Health Knowledge ဗဟုသုတ

လူတွေ စားနေကြတဲ့ ဆေးဘဲဥ ထဲက ကြောက်မက်ဖွယ် အဆိပ်အတောက်

လူတွေ စားနေကြတဲ့ ဆေးဘဲဥ ထဲက ကြောက်မက်ဖွယ် အဆိပ်အတောက်

မြန်မာနိုင်ငံရဲ့ ရိုးရာဟင်းအမယ်မဟုတ်ပေမယ့် ဆိုင်တွေမှာဟင်း အမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် ( ခေါ်) ဆေးဘဲဥသုပ်ကို လူတိုင်းစားဖူးကြမှာပါ။

အထူးသဖြင့် ဘီယာသောက်တတ်တဲ့ လူငယ်တွေအကြားမှာ ဖီတန်ဟာ အမြည်း တစ်ခုအဖြစ် အမြဲဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ် လည်း ဖြစ်ပါတယ်။

ဖီတန်လို့ခေါ်တဲ့ ဆေးဘဲဥ ရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီး ဆေးဘဲဥ

ရဖို့အတွက် လပေါင်းများစွာ ကြာအောင် လုပ်ကြရပါတယ်။ အဲ့ဒီနောက်မှာတော့ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ်။

အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့ ) ဘက်သို့ ပြောင်းလဲသွားပါတယ်။ PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။ဒါက ရိုးရာနည်းပါ။

ဒါပေမယ့် ဈေးကွက်မှာ ဝယ်လိုအား များလာတဲ့ အခါ စီးပွားရေး သမားတွေဟာ ရိုးရာနည်းအတိုင်း လုပ်ဖို့ အလျင်မမီတာကြောင့် ပိုမိုမြန်မြန်ဆန်ဆန်နဲ့

ဆေးဘဲဥဖြစ်တဲ့နည်းကို ဓာတု ဗေဒ ဆေးတွေ သုံးပြီး လုပ်လာကြပါတယ်။ အဲ့တာကတော့ alcium hydroxide နှင့် sodium carbonate ပျော်ရည်တွင်

ဘဲဥကိုစိမ်ခြင်းက ဆယ်ရက်အတွင်း ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမပျက် ရရှိစေ တာမို့အချိန်ကုန်ခံထုတ်လုပ်

လာတာပါပဲ။ ဆိုးကျိုးအနေနဲ့တော့ ခဲဓာတ် များစွာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ဒီလို ခဲဓာတ်များပြားတဲ့ အစားအစာကို စားမိရင် လူတွေဟာ ခဲဆိပ်သင့်မှုတွေဖြစ်ပြီး အသက်တိုပါတယ်။

ခဲဆိပ်သင့်ခြင်း ရဲ့ ကြောက်စရာ ဆိုးကျိုးတွေကတော့….

ဦးနှောက်မြေး ရောင်ရမ်းခြင်း ၊ခန္တာကိုယ်က ကြွက်သားများနာကျင်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ အော့အန်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့်ခြင်း ၊ ဝမ်းချူပ် ဝမ်းလျောခြင်း ၊ သွားပိုးစားခြင်း ၊ သုတ်ကောင်များနည်းသွားခြင်း ၊ အာရုံစူးစိုက်မှုအား နည်းခြင်း အပြင် သွေးပေါင်တက်ပြီး အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်လို့သိရပါတယ်

ဒါကြောင့် ဆေးဘဲဥ ကြိုက်သူများ ၊ ဖီတန်သုပ်ကြိုက်သူများတို့ရေ.. ကျန်းမာရေးအသိ ကျန်းမာရေး သတိလေးနဲ့ စားသုံးနိုင်အောင် သတိပေး

တင်ဆက်ပေးလိုက်ပါတယ်နော်..။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

လူေတြ စားေနၾကတဲ့ ေဆးဘဲဥ ထဲက ေၾကာက္မက္ဖြယ္ အဆိပ္အေတာက္

ျမန္မာႏိုင္ငံရဲ႕ ႐ိုးရာဟင္းအမယ္မဟုတ္ေပမယ့္ ဆိုင္ေတြမွာဟင္း အမယ္ တစ္ခုအျဖစ္ ပါဝင္ေနတဲ့ ဖီတန္သုပ္ ( ေခၚ) ေဆးဘဲဥသုပ္ကို လူတိုင္းစားဖူးၾကမွာပါ။

အထူးသျဖင့္ ဘီယာေသာက္တတ္တဲ့ လူငယ္ေတြအၾကားမွာ ဖီတန္ဟာ အျမည္း တစ္ခုအျဖစ္ အၿမဲျဖည့္ဆည္းေပးခဲ့တဲ့ ဟင္းအမယ္ လည္း ျဖစ္ပါတယ္။

ဖီတန္လို႔ေခၚတဲ့ ေဆးဘဲဥ ရဲ႕ အစက တ႐ုတ္ႏိုင္ငံက ျဖစ္ၿပီးေတာ့ သူတို႔ဟာ ႐ြံ႕ေျမ ၊ ဆား၊ ထုံး၊ ထမင္း ေပ်ာ့ စတာေတြကိုလိုအပ္သလိုထည့္ၿပီး ေဆးဘဲဥ

ရဖို႔အတြက္ လေပါင္းမ်ားစြာ ၾကာေအာင္ လုပ္ၾကရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ စိမ္းပုတ္ေရာင္မွသည္ မီးခိုးေရာင္ ၊မီးခိုးေရာင္မွသည္ အညိဳနက္ေရာင္သို႔ေျပာင္းလဲသြားၿပီး ျပစ္ခဲမႈ မွာလည္း အရည္အျဖစ္မွ ဂ်ယ္လီအျဖစ္သို႔ေျပာင္းလဲသြားပါတယ္။

အနံ႔ မွာလည္း ကန႔္ sulphur ႏွင့္ အမိုးနီးယား (က်င္ငယ္ေရနံ႔ ) ဘက္သို႔ ေျပာင္းလဲသြားပါတယ္။ PH level သည္လည္း ၉ -၁၀ ၾကားေျပာင္းလဲၿပီး ျပင္းအားမ်ားေသာ အယ္လ္ကာလိုင္း ျဖစ္သြားပါတယ္။ဒါက ႐ိုးရာနည္းပါ။

ဒါေပမယ့္ ေဈးကြက္မွာ ဝယ္လိုအား မ်ားလာတဲ့ အခါ စီးပြားေရး သမားေတြဟာ ႐ိုးရာနည္းအတိုင္း လုပ္ဖို႔ အလ်င္မမီတာေၾကာင့္ ပိုမိုျမန္ျမန္ဆန္ဆန္နဲ႔

ေဆးဘဲဥျဖစ္တဲ့နည္းကို ဓာတု ေဗဒ ေဆးေတြ သုံးၿပီး လုပ္လာၾကပါတယ္။ အဲ့တာကေတာ့ alcium hydroxide ႏွင့္ sodium carbonate ေပ်ာ္ရည္တြင္

ဘဲဥကိုစိမ္ျခင္းက ဆယ္ရက္အတြင္း ပုံမွန္႐ိုးရာနည္း ျဖင့္ျပဳလုပ္ေသာ လအနည္းငယ္ၾကာ ေဆးဘဲဥကို ပုံမွန္အရသာမပ်က္ ရရွိေစ တာမို႔အခ်ိန္ကုန္ခံထုတ္လုပ္

လာတာပါပဲ။ ဆိုးက်ိဳးအေနနဲ႔ေတာ့ ခဲဓာတ္ မ်ားစြာ ပါဝင္လာတာပဲ ျဖစ္ပါတယ္။

ဒီလို ခဲဓာတ္မ်ားျပားတဲ့ အစားအစာကို စားမိရင္ လူေတြဟာ ခဲဆိပ္သင့္မႈေတြျဖစ္ၿပီး အသက္တိုပါတယ္။

ခဲဆိပ္သင့္ျခင္း ရဲ႕ ေၾကာက္စရာ ဆိုးက်ိဳးေတြကေတာ့….

ဦးေႏွာက္ေျမး ေရာင္ရမ္းျခင္း ၊ခႏၲာကိုယ္က ႂကြက္သားမ်ားနာက်င္ျခင္း ၊ ေမာပန္းႏြမ္းနယ္ျခင္း ၊ ေအာ့အန္ျခင္း ၊ ဗိုက္နာ ဗိုက္ေအာင့္ျခင္း ၊ ဝမ္းခ်ဴပ္ ဝမ္းေလ်ာျခင္း ၊ သြားပိုးစားျခင္း ၊ သုတ္ေကာင္မ်ားနည္းသြားျခင္း ၊ အာ႐ုံစူးစိုက္မႈအား နည္းျခင္း အျပင္ ေသြးေပါင္တက္ၿပီး အသက္ေသဆုံးတဲ့ အထိ ျဖစ္ႏိုင္တယ္လို႔သိရပါတယ္

ဒါေၾကာင့္ ေဆးဘဲဥ ႀကိဳက္သူမ်ား ၊ ဖီတန္သုပ္ႀကိဳက္သူမ်ားတို႔ေရ.. က်န္းမာေရးအသိ က်န္းမာေရး သတိေလးနဲ႔ စားသုံးႏိုင္ေအာင္ သတိေပး

တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Writer- SMT(ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)