International News Sport news

ဘူဖွန်ကို အတော်လေးရူးကြောင်ကြောင်နိုင်တဲ့ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့တဲ့ ပေါ်တူဂီကလပ်

ဘူဖွန်ကို အလွန်အံ့ဩစရာကောင်းတဲ့ မုန့်ချိုစာချုပ် ကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ ပေါ်တူဂီကလပ်

ပေါ်တူဂီချန်ပီယံဟောင်းဘီလီနက်စ်ဟာဂျူဗင်တပ်မှထွက်ခွာတော့မယ့် မုန့်ချိုများ၊ပြတိုက်လည်ပတ်ခွင့်၊အခမဲ့တည်းခိုခွင့်တို့ပါဝင်တဲ့အံ့ဩစရာကောင်းတဲ့ကြောင်တောင်တောင်စာချုပ်ကမ်းလှမ်းမှုပြုလုပ်လိုက်ပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကဘူဖွန်ကယခုရာသီအကုန်တွင်ဂျူဗင်တပ်မှထွက်ခွာမည်ဖြစ်ပြီးကစားသမားဘဝမှအနားယူဦးမည်မဟုတ်သေးကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ဘူဖွန်က၎င်းအနေဖြင့်ရူးကြောင်ကြောင်ကမ်းလှမ်းမှုမျိုးပြုလုပ်လာလျှင်လက်ခံသွားရန်အသင့်ရှိကြောင်းလည်းပြောကြားခဲ့ဖူးပါတယ်။

ဒါကြောင့်လည်းဘီလီနက်စ်ကဘူဖွန်အားရူးကြောင်ကြောင်နိုင်တဲ့ကမ်းလှမ်းမှုမျိုးပြုလုပ်ကာပေါ်တူဂီတွင်စိန်ခေါ်မှုသစ်ရင်ဆိုင်ရန်အခွင့်အရေးပေးလာပါတယ်။

ဘီလီနက်စ်က “ခင်ဗျား(ဘူဖွန်)ဟာစိန်ခေါ်မှုသစ်ရှာနေတယ်လို့ကြားပါတယ်။ပြီးတော့ရူးကြောင်ကြောင်နိုင်ပြီးတက်ကြွစေမယ့်ကမ်းလှမ်းမှုမျိုးလိုချင်တယ်လို့လည်းကြားပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့အနေနဲ့ကမ်းလှမ်းမှုပြုလုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။လစ္စဘွန်းသို့လာပြီးကျွန်တော်တို့ကိုဘောလုံးလောကကကျွန်တော်တို့ရဲ့နေရာကိုပြန်လည်ရအောင်ကူညီဖို့ဆိုရင်လဲ။ကျွန်တော်တို့မှာအားကစားသမားတွေအတွက်အိမ်တစ်လုံးရှိပါတယ်။နိမ့်ကျတဲ့နေရာတစ်ခုဆိုပေမယ့်လူတိုင်းအိပ်ဖို့အိပ်ယာကိုယ်စီရရှိပါတယ်။ခင်ဗျားအနေနဲ့တာဂူးမြစ်ကိုအပေါ်စီးကမြင်နိုင်တဲ့ အိမ်တစ်လုံးကိုလည်းရွေးနိုင်ပါသေးတယ်။ဒါကတော့ခင်ဗျားအပေါ်မှာဘဲမူတည်ပါတယ်။စာချုပ်ထဲမှာဆိုရင်လည်း MAAT (သုခုမအနုပညာကိုခင်ဗျားသိပြီးသားဖြစ်မှာပါ)အတွက်လက်မှတ်ပါမယ်။ပြီးတော့မိသားစုအတွက်လက်မှတ်တစ်စောင်ပါတယ်။တစ်ပတ်တစ်ခါ Coach Musem ၊ Monument ကနေ Discoveries ၊ ဘီလမ်မျှော်စင်၊ Jeronimos Monastery သို့သွားရောက်လည်ပတ်ခွင့်လက်မှတ်ရမယ်။မိသားစုအတွက်တစ်စောင်ပေးဦးမှာ။နောက်ဆုံးနှစ်နေရာကမကြာခင်တုန်းကမှကမ္ဘာ့အမွေအနစ်အဖြစ်သတ်မှတ်ခံရတဲ့နေရာတွေပါ။စာချုပ်ထဲမှာပေါ်တူဂီမုန့်ချိုတွေထဲမှာနာမည်အကြီးဆုံးဖြစ်တဲ့ Pasteis de Belem(မုန့်ချို) ခြောက်ထုပ်တစ်ပတ်တစ်ခါရမယ်။ဒီမုန့်တွေကခင်ဗျားရဲ့ကိုယ်အလေးချိန်ထိန်းသိမ်းရေးအတွက်ဘာမှမထိခိုက်စေပါဘူး”လို့ကြေညာသွားပါတယ်။

ဘီလီနက်စ်ဟာပေါ်တူဂီအမှတ်ပေးဖလားကိုလေးကြိမ်တိုင်တိုင်ဆွတ်ခူးထားတဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာ၂၀၁၈ခုနှစ်တုန်းကဒေဝါလီခံလိုက်ရပြိးတဲ့နောက်သတ္တမတန်းသို့တန်းဆင်းသွားခဲ့ရပါတယ်။၎င်းတို့ဟာတန်းနှစ်တန်းဆက်တိုက်တက်ခွင့်ရရှိပြီးယခုအခါပဥ္စမတန်းမှာကစားနေပါတယ်။

Crd