
၁၂။ နံနံပင်ပေါက်
၁၃။ ဆန်
၁၄။ ဆား
၁၅။ ပဲဆီ/နှမ်းဆီ
မုန့်ဖတ်လုပ်ခြင်း
ရှေးဦးစွာ ဆန္ကို အဝတ်အိပ်အဖြူများတွင်ထည့်ပြီးစင်ပေါ်တင်ကာ ရေစိမ် ရေလောင်းပေးထားရမည်။(၅-၇)ရက်ခန့်ကြာသောအခါ ဆန်သည်အချဉ်ပေါက်ပြီး ပျော့လာမည်။ ထိုဆန္ကို ကောင်းစွာနယ် ဆုံတွင်ညက်အောင်ထောင်းပြီး မုန့်ညှစ်ဆုံတွင်ညှစ်ရမည်။
ထွက်လာသောမုန့်တီအမျှင်များကို ပွက်ပွက်ဆူနေသော ရေနွေးအိုးဖြင့်ခံယူပြီး ကျက်လျှင်ဆယ်ယူရမည်။ တစ်ကြိမ်တစ်ဆုံညှစ်လျှင်တစ္ဆြဲ ဟုခေါ်သည်။
မုန့်တီဟင်းရည်ကြိုခြင်း။
မြေအိုးတွင် ဦးစွာရေ သင့်ရုံ ထည့်ပြီးမျှင်ငပိလိုသလောက်ထည့်ကာ မီးပြင်းပြင်းဖြင့်ရေခမ်းသည်အထိကြိုရမည်။(ခြောက်ကပ်သည်အထိမကြိုရပါ)
ထိုသို့ကြိုခြင်းကိုငပိသတ်သည်ဟုခေါ်ပါသည်။ငပိသတ်စဉ် အိုးအဖုံးကို ဖွင့်ထားရမည်။(မကောင်းသည့်အနံ့အသက်များထွက်သွားရန်)(ငပိကိုသတ်ခြင်းဖြင့်အနံ့အရသာပိုကောင်းလာပါသည်။)
ဆားအနည်းငယ်ထည့်ရမည်။ငပိသတ်ပြီးသောအခါ ရေကိုလိုသလောက်ထပ်ထည့်ရမည်။သင်းပေါင်းထိုးကို လက်သုံးလုံးခန့် အပိုင်းပိုင်းဖြတ်ပြီးထည့်ရမည်။ ချင်းစိမ်း နှင့်ပဒဲကော ကြက် သွန်ဖြူ သင့်သလောက် ထောင်းထည့်ရမည်။
ငရုပ်ကောင်းအနဲငယ်ထောင်းထည့်ရမည်။ထိုနောက် သင်းပေါင်းထိုးများ နူးအိပြီ ဟင်းရည်နံ့ မွှေးကြိုင်လာသည်ထိ မီးပြင်းပြင်းဖြင့် ကြိုရမည်။
ကြို၍ကျက်သောအခါ မီးငွေ့ငွေ့ ဖြင့်ဆက်လက်ကြိုထားရမည်။(မြေအိုးသည် အိုးသစ်ဖြစ်ပါက ရေဝအောင်စိမ်ပေးပြီး ရေဖြင့် နာရီများစွာကြိုပေးရမည်)
ဆိတ္ဖူး၊ ဂျင်း နှင့်ကြက်သွန်ဖြူ သင့်သလောက်ကိိုဆုံဖြင့်ထောင်းပြီး အိုးအဖုံး အတွင်းဘက် ချိုင့်ခွက်တွင်ဖိသိပ်ထည့်ကာ ပိတ်စသန့်သန့်ဖြင့် သေချာစွာပိတ်ပြီးစည်းနှောင်ကာဟင်းရည်အိုးပေါ်တွင် မှောက်လျှက်ဖုံးထားရမည်။
သို့မှသာ အိုးမှထွက်လာသောအငွေ့ကြောင့်ဆိတ်ဖူး ပဒဲကော ဂျင်း တို့မှ စီးကျလာသောအရည်များဖြင့်ဟင်းရည်သည်အမြဲတန်း မွှေးကြိုင်နေမည်။
ငါးမှုန့်
ဟင်းရည်ကြိုပြီးသည့်အခါ သင်းပေါင်းထိုးအဖတ်များကို
အကုန်ဆယ်ယူပြီး အရိုးထွင်ကာ အသားကို ဆုံတွင် ခပ်ဖွဖွထောင်းပြီးဆနွင်းအနည်းငယ်ဖြင့်နယ်ကာ ဆီအနဲငယ်ဖြင့် အိုးကင်းပူတိုက် ဒလိမ့်ထိုးရမည်။(ငါးမှုန့်ဟုခေါ်ပါသည်)
ကြက်သွန်ကြော်/ဆီကျက်
ကြက်သွန်ဖြုအတက်ငယ်များကို ကန့်လန့်ဖြတ်အဝိုင်းငယ်များရအောင်လှီးကာ ဆီများများဖြင့်ကြွတ်နေအောင်ကြော်ရမည်။
အချည်ရည်။
မကျည်းသီးအစိမ်းကိုပြုတ်ပြီး ခွက်တစ်ခုတွင်ထည့်ကာ မုန်တီဟင်းရည်အနဲငယ်ဖြင့်ဇွန်းဖြင့်ထိုးခြေထားရမည်။
ငရုပ်သီးချက်
ငရုပ်သီးခြောက်ကို ညက်စွာထောင်းပြီးပဲဆီဖြင့် အိနေအောင် ကြော်ချက် လုပ်ထားရမည်။
ငရုပ်ကောင်းကို အမှုန့်ထောင်းပြီးခွက်တစ်ခုတွင်ထည့်ထားရမည်။နံနံပင်ပေါက် ကိုသန့်အောင်ဆေးပြီး ခွက်တစ်ခွက်ဖြင့်ထည့်ထားရမည်။အငံအလေး ကြိုက်သူများအတွက် ဆားတစ်ခွက်ပြင်ဆင်ထားရမည်။
ရခိုင် မုံ့တီစားနည်း။
မုန့်ဖတ်ထည့်ပါ။ဆီကျက် (ကြက်သွန်ကြော်) ထည့်ပါ။ငါးမှုန့်အနဲငယ်ထည့်ပါအချည်ရည်ထည့်ပါအစပ်ကြိုက်လျှင် ငရုပ်သီးဆီချက်ထည့်ပါအပူဓာတ်အတွက် ငရုပ်ကောင်းမှု့န့်သင့်သလောက် ထည့်ပါ။ဟင်းရည်ထည့်ပါ။နံနံပင်ပေါက်အနည်းငယ်ကို နောက်ဆုံးမှထည့်ပါ။စားနိုင်ပါပြီ။