Local News နိုင်ငံရေး

စိုက်မွေးနဲ့ဆည်မြောင်းဝန်ထမ်းတွေလဲ ထီးရောင်းမယ်

စိုက်မွေးနဲ့ဆည်မြောင်းဝန်ထမ်းတွေပါ ထီရောင်းမယ်

စစ်ကောင်စီကို အယုံအကြည်မရှိတဲ့ ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းနည်းတစ်ခုဖြစ်တဲ့ အောင်ဘာလေထီကို မထိုးကြတော့တာကြောင့် CDMပြုလုပ်ထားခြင်းမရှိတဲ့ သူ့လက်အောက်ခံ ဝန်ထမ်းတွေကို အောင်ဘာလေထီတွေ လစဉ်ခွဲတမ်းစနစ်နဲ့ ရောင်းချဖို့ ပြင်ဆင်လာနေပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနက ဝန်ထမ်းတွေကို လစဉ်ခွဲတမ်းစနစ်နဲ့ ရောင်းချဖို့ အကြောင်းကြားစာထွက်ပေါ်လာပြီးနောက်မှာ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေကိုပါ လစဉ်ခွဲတမ်းစနစ်နဲ့ ထီရောင်းချဖို့ ပြင်ဆင်လာတာပါ။ CDMပြုလုပ်ထားခြင်းမရှိတဲ့ ဝန်ထမ်းတွေကို လစဉ်ထီခွဲတမ်းရောင်းချနိုင်ဖို့ ထီ၁၁စောင်ကို တစ်သောင်းကျပ်နဲ့ လစဉ်အမှာစာတောင်းယူနေပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ လစဉ်လဆန်းတစ်ရက်နေ့မှာ လတိုင်းဖွင့်လှစ်ပေးခဲ့တဲ့ အောင်ဘာလေထီဟာ စစ်ကောင်စီလက်ထက်မှာတော့ နှစ်လတစ်ကြိမ်ဖွင့်လှစ်ခဲ့တာတောင်မှ ဝယ်ယူမရှိခဲ့ပါဘူး။ ဒါ့အပြင် အမြင့်ဆုံးထီဆုငွေကိုလဲ ပြည်သူ့အစိုးရလက်ထက်မှာ ကျပ်သိန်းပေါင်းတစ်သောင်းခွဲအထိ ချီးမြှင့်နိုင်ပေမဲ့ စစ်ကောင်စီလက်ထက်မှာ ကျပ်သိန်းငါးထောင်အထိသာ ပေးအပ်နိုင်ပြီး အခြားသော ထီဆုသေးများကိုပါ သုံးပုံ နှစ်ပုံထိလျှော့ချခဲ့ပါတယ်။

Crd