International News ဗဟုသုတ

ကိုဗစ်စည်းကမ်းတွေနဲ့ လွတ်အောင် လေယာဉ်နဲ့ ဝေဟင်မှာမင်္ဂလာဆောင်ခဲ့ကြတဲ့ အိန္ဒိယစုံတွဲ အရေးယူခံရ

ကိုဗစ်စည်းကမ်းတွေနဲ့ လွတ်အောင် လေယာဉ်နဲ့ ဝေဟင်မှာမင်္ဂလာဆောင်ခဲ့ကြတဲ့ အိန္ဒိယစုံတွဲ အရေးယူခံရ

ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းကန့်သတ်ချက်တွေကို
ရှောင်လွှဲနိုင်ဖို့အတွက် အိန္ဒိယစုံတွဲတစ်တွဲဟာ ခရီး သည်တင် ဂျက်လေယာဉ်တစ်စီးကို စင်းလုံးငှားပြီးမေလ၂၄ရက်နေ့က ဝေဟင်မှာမင်္ဂလာဆောင်ခဲ့ကြတယ်လို့ အေအက်ဖ်ပီသတင်းအရ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါပျံ့နှံကူးစက်နေတဲ့အတွက်အိန္ဒိယအစိုးရက မင်္ဂလာဆောင်တစ်ခုကိုဧည့်သည်၅၀ဦး အထိပဲ ကန့်သတ်ခဲ့တာဖြစ်ပြီးလေယာဉ်ပေါ်ကဝေဟင်မင်္ဂလာပွဲကိုဧည့်ပရိသတ်၁၆၀ကျော်တက်ရောက် ခဲ့ကြပါတယ်။

အိန္ဒိယလေကြောင်းအာဏာပိုင်အဖွဲ့ကဂျက်လေယာဉ်ရဲ့လေယာဉ်အမှုထမ်းတွေကိုစစ်ဆေးဖို့နဲ့သူတို့ကို အလုပ်တာဝန်ရပ်ဆိုင်းထားဖို့အမိန့်ထုတ်ပြန်လိုက်တယ်လို့သတင်းကဆိုပါတယ်။

အဲဒီစုံတွဲနှင့် ဧည့်သည်တွေကိုအရေးယူဖို့လေကြောင်းအာဏာပိုင်အဖွဲ့ကစပီဂျက်လေကြောင်းကိုညွှန်ကြားထားတယ်လို့ညွှန်ချုပ်ကပြောပါတယ်။

သူတို့အားလုံးဟာ ခရီးသည်တင်လေယာဉ်တွ​ေကိုစီးနင်းခွင့်ပိတ်ပင်ခံရနိုင်ပါတယ်လို့ဆိုပါတယ်။

Crd