Health Knowledge ကျန်းမာရေး

နားကြပ် အမြဲ တပ်လေ့ ရှိသူတွေ သတိထား သင့်တဲ့ ဘေးထွက်ဆိုးကျိုး ၇ ခု

နားကြပ် အမြဲ တပ်လေ့ ရှိသူတွေ သတိထား သင့်တဲ့ ဘေးထွက် ဆိုးကျိုး ၇ ခု

နည်းပညာက တစ်နေ့ထက် တစ်နေ့ ပို တိုးတက် လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ် ဆိုးတွေ ရှိနေ နိုင်တဲ့ ဇိမ်ခံ ပစ္စည်းတွေ ၊ အသုံ းအ ဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ် ။

Headphone နဲ့ နားကြပ်တွေ ဟာလည်း နောက်ကွယ်က ဆိုးကျိုးတွေကို မသိကြဘဲ ယ နေ့ ခေတ် လူငယ်တွေ အသုံးများတဲ့ နည်းပညာ ပစ္စည်းတွေ ဖြစ် ပါ တယ် ။

နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ တွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေမကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊သီချင်းနှစ်သက်လို့ စသည်ဖြင့် အ ကြောင်း အမျိုးမျိုးကြောင့်နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။

အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာ တွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။

ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။

၁။ အကြားအာရုံ ဆုံးရှုံးခြင်း / အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ

headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။

90 decibels ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။

headphones နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံဆုံးရှုံးဖို့ ရာခိုင်နှုန်းမာျးပါတယ်။ 100 decibels ထက်ကျော်တဲအသံနှုန်းနဲ့၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။

ဒါ့ကြောင့် ကိုယ်က ဒီလိုအ လေ့ အကျင့် မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက်အနားပေးပြီး အသံအကျယ်ကြီးဖွင့် နားမ ထောင်ဖို့ သတိပြုပါ။

၂။ နားပိုးဝင်ခြင်း

သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။

နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး သတိထားသင့်ပါတယ်။

၃။ လေလမ်းကြောင်း ပိတ်စေခြင်း

ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အသံစနစ် ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှု အနည်းနဲ့ အများရှိ လာစေ နိုင်ပါတယ်။ နားထဲကို နားကြပ်ထိုး ထည့် ထားရင်ပဲ လေလမ်းကြောင်း ပိတ်ဆို့စေနိုင်ပါတယ်။

လေအဝင်အထွက်မရှိရင် သိချင်းသံပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေများပါတယ်။ အများဆုံးဖြစ်လေ့ရှိတာက နားကြပ်နဲ့ headphones တွေကို အမြဲ ပုံမှန်သုံးလေ့ရှိတဲ့သူတွေဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်းတို့ဖြစ်လာတတ်ပါတယ်။

၄။ အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီး ရင် ခဏနေတာနဲ့ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။

၅။ နားကိုက်ခြင်း

နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုး အတွင်းက စူးကနဲ နာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။

၆။ ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း

နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့ အန္တရာယ်တွေ ဖြစ်လာစေ နိုင်ပါတယ်။ ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ဆေးပညာအထောက်အထားတော့မရှိသေးပါဘူး။

ဒါပေမယ့် Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။ နား အတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကိုတိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

၇။အသက်အန္တရာယ်နီးတဲ့ မတေ်ာတဆမှုတွေ
အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေများလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မာကားနိုင်တဲ့သူတွေဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။

တခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာ တွတောင် ရှိ ပါ တယ်။

နားကိုမထိခိုက်စေဘဲ နားကြပ် ဆက် သုံး နိုင် ဖို့ ဘယ်လို ဆင်ခြင်မလဲနားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေးအန္တရာယ်တွေကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ ။

ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျော့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ headphone နဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။

နား ထဲ ကို ထည့် သွင်း ရ တဲ့ နား ကြပ် သေး သေး လေး တွေ ကို မ သုံး ပါ နဲ့။

နားအပြင်မှာတပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone တွေကိုသုံးပါ။

ကိုယ့် နား ကြပ် သို့ မ ဟုတ် headphone ကို တ ခြား သူ တွေ နဲ့ မျှ ဝေ မ သုံး ပါ နဲ့။ မ ငှား ပါ နဲ့။

နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။

နား ကြပ် မှာ အ စွပ် မ ပါ ဘူး ဆို ရင် သန့် စင် ဆေး ရည် နဲ့ ပိုး သတ် ပေး ပါ။

ကား၊ ရထား၊ အမြန်ရထားနဲ့သွားရင် ဒါမှမဟုတ် လမ်းလျှောက်သွားရင်း နားကြပ်မတပ်ထားပါနဲ့။

နားကြပ်/ headphone တပ်ထားရင် အသံအကျယ်ကြီး မထားပါနဲ့။

လူ့အသုံး အ ဆောင် ပစ္စည်း တွေ ကြောင့် နေထိုင်သုံးစွဲရလွယ်ကူစေတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲ သုံးပါ။

Crd to original writer

Zawgyi
နားၾကပ္ အၿမဲ တပ္ေလ့ ရွိသူေတြ သတိထား သင့္တဲ့ ေၾကာက္စရာ ေကာင္းတဲ့ ေဘးထြက္ ဆိုးက်ိဳး ၇ ခု

နည္းပညာက တစ္ေန႔ထက္ တစ္ေန႔ ပို တိုးတက္ လာေနခ်ိန္မွာ လူသားေတြဟာ က်န္းမာေရးအတြက္ ရလဒ္ ဆိုးေတြ ရွိေန ႏိုင္တဲ့ ဇိမၡံ ပစၥည္းေတြ ၊ အသုံ းအ ေဆာင္ေတြနဲ႔ ဝိုင္းဝိုင္းလည္ေနခဲ့ပါတယ္ ။

Headphone နဲ႔ နားၾကပ္ေတြ ဟာလည္း ေနာက္ကြယ္က ဆိုးက်ိဳးေတြကို မသိၾကဘဲ ယ ေန႔ ေခတ္ လူငယ္ေတြ အသုံးမ္ားတဲ့ နည္းပညာ ပစၥည္းေတြ ျဖစ္ ပါ တယ္ ။

နားၾကပ္ေလးတပ္ၿပီး သီခ်င္းနားေထာင္ၾကတဲ့သူေတြကို ရထားေပၚ၊ ဘတ္စ္ကားေပၚ၊ လမ္းေပၚ၊ ေနရာတကာမွာ ေတြ႕ေနရသလို ကိုယ္ကိုယ္တိုင္လည္း စိတ္အပန္းေျပဖို႔၊ ျပင္ပအသံေတြမၾကားခ်င္လို႔၊ စိတ္ဖိစီးမႈေျပေလ်ာ့ေစဖို႔၊သီခ်င္းႏွစ္သက္လို႔ စသည္ျဖင့္ အ ေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္နားၾကပ္နဲ႔ သြားရင္းလာရင္း နားေထာင္ေလ့ရွိပါတယ္။

အိမ္မွာေနလည္း အနားယူရင္းနားေထာင္၊ အိပ္ရာဝင္နားေထာင္တာ ေတြ ရွိၾကေပမယ့္ က်န္းမာေရးအတြက္က်ေတာ့ သတိထားမိၾကပါရဲ႕လား။ ရံဖန္ရံခါဆိုရင္ေတာ့ မသိသာေပမယ့္ အၿမဲနားၾကပ္တပ္ၿပီး သုံးေနတာ အက်င့္ပါၿပီး ၾကာလာရင္ က်န္းမာေရးကို ဆိုး႐ြားတဲ့သက္ေရာက္မႈေတြေပးႏိုင္တယ္ဆိုတာေတာ့ သတိထားသင့္ပါတယ္။

၁။ အၾကားအာ႐ုံ ဆုံးရႈံးျခင္း / အၾကားအာ႐ုံပိုင္း ေနာက္ဆက္တြဲျပႆနာမ်ား

headphones သို႔မဟုတ္ နားၾကပ္ကိုသုံးတဲ့အခါ သင့္ရဲ႕နားထဲကို အသံကတိုက္႐ိုက္ အနီးကပ္ဝင္ေရာက္လာတာျဖစ္ပါတယ္။ 90 decibels ထက္ေက်ာ္တဲ့ အသံအတိုင္းအတာက အၾကားအာ႐ုံမွာ ေနာက္ဆက္တြဲထိခိုက္မႈေတြျဖစ္လာေစႏိုင္ၿပီး နားမၾကားေတာ့တဲ့ အထိ ျဖစ္ေစႏိုင္ပါတယ္။

headphones နဲ႔နားၾကပ္တပ္ၿပီး နားေထာင္ေလ့ရွိသူေတြဟာ အၾကားအာ႐ုံဆုံးရႈံးဖို႔ ရာခိုင္ႏႈန္းမာ်းပါတယ္။ 100 decibels ထက္ေက်ာ္တဲအသံႏႈန္းနဲ႔၁၅ မိနစ္ ေလာက္ နားေထာင္႐ုံနဲ႔ပဲ ဒီအႏၲရာယ္ကို စိတ္ပူရပါတယ္။ ဒါ့ေၾကာင့္ ကိုယၠ ဒီလိုအ ေလ့ အက်င့္ မ်ိဳးရွိေနသူျဖစ္ရင္ ကိုယ့္ရဲ႕နားကို နည္းနည္းေလာက္အနားေပးၿပီး အသံအက်ယ္ႀကီးဖြင့္ နားမ ေထာင္ဖို႔ သတိျပဳပါ။

၂။ နားပိုးဝင္ျခင္း

သင္က ကိုယ့္နားၾကပ္ကိုပဲ သုံးေလ့ရွိသူလား။ ဒါမွမဟုတ္ တ်ခားသူဆီက ငြားသုံးတတ္သလား။ သူငယ္ခ်င္းမိတ္ေဆြေတြ၊ မိသားစုေတြဆီက တခါတရံေတာ့ ငြားသုံးမိမြာပါပဲ။ ဒါေပမယ့္ ဒီလိုတစ္ႀကိမ္တစ္ခါတည္းကေနပဲ လြယ္လြယ္နဲ႔ နားပိုးဝင္ျခင္းျဖစ္ႏိုင္ပါတယ္။

နားထဲက ဘက္တီးရီးယားေတြက နားၾကပ္ေတြကတဆင့္ တစ္ေယာက္နဲ႔တစ္ေယာက္ကူးစက္ဖို႔လြယ္ပါတယ္။ ဒါ့ေၾကာင့္ တ်ခားသူဆီကို ငွားေပးရေတာ့မယ္ဆိုရင္ သန႔္စင္ေဆးရည္နဲ႔ပိုးသတ္တာမ်ိဳး၊ ဒါမွမဟုတ္ လုံးဝမငွားတာမ်ိဳး၊ ငွားမသုံးတာမ်ိဳး သတိထားသင့္ပါတယ္။

၃။ ေလလမ္းေၾကာင္း ပိတ္ေစျခင္း

ထုတ္လုပ္တဲ့ကုမၸဏီေတြကေတာ့ အသံစနစ္ ေကာင္းမြန္ေၾကာင္း ေၾကာ္ျငာၾကမွာပါပဲ။ ဒါေပမယ့္ အသံဘယ္ေလာက္ေကာင္းေကာင္း က်န္းမာေရးရႈေထာင့္မွာေတာ့ ကိုယ့္ရဲ႕အသုံးျပဳမႈကိုမူတည္ၿပီး ထိခိုက္မႈ အနည္းနဲ႔ အမ္ား႐ြိ လာေစ ႏိုင္ပါတယ္။ နားထဲကို နားၾကပ္ထိုး ထည့္ ထားရင္ပဲ ေလလမ္းေၾကာင္း ပိတ္ဆို႔ေစႏိုင္ပါတယ္။

ေလအဝင္အထြက္မရွိရင္ သိခ်င္းသံပိုနားေထာင္ေကာင္းတယ္ဆိုေပမယ့္ နားပိုးဝင္ျခင္းေတြ ျဖစ္လာႏိုင္ေျခမ်ားပါတယ္။ အမ်ားဆုံးျဖစ္ေလ့ရွိတာက နားၾကပ္နဲ႔ headphones ေတြကို အၿမဲ ပုံမွန္သုံးေလ့ရွိတဲ့သူေတြဟာ နားအူျခင္း၊ နားပိုးဝင္ျခင္းနဲ႔ နားေလးျခင္းတို႔ျဖစ္လာတတ္ပါတယ္။

၄။ အၾကားအာ႐ုံ ေခတၱေပ်ာက္ဆုံးျခင္း

တစ္ေန႔လုံး အသံအက်ယ္ႀကီးနဲ႔ နားၾကပ္အသုံးမ်ားတဲ့သူေတြဟာ အၾကားအာ႐ုံေခတၱေပ်ာက္ဆုံးတတ္ပါတယ္။ ဒီလို numb ears ျဖစ္ၿပီး ရင္ ခဏေနတာနဲ႔ပုံမွန္ျပန္ျဖစ္လာပါတယ္။ ဒါေပမယ့္ ဒီအေျခအေနက အႏၲရာယ္မ်ားတဲ့အျပင္ တကယ္နားမၾကားေတာ့တဲ့အထိ ျဖစ္ေစ ႏိုင္ပါတယ္။

၅။ နားကိုက္ျခင္း

နားၾကပ္သုံးတဲ့သူေတြမွာ နားကိုက္တဲ့ ျပႆနာ ခဏခဏၾကားရပါတယ္။ နားထဲမြာ တဝီဝီနဲ႔အသံေတြၾကားေနရတာ မွမဟုတ္ ဟိုး အတြင္းက စူးကနဲ နာက်င္ကိုက္ခဲတာေတြ ခံစားရတတ္ၾကပါတယ္။

၆။ ဦးေႏွာက္ကို ဆိုးက်ိဳးသက္ေရာက္ေစျခင္း

နားၾကပ္ေတြ၊ headphone ေတြဆီကထုတ္လႊတ္တဲ့ လွ်ပ္စစ္သံလိုက္လႈိင္းေတြက ဦးေႏွာက္ကို ျပင္းထန္တဲ့ အႏၲရာယ္ေတြ ျဖစ္လာေစ ႏိုင္ပါတယ္။ ဒါေပမယ့္ ဒါကိုသက္ေသျပဖို႔ေတာ့ လုံေလာက္တဲ့ေဆးပညာအေထာက္အထားေတာ့မရွိေသးပါဘူး။

ဒါေပမယ့္ Bluetooth ၊ headphone နဲ႔ နားၾကပ္ကို ေန႔စဥ္သုံးသူေတြဟာ ဦးေႏွာက္နဲ႔ ပတ္သက္တဲ့ေရာဂါေတြ ပိုအျဖစ္မ်ားတာေတြ႕ရပါတယ္။ နား အတြင္းပိုင္းဟာ ဦးေႏွာက္နဲ႔တိုက္႐ိုက္ခ်ိတ္ဆက္ေနတာျဖစ္ၿပီး နည္းနည္းေလာက္ပိုးဝင္ရင္ေတာင္ ဦးေႏွာက္ကိုတိုက္႐ိုက္ ထိခိုက္ေစႏိုင္ပါတယ္။

၇။အသက္အႏၲရာယ္နီးတဲ့ မေတ္ာတဆမႈေတြ
အခုေနာက္ပိုင္းမွာ နားၾကပ္တပ္ရင္း လမ္းသြားလမ္းလာေတြ မေတာ္တဆျဖစ္မႈေတြမ်ားလာပါတယ္်

ကားဟြန္းသံမၾကား၊ ရထားသံ မာကားႏိုင္တဲ့သူေတြဟာ ျဖစ္ရပ္ဆိုးရဲ႕သားေကာင္ျဖစ္သြားႏိုင္ပါတယ္။ တခါတရံ နားၾကပ္တပ္ထားသူရဲ႕အသက္ကို ကယ္တင္ႏိုင္ဖို႔ ႀကိဳးစားရင္း တျခားသူေတြရဲ႕အသက္ အႏၲရာယ္ျဖစ္ရတာ တြေတာင္ ႐ြိ ပါ တယ္။

နားကိုမထိခိုက္ေစဘဲ နားၾကပ္ ဆက္ သုံး ႏိုင္ ဖို႔ ဘယႅို ဆင္ျခင္မလဲနားၾကပ္အသုံးျပဳျခင္းရဲ႕က်န္းမာေရးအႏၲရာယ္ေတြကို သိထားၿပီးၿပီဆိုရင္ေတာ့ စိုးရိမ္ေနမွာပါပဲ ။

ဒါေပမယ့္ ဒီအတိုင္းေတာ့ မသုံးေတာ့ဘဲ လက္မေလ်ာ့လိုက္ပါနဲ႔။ နားကိုလည္း မထိခိုက္ေစဘဲ headphone နဲ႔ နားၾကပ္ေတြကို သုံးႏိုင္မယ့္ နည္းလမ္းေတြရွိပါေသးတယ္။

နား ထဲ ကို ထည့္ သြင္း ရ တဲ့ နား ၾကပ္ ေသး ေသး ေလး ေတြ ကို မ သုံး ပါ နဲ႔။

နားအျပင္မွာတပ္ဆင္ရတဲ့ ဆိုဒ္ပိုႀကီးတဲ့ headphone ေတြကိုသုံးပါ။

ကိုယ့္ နား ၾကပ္ သို႔ မ ဟုတ္ headphone ကို တ ျခား သူ ေတြ နဲ႔ မြ္ ေဝ မ သုံး ပါ နဲ႔။ မ ငြား ပါ နဲ႔။

နားၾကပ္ရဲ႕ေရာ္ဘာအစြပ္ေလးေတြကို တစ္လတစ္ႀကိမ္ေလာက္ လဲေပးပါ။

နား ၾကပ္ မြာ အ စြပ္ မ ပါ ဘူး ဆို ရင္ သန႔္ စင္ ေဆး ရည္ နဲ႔ ပိုး သတ္ ေပး ပါ။

ကား၊ ရထား၊ အျမန္ရထားနဲ႔သြားရင္ ဒါမွမဟုတ္ လမ္းေလွ်ာက္သြားရင္း နားၾကပ္မတပ္ထားပါနဲ႔။

နားၾကပ္/ headphone တပ္ထားရင္ အသံအက်ယ္ႀကီး မထားပါနဲ႔။

လူ႔အသုံး အ ေဆာင္ ပစၥည္း ေတြ ေၾကာင့္ ေနထိုင္သုံးစြဲရလြယ္ကူေစတယ္ဆိုေပမယ့္ အကန႔္အသတ္နဲ႔ပဲ သုံးပါ။

Credit to writer