Knowledge Sharing စိုက်ပျိုးရေး ဗဟုသုတ

ဘွန်းစိုင်းအပင် စိုက်မယ်ဆိုရင် မြေစပ်နည်း လေ့လာရအောင်

ဘွန်စိုင်းစပ်မြေ ပြုလုပ်နည်း

အပင်တစ်ပင် ကောင်းစွာ ရှင်သန်ဖွင့်ဖြိုးနိုင်ဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝစွာ ပါဝင်အောင် ပြုပြင်ထားသောမြေကို ဘွန်စိုင်းစပ်မြေလို့ ခေါ်ပါတယ်။

မြေသားထဲတွင် ရေနဲ့မြေသြဇာများကို ကြာရှည်ထိန်းထားနိုင်ပြီး ရေဆင်းကောင်းသောကြောင့် ရေနှင့်အတူ မြေကြီးထဲသို့

အောက်ဆီဂျင်ပါ ပါသွားလို့ အမြစ်အတွင်းက ဆဲလ်များက အောက်ဆီဂျင်ကို အလုံအလောက် ရရှိပြီး အပင်သန်မာစေမှာပါ။

(၁။) ရေလောင်းခြင်း အကြိမ် တစ်ခုနဲ့တစ်ခု အကြား လုံလောက်သော ငွေ့ရည်ထိန်းနိုင်ခြင်း။ (မြေသားအစိုဓါတ်ကို ကောင်းစွာ ထိန်းနိုင်ခြင်း။)

(၂။) ရေဆင်းကောင်းခြင်း။ (ရေလောင်းလိုက်ပါက ချက်ချင်း ဆိုသလို ရေစီးထွက်သွားနိုင်ခြင်း။)

(၃။) လေဝင်ထွက်နိုင်ခြင်း (သို့) လေသလပ်နိုင်ခြင်း။ (ဒါမှ အပင်အတွက်လိုအပ်တဲ့ အကျိုးပြု ပိုးမွှားတွေ ပေါက်နိုင်မှာပါ။)

ဘွန်စိုင်းစပ်မြေမှာ ဘာတွေ ပါဝင်ပါသလဲ ?

ဘွန်စိုင်းစပ်မြေတွင် နေရာဒေသ နှင့် အပင်၏ အနေအထားပေါ်မူတည်၍ မြေဆွေး၊ ဖွဲပြာ၊ နှစ်ချို့နွားချေး၊ သက်နုကျောက်ကလေးများ၊ သဲနုံး၊ ကျုံးမှော်ဆွေး စသည်တို့ကို လိုအပ်သလို ထည့်သွင်းအသုံးပြုရပါတယ်။

ဘွန်စိုင်းစပ်မြေကိုမိမိတို့ရဲ့အရပ်ဒေသအပေါ်မူတည်ပြီးတော့ အဆင်ပြေသလို အသုံးပြုနိုင်ဖို့ပါ။

တူးပြီးအပင်များကိုတော့ တူးယူလာအပြီး သဲမြေ တမျိုးတည်းကိုသာ သုံး၍ ပျိုးထောင်ပါ။ အပင် ကောင်းစွာရှင်သန်မှသာ စပ်မြေဖြင့် စိုက်ပျိုးနိုင်ပါတယ်။

တူးပြီးကတည်းက စပ်မြေဖြင့် စိုက်ပျိုးလို့လည်းရပေမယ့် သဲမြေ တမျိုးတည်းက အပင်ရှင်သန်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။

လေ့ကျင့်နေသော အပင်များအတွက် မြေဆွေး (၂) ဆ နဲ့ နှစ်ချို့နွားချေး (၁) ဆ ကို အချိုးကျ ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ နေလှန်း၍ ပိုးသတ်ပြီးမှ သုံးစွဲနိုင်သလို ဒီအတိုင်းလည်း အသုံးပြုလို့ရပါတယ်။ အရေးကြီးတာက မြေပွပြီး ရေဆင်းကောင်းရပါမယ်။ လိုအပ်ရင် ဖွဲပြာနည်းနည်း ထည့်လို့ရပါတယ်။

မြေဆွေးကတော့ ပျိုးခြံကဝယ်၍ သော်လည်းကောင်း၊ အပင်ကြီးများအောက်ခြေမှ သစ်ရွက်ဆွေးမြေကို တူးယူ၍ သော် လည်းကောင်း၊ ကိုယ်တိုင် ပြုလုပ်၍ သော်လည်းကောင်း ရရှိနိုင်ပါတယ်။

ကိုယ်တိုင် ပြုလုပ်လိုရင်တော့ သစ်ရွက်ခြောက်၊ မြက်ခြောက်နဲ့ ကောက်ရိုးခြောက်စတဲ့ အရွက်ခြောက်များ၊ သစ်ရွက်ဆွေးများ စသည်တို့ကို နုတ်နုတ်စင်းပါ။ အကယ်၍ ခြောက်သွေ့နေပါက ရေလောင်းပေးထားပါ။

မြေဆွေးပြုလုပ်နည်းမှာ (၂) ပေခွဲ အနက်ခန့် ကျင်းတူးပြီး ပါဝင်ပစ္စည်းများကို တထပ်စီ ထည့်၍ ရက်သတ္တပတ် (၃) ပတ်ခန့် ထားပေးပါ။

(၃) ပတ်ကြာတဲ့အခါ မြေဆွေးရဲ့အရောင်ဟာ အညိုနုရောင်မှ အညိုရင့်ရောင်ပြောင်းလာရင် မြေဆွေးဖြစ်ပြီဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ မြေဆွေးကျင်းထဲမှာ အဖြူရောင်အမှုန့်များ မြင်တွေ့နေရပါက အသုံးပြုနိုင်ပါပြီ။

ဘွန်စိုင်းဖြစ်ပြီးသော အပင်များအတွက် ဘွန်စိုင်းစပ်မြေ

ဘွန်စိုင်းပင်များအတွက် မြေဆွေးနှင့်နွားချေးအရော (၂) ဆ ကို ကျောက်ဖြုန်း (၁) ဆ ရောစပ်၍ အသုံးပြုပါ။ 3 mm to 5 mm ခန့် အရွယ်ရှိသော ရေစုပ်ယူနိုင်သော သက်နုကျောက်ဖြုန်းလေးများကို ဆိုလိုပါသည်။

ကျောက်ဖြုန်းများရင် ရေထိန်းအားနည်းသဖြင့် အပူပိုင်းမှာဒေသများတွင် အပင်ရေငတ်တတ်ပါတယ်။

မိုးတွင်းဆိုရင်တော့ ရေဆင်းကောင်းအောင် ကျောက်ဖြုန်းပိုထည့်တာလည်း ရှိပါတယ်။ အခြေနေအရ မိမိ၏ ဒေသ ရာသီဥတုအပေါ်မူတည်၍ ရောစပ်ပြီး အသုံးပြုပါ။crd

Zawgyi
ဘြန္စိုင္းစပ္ေျမ ျပဳလုပ္နည္း

အပင္တစ္ပင္ ေကာင္းစြာ ရွင္သန္ဖြင့္ၿဖိဳးနိုင္ဖို႔အတြက္ လိုအပ္တဲ့ အာဟာရျပည့္ဝစြာ ပါဝင္ေအာင္ ျပဳျပင္ထားေသာေျမကို ဘြန္စိုင္းစပ္ေျမလို႔ ေခၚပါတယ္။

ေျမသားထဲတြင္ ေရနဲ႕ေျမၾသဇာမ်ားကို ၾကာရွည္ထိန္းထားနိုင္ၿပီး ေရဆင္းေကာင္းေသာေၾကာင့္ ေရႏွင့္အတူ ေျမႀကီးထဲသို႔

ေအာက္ဆီဂ်င္ပါ ပါသြားလို႔ အျမစ္အတြင္းက ဆဲလ္မ်ားက ေအာက္ဆီဂ်င္ကို အလုံအေလာက္ ရရွိၿပီး အပင္သန္မာေစမွာပါ။

(၁။) ေရေလာင္းျခင္း အႀကိမ္ တစ္ခုနဲ႕တစ္ခု အၾကား လုံေလာက္ေသာ ေငြ႕ရည္ထိန္းနိုင္ျခင္း။ (ေျမသားအစိုဓါတ္ကို ေကာင္းစြာ ထိန္းနိုင္ျခင္း။)

(၂။) ေရဆင္းေကာင္းျခင္း။ (ေရေလာင္းလိုက္ပါက ခ်က္ခ်င္း ဆိုသလို ေရစီးထြက္သြားနိုင္ျခင္း။)

(၃။) ေလဝင္ထြက္နိုင္ျခင္း (သို႔) ေလသလပ္နိုင္ျခင္း။ (ဒါမွ အပင္အတြက္လိုအပ္တဲ့ အက်ိဳးျပဳ ပိုးမႊားေတြ ေပါက္နိုင္မွာပါ။)

ဘြန္စိုင္းစပ္ေျမမွာ ဘာေတြ ပါဝင္ပါသလဲ ?

ဘြန္စိုင္းစပ္ေျမတြင္ ေနရာေဒသ ႏွင့္ အပင္၏ အေနအထားေပၚမူတည္၍ ေျမေဆြး၊ ဖြဲျပာ၊ ႏွစ္ခ်ိဳ႕ႏြားေခ်း၊ သက္ႏုေက်ာက္ကေလးမ်ား၊ သဲႏုံး၊ က်ဳံးေမွာ္ေဆြး စသည္တို႔ကို လိုအပ္သလို ထည့္သြင္းအသုံးျပဳရပါတယ္။

ဘြန္စိုင္းစပ္ေျမကိုမိမိတို႔ရဲ႕အရပ္ေဒသအေပၚမူတည္ၿပီးေတာ့ အဆင္ေျပသလို အသုံးျပဳနိုင္ဖို႔ပါ။

တူးၿပီးအပင္မ်ားကိုေတာ့ တူးယူလာအၿပီး သဲေျမ တမ်ိဳးတည္းကိုသာ သုံး၍ ပ်ိဳးေထာင္ပါ။ အပင္ ေကာင္းစြာရွင္သန္မွသာ စပ္ေျမျဖင့္ စိုက္ပ်ိဳးနိုင္ပါတယ္။

တူးၿပီးကတည္းက စပ္ေျမျဖင့္ စိုက္ပ်ိဳးလို႔လည္းရေပမယ့္ သဲေျမ တမ်ိဳးတည္းက အပင္ရွင္သန္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

ေလ့က်င့္ေနေသာ အပင္မ်ားအတြက္ ေျမေဆြး (၂) ဆ နဲ႕ ႏွစ္ခ်ိဳ႕ႏြားေခ်း (၁) ဆ ကို အခ်ိဳးက် ေရာစပ္ၿပီး အသုံးျပဳနိုင္ပါတယ္။ ေနလွန္း၍ ပိုးသတ္ၿပီးမွ သုံးစြဲနိုင္သလို ဒီအတိုင္းလည္း အသုံးျပဳလို႔ရပါတယ္။ အေရးႀကီးတာက ေျမပြၿပီး ေရဆင္းေကာင္းရပါမယ္။ လိုအပ္ရင္ ဖြဲျပာနည္းနည္း ထည့္လို႔ရပါတယ္။

ေျမေဆြးကေတာ့ ပ်ိဳးၿခံကဝယ္၍ ေသာ္လည္းေကာင္း၊ အပင္ႀကီးမ်ားေအာက္ေျခမွ သစ္႐ြက္ေဆြးေျမကို တူးယူ၍ ေသာ္ လည္းေကာင္း၊ ကိုယ္တိုင္ ျပဳလုပ္၍ ေသာ္လည္းေကာင္း ရရွိနိုင္ပါတယ္။

ကိုယ္တိုင္ ျပဳလုပ္လိုရင္ေတာ့ သစ္႐ြက္ေျခာက္၊ ျမက္ေျခာက္နဲ႕ ေကာက္ရိုးေျခာက္စတဲ့ အ႐ြက္ေျခာက္မ်ား၊ သစ္႐ြက္ေဆြးမ်ား စသည္တို႔ကို ႏုတ္ႏုတ္စင္းပါ။ အကယ္၍ ေျခာက္ေသြ႕ေနပါက ေရေလာင္းေပးထားပါ။

ေျမေဆြးျပဳလုပ္နည္းမွာ (၂) ေပခြဲ အနက္ခန့္ က်င္းတူးၿပီး ပါဝင္ပစၥည္းမ်ားကို တထပ္စီ ထည့္၍ ရက္သတၱပတ္ (၃) ပတ္ခန့္ ထားေပးပါ။

(၃) ပတ္ၾကာတဲ့အခါ ေျမေဆြးရဲ႕အေရာင္ဟာ အညိုႏုေရာင္မွ အညိုရင့္ေရာင္ေျပာင္းလာရင္ ေျမေဆြးျဖစ္ၿပီဆိုတာ သိနိုင္မွာျဖစ္ပါတယ္။ ေျမေဆြးက်င္းထဲမွာ အျဖဴေရာင္အမႈန့္မ်ား ျမင္ေတြ႕ေနရပါက အသုံးျပဳနိုင္ပါၿပီ။

ဘြန္စိုင္းျဖစ္ၿပီးေသာ အပင္မ်ားအတြက္ ဘြန္စိုင္းစပ္ေျမ

ဘြန္စိုင္းပင္မ်ားအတြက္ ေျမေဆြးႏွင့္ႏြားေခ်းအေရာ (၂) ဆ ကို ေက်ာက္ျဖဳန္း (၁) ဆ ေရာစပ္၍ အသုံးျပဳပါ။ 3 mm to 5 mm ခန့္ အ႐ြယ္ရွိေသာ ေရစုပ္ယူနိုင္ေသာ သက္ႏုေက်ာက္ျဖဳန္းေလးမ်ားကို ဆိုလိုပါသည္။

ေက်ာက္ျဖဳန္းမ်ားရင္ ေရထိန္းအားနည္းသျဖင့္ အပူပိုင္းမွာေဒသမ်ားတြင္ အပင္ေရငတ္တတ္ပါတယ္။

မိုးတြင္းဆိုရင္ေတာ့ ေရဆင္းေကာင္းေအာင္ ေက်ာက္ျဖဳန္းပိုထည့္တာလည္း ရွိပါတယ္။ အေျခေနအရ မိမိ၏ ေဒသ ရာသီဥတုအေပၚမူတည္၍ ေရာစပ္ၿပီး အသုံးျပဳပါ။crd