Health Knowledge ကျန်းမာရေး

အပူလျှပ်၍ သတိလစ် မေ့မျောခြင်း Heat Stroke

အပူလျှပ်၍ သတိလစ် မေ့မျောခြင်း Heat Stroke

အပူချိန်လွန်ကဲပြီး ရုတ်တရက် သတိလစ်မေ့မျောခြင်း၊ အသက်သေဆုံးခြင်းများကို နှစ်စဉ်ပူပြင်း သော နွေရာသီရောက်တိုင်း ကြားသိနေရသည်။

ယခုနှစ်တွင်လည်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေသည်ကို သတိပြုကြရန် မိုးလေဝသ ပညာရှင်များက အသိပေးလျှက်ရှိသည်။ ထိုကြားမှာပင် ရုတ်တရက် သေဆုံးခြင်းသတင်းများ ဖတ်ရှုနေရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၂၂ ရက်၊ ၂၀၁၉ နေ့ထုတ် 7 Day Daily သတင်းစာ မျက်နှာဖုံးတွင် YBS ယာဉ် ပေါ်တွင် အဖိုးအိုတစ်ဦး ရုတ််တရက်ကွယ်လွန်၊ နေပူထဲဖြတ်လာပြီး လေအေး ပေးစက်အောက် ချက်ခြင်း ဝင်၍ဖြစ်ဟု တာဝန်ရှိသူတို့သုံးသပ် ဟူသော သတင်းကို ဖတ်ရှုရသည်။

သတိပြု ဖွယ်ဖြစ်သည်။ နှစ်စဉ် အပူလွန်ကဲသည့် ရာသီရောက်တိုင်း လူသေဆုံးမှု သတင်းများ ဖတ်ရှုရမြဲဖြစ်သည်။ သတိပြုဆင်ခြင်နိုင်ရန် သတိပေးတင်ပြလိုပါသည်။

ထိုသတင်းအပြည့်အစုံမှာ … ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ်အိမ်ယာနှင့် အောင် မင်္ဂလာအဝေးပြေးကားဝင်းသို့ ပြေးဆွဲသည့် ပြေးဆွဲသည့် YBS အမှတ်(၂) ယာဉ်တစ်စီးပေါ်တွင် လိုက်ပါ လာသည့် အသက်(၈၀) ကျော်အရွယ် အမျိုးသားတစ်ဦး သေးဆုံးမှု ယမန်နေ့ (၂၁. ၄. ၂၀၁၉) နံနက်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူအမျိုးသားသည် အသက်(၈၂)နှစ်ရှိ ဒဂုံအရှေ့ပိုင်းမြို့နယ်နေ ဦးမောင်မောင်တင် ဆိုသူဖြစ်ပြီး ၎င်း၏ လက်ကိုင်ဖုန်းမှတစ်ဆင့် မိသားစုဝင်များကို ဆက်သွယ်အကြောင်းရာမှ သေဆုံးသူ သည် ကျန်းမာရေးမကောင်းသူ ဖြစ်သည်ကိုသိရ

ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင် ရေးကုမ္ပဏီ ဒုတိယအထွေထွေမန်နေဂျာက ပြောသည်။ “ကျန်းမာရေးမကောင်းတဲ့ကြားက အပူရှိန်မြင့် တက်လာတာလည်း တစ်ကြောင်းပါတယ်။

ဒီလိုအပူရှိန်ကြောင့် ရုတ်တရက် လေအေးပေးစက်အောက် ရောက်သွားတော့ ရှော့ခ်ဖြစ်သွားတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။ ဖြစ်ပုံမှာ ဧပြီ ၂၁ ရက် နံနက် ၉ နာရီက အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ ယုဇနဥယျာဉ်အိမ်

ယာသို့ သွားရာလမ်းတွင် ထိုအဖိုး အို အိပ်ပျော်ရင်း လိုက်ပါလာသည်ကို တွေ့ရှိ၍ ခရီးသည်တစ်ဦးက နှိုးကြည့်ရာ မရသဖြင့် ယာဉ်မောင်းထံ အကြောင်းကြားခဲ့သည်။ ယင်းနောက် တောင်ဒဂုံ မြို့မရဲစခန်းသို့ အကြောင်းကြားပြီး မိသားစုဝင်များနှင့် ဆက်သွယ်အသိပေးခဲ့ကြောင်း သိရသည်။

ဤအဖြစ်အပျက်နှင့် ဆန့်ကျင်ဘက် အခြားအဖြစ်အပျက်တစ်ခုမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကနေပူရှိန်ပြင်းသော မေလဆန်း တစ်ရက်တွင်ပုဂံညောင်ဦးသို့သွားသောကမ္ဘာလှည့် ခရီးသွား Tourist များ တင်ဆောင်ထားသည့် အဲယားကွန်းဘတ်စ်ကားကြီးတစ်စီးသည် ပုဂံအာနန္ဒာပြတိုက်ရှေ့တွင်ရပ်ပြီး ခရီး သည်များ

ဆင်းကြရာတွင် အသက် ၇၀ ကျော် Tourist ကြီးတစ်ဦးမှာ အပူလျှပ်ပြီး ရုတ်တရက် လဲကျသွား သည်။ သူသည် ရေသန့်ဘူးအအေးတစ်ဘူးကို မော့သောက်ရင်း လဲကျသွားသည်ဟုလည်း ပြောကြသည်။ ထိုနေရာတွင်ပင် သတိလစ်ပြီး နောက်ပိုင်း အသက်ဆုံးရှုံးသွားသည်ဟု သိရသည်။

အပူရှိန်မြင့်တက်လာခြင်းကြောင့် ခရီးသွားလာသူများ သတိနှင့်သွားလာရန်နှင့် အပူဒဏ်ကြိုတင် ကာကွယ်ရေး လုပ်ဆောင်ရန် ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

အထူးသဖြင့် အသက် အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူများ နေ့လယ်အပူရှိန်မြင့်တက်ချိန်တွင် အပြင်သို့မထွက် ရန် အထူးရဂရုပြုသင့်ကြောင်း သတိပေးထားသည်။

“အသက်အရွယ် ကြီးရင့်သူများ နေပူထဲကလာပြီး ကားစီးမယ်.. အဲဒီအခါ လေအေးပေးစက် ကြောင့် ရုတ်တရက်အပူလျှပ်သွားတာမျိုး ဖြစ်ရာကနေ အခုလို သတိမေ့သေဆုံးတဲ့ အထိ ဖြစ်ကုန်တာပါ။

အကောင်းဆုံးကတော့ အသက်ကြီးတဲ့သူတွေကို တစ်ယောက်ထဲ အပြင်မလွှတ်သင့်ဘူး။ အဖော်တစ် ယောက်တော့ ပါရမယ်။ အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ ရေကို ဆာတာထက် ပိုသောက်ရမယ်” ဟု ကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက ပြောသည်။

အဓိက အနေဖြင့် အပူဒဏ်ကာကွယ်ရန် (လူကြီးများ) နေအိမ်အတွင်းရှိ အေးမြသည့့် နေရာတွင် နေထိုင်သင့်ပြီး နေပူသည့် အချိန် နံနက် ၁၀ နာရီမှ နေ့လယ် ၃ နာရီအတွင်း အပြင်မထွက်သင့်ကြောင်း သတိပေးထားသည်။

အပူဒဏ်ကြောင့် မူးလဲသွားခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်သွားခြင်း၊ အပြင်းဖျား ခြင်း၊ အပူကြောင့်ကြွက်တက်ခြင်း၊ အပူလျှပ်ပြီးနောက် အဖျား ၁၀၆ ဒီဂရီအထိ တက်မယ်ဆိုရင် သတိလစ် ပြီး ဦနှောက်ထိခိုက်နိုင်သည်။ အရေးပေါ်ကုသမှုများ အချိန်မီလုပ်ပေးနိုင်မှ အသက်မဆုံးမည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တန်ခူး၊ ကဆုန်၊ နယုန် (မတ်၊ ဧပြီ၊ မေ) ၃ လသည် အပူဆုံးလများဖြစ်သည်။ နေပူထဲထွက်ရသူများ သတိပြုရမည့်လဖြစ်သည်။ သင်္ကြန်ကျသည့်လတွင် အပူဆုံးဖြစ်သည်။ တစ်ခါတစ်ရံ မိုးရွာသည်။ မိုးရွာသော်လည်း ပူမြဲပင်ဖြစ်နေတတ်သဖြင့် သတိပြုသင့်သည်။

အရပ်ခေါ် အပူလျှပ်ခြင်းဆိုသည်မှာ ပြင်းထန်သောအပူဒဏ် (နေပူဒဏ်)နှင့်ထိတွေ့ပြီး အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ်သွေးကြောများ အတွင်းသို့ အပူဓာတ်လွန်ကဲစွာ ရောက်သွားပြီးဖျားလာခြင်း၊

ထို့ နောက် ဦးနှောက်သွေးကြောပေါက်ကာ သတိလစ်ခြင်း၊ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကြောင့် လေဖြတ် ပြီး ခန္ဓာကိုယ်တစ်ခြမ်း(သို့မဟုတ်) တစ်စိတ်တစ်ဒေသ မလှုပ်ရှားနိုင်တော့ခြင်း၊ စကားပီသအောင်မပြော နိုင်ခြင်း (သို့မဟုတ်) လုံးဝစကားမပြောနိုင်တော့ခြင်း ဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခြင်းကိုခေါ် သည်။

အပူဒဏ်ကြောင့် လေဖြတ်ခြင်း (၂) မျိုး

(က) နေပူထဲမှ ပြန်လာပြီး အအေးထဲသို့ ဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်မိခြင်း။(ဥပမာ- အဲယားကွန်း ဖွင့်ထားသောအခန်း၊ ယာဉ်ရထား၊ ကုန်တိုက်ကြီး များအတွင်း သို့ ဝင်ရောက်ခြင်း)

(ခ) အအေးခန်းအတွင်း နေထိုင်ရာမှရုတ်တရက် ပူပြင်းသောနေရောင်အောက်သို့ ထွက်ခြင်း။ (ဥပမာ- အဲယားကွန်းကားစီးပြီး ဆင်းလိုက်သောအခါ ပူပြင်းသောနေရောင်ခြည်နှင့် တိုက်ရိုက်ထိ တွေ့ခြင်း)

အပူအအေး ဝိရောဓိဖြစ်ခြင်းဟုခေါ်သော ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးစီး ကြောင်းများတွင် သွေးကြောများရုတ်ခြည်း ပြောင်းလဲမှုဒဏ်ကို မခံနိုင်တော့ဘဲ သွေးကြောကြီးများ အက် ကွဲခြင်း၊ သွေးကြောငယ်လေးများ ပြတ်ထွက်ခြင်းဖြစ်နိုင်ပေသည်။

အသက်ကြီးသူူများတွင် ပို၍ဖြစ်ရခြင်းမှာ သူတို့၏ သွေးကြောများမှာ ဟောင်းနွမ်းပြီး မာဆတ်မှုကြောင့် ပူ၍ ကျယ်ခြင်း၊ အေး၍ ကျုံ့ခြင်းဒဏ်ကို မခံ နိုင်ခြင်းဖြစ်သည်။ ပလတ်စတစ်ပိုက်များ ဟောင်းနွမ်းသောအခါ မာကျွတ်ဆတ်ပြီး ကွဲလွယ်ပေါက်လွယ် သည့် သဘောပင်ဖြစ်သည်။

Heat Stroke မဖြစ်စေရန် ကာကွယ်ရမည့် နည်းလမ်းများ

(က) နေပူပြင်းချိန်တွင် အပြင်မထွက်ပါနှင့် မလွဲမရှောင်သာ၍ ထွက်ရလျှင် လုံခြုံသောအဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါဖို့ လိုသည်။

(ခ) စောင့်ဆိုင်းရသော အလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အဆောက်အအုံအရိပ်၊ အမိုးအကာအောက်မှ စောင့်ပါ။

(ဂ) ရေငတ်လျှင် ရိုးရိုးရေသောက်ပါ။ ရေခဲရေမသောက်ပါနှင့်။

(ဃ) အဲယားကွန်းကားစီးပြီး လိုရာရောက်၍ နေပူရှိန်ပြင်းသော နေရာတွင် ဆင်းရမည်ဆိုလျှင် မဆင်းမီက ကြို တင်၍ ရေသောက်ထားပါ။ အစာအိမ်အတွင်းရေရှိလျှင် သွေးကြောများက ရေကို စုပ်ယူထားသဖြင့် တော်ရုံ အပူဒဏ်ကို ခံနိုင်သည်။

(င) နေပူထဲမှ ပြန်လာပြီးလျှင် ရေခဲရေ (လုံးဝ) မသောက်ပါနှင့်၊ ရေမချိုးပါနှင့်၊ မျက်နှာမသစ်ပါနှင့်။

(စ) ရေနွေးကြမ်းတွင် ဆားလှော်အနည်းငယ် ခပ်သောက်ခြင်းသည် ရှေးလူကြီးများ၏ အပူဒဏ်ကာကွယ် နည်း ဖြစ်ပါသည်။

အပူဒဏ်ကာကွယ်နိုင်ရန် မြန်မာ့ရိုးရာနည်းများ

ယခုနှစ် နွေရာသီအပူရှိန်လွန်ကဲမည်ဟု မိုးလေဝသပညာရှင်များက သတိပေးလျက်ရှိသည်။ အထူး သဖြင့် အထက်အညာဒေသ

နေထိုင်သူများအတွက် ပို၍သတိရှိရန်လိုသည်။ မြို့နေလူတန်းစားများ အ တွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည်တို့ဖြင့် အပူဒဏ်ကာကွယ်ဖို့ သတိပေးနေချိန်တွင် လယ်ထဲ ကိုင်းထဲအလုပ်လုပ်ကြရသော တောသူတောင်သူများအား မည်သို့ကာကွယ်ပေးမည်နည်း။

စိတ်ပူပန်ရန်မ လိုပါ။ ရှေဘိုးစဉ်ဘောင်ဆက်ကပင် တောသူတောင်သားတို့တွင် နေပူဒဏ် ကာကွယ်နည်းရှိပါသည်။ အကာအကွယ်ရှိပါသည်။ ထိုအကာအကွယ်မှာ သနပ်ခါးဘဲကြား ထူထူလိမ်းခြင်းနှင့် ဝါးခမောက် တို့ဖြစ် သည်။

မြန်မာ့ရိုးရာသနပ်ခါးသည် မျက်နှာနှင့်လက်၊ ခြေများပါလိမ်းထားလျှင် နေပူဒဏ် (ခေတ်အခေါ် ခရမ်းလွန်ရောင်ခြည်ဒဏ်) သာမက လေတိုက်ပြီး အသားပပ်ခြင်း၊ ဖုန်မှုန့်များကပ်ခြင်းကိုပါ ကာကွယ် သည်။

သနပ်ခါးအမြစ်တွင် အအေးဓာတ်(သီတဓာတ်)ပါသဖြင့် အပူကန်ပြီး မိတ်ဖုုများထွက်ခြင်းကိုပါ အကာအကွယ်ပေးသည်။ ရှေးက လူကြီးများသည် ကလေးများကို ရေမိုးချိုးပြီးသည်နှင့် ကျောက်ပျဉ်တွင် သနပ်ခါးသွေးပြီး လိမ်းပေးသည်။

လိမ်းပေးရုံသာမက သန့်ရှင်းသောရေဖြင့် သွေးထားသော သနပ်ခါးအ နည်းငယ်ကို ကလေး၏ ပါးစပ်အတွင်းသို့ ခွံ့ပေးသည်။ ကလေးငယ်များသည် စ၍ ခွံ့ပေးခါစက သနပ်ခါး သည် ခါးသက်သက်အရသာရှိသဖြင့် မကြိုက်သော်လည်း နောင်တွင်ကြိုက်သွားလေ့ရှိသည်။

သနပ်ခါးစား ခြင်းသည် အပူဒဏ်ကာကွယ်သည့်အပြင် ကလေးငယ်များကို ရေကျောက်နှင့် ဝက်သက်ပေါက်ခြင်းမှလည်း အကာအကွယ်ပေးနိုင်သည်။

ကန်စွန်းရွက်သည် ရာသီမရွေးရနိုင်သော အစာဖြစ်သည်။ နွေအခါ ကုန်းကန်စွန်း၊ မိုးအခါ ရေကန် စွန်း စသည်ဖြင့် ပေါပေါများများရနိုင်သည်။ ကန်စွန်းရွက်ကို နေ့စဉ်စားခြင်းဖြင့် အပူဒဏ်မှကာကွယ်နိုင် သည်။

ကန်စွန်းရွက်သည် အဆုတ်အားကောင်းစေသည့် အာပေါစာဖြစ်သည်။ နွေရာသီအပူငုပ်၍ ချောင်း ခြောက်ဆိုးခြင်း၊ အသံဝင်ခြင်းကို သက်သာစေနိုင်သည်။ ကန်စွန်းရွက်ကို မန်ကျည်းမှည့်နှင့် ချဉ်ရည်ဟင်း ချက်စားလျှင် အပူဒဏ်ကာကွယ်သော ရာသီစာဖြစ်သည်။

မိတ်ကိုက်ပြီး ပူစပ်ပူလောင်ဖြစ်လျှင် ကန်စွန်း ရွက် အရည်ညှစ်ပြီး အားအနည်းငယ်ထည့်၍ ဖျော်လိမ်းပေးလျှင် သက်သာစေနိုင်သည်။

Heat Stroke မဖြစ်စေရန် သတိပြုရမည့် အချက်များ

၁။ သနပ်ခါးလိမ်းပါ။ မြန်မာ့ရိုးရာ သနပ်ခါးသည် အပူဒဏ်ကိုကာကွယ်သည်။

၂။ မိတ်ထွက်လျှင် သနပ်ခါးအနည်းငယ်စားပေးပါ။ ခရေပွင့်ခြောက်နှင့် သနပ်ခါးရောသွေးလိမ်းပါ။

၃။ ရေတစ်ခွက်သောက်ပြီးမှ အပြင်ထွက်ပါ။

၄။ အပြင်မှ ပြန်လာလျှင် ရေခဲရေမသောက်ပါနှင့်။ ပုံမှန်သဘာဝရေအေးကိုသာ သောက်ပါ။

၅။ ခြေထောက်ရေမဆေးပါနှင့်။ ရေမစိမ်ပါနှင့်။

၆။ မျက်နှာမသစ်ပါနှင့်။ ရေအေးဖတ်ဖြင့် မကပ်ပါနှင့်။

၇။ နေပူထဲမှ ပြန်လာလျှင် ချက်ချင်း ရေမချိုးပါနှင့်။

၈။ ဦးခေါင်း၊ ဆံပင်ဖြန့်၍ ပန်ကာလေမခံပါနှင့်။

၉။ ရေခဲသေတ္တာထဲမှ ရေဘူးကို သောက်လိုလျှင် အပြင်မှာ (၁၅)မိနစ်ခန့် ထုတ်ထားပြီးမှ သောက်ပါ။

၁၀။ ပူပြင်းသောရာသီတွင် ဝမ်းချုပ်လျှင် ညအိပ်ယာဝင် မန်ကျည်းမည့်နှင့် ထန်းလျက်ဖျော်ရည်သောက်ပါ။ ဝမ်းနုတ်ဆေးအပြင်းများ မသောက်ပါနှင့်။

၁၁။ ဦးခေါင်းတုံးလျှင် (ခေါင်းရိတ်လျှင်) နံနက်စောစော ရိတ်ပါ။ နေ့လယ်၊ ညနေ မရိတ်ပါနှင့်။

၁၂။ ဝမ်းပျက်လျှင် သကြားသုံးဇွန်း၊ ဆားတစ်ဇွန်း၊ လက်ဖက်ခြောက်လက်တစ်ဆုပ် သံဒယ်အိုးဖြင့် လှော် ပြီး ရေနွေးဆူဆူတွင် ခတ်သောက်ပါ။ ဝမ်းအရည်သွားခြင်းကို ရပ်စေပါသည်။

ကြည်လွင်မြင့် (မုဒြာ)

အပူလွ်ပ္၍ သတိလစ္ ေမ့ေမ်ာျခင္း Heat Stroke

အပူခ်ိန္လြန္ကဲၿပီး ရုတ္တရက္ သတိလစ္ေမ့ေမ်ာျခင္း၊ အသက္ေသဆံုးျခင္းမ်ားကို ႏွစ္စဥ္ပူျပင္း ေသာ ေႏြရာသီေရာက္တုိင္း ၾကားသိေနရသည္။

ယခုႏွစ္တြင္လည္း အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္ေနသည္ကို သတိျပုၾကရန္ မိုးေလဝသ ပညာရွင္မ်ားက အသိေပးလွ်က္ရွိသည္။ ထုိၾကားမွာပင္ ရုတ္တရက္ ေသဆံုးျခင္းသတင္းမ်ား ဖတ္ရႈေနရသည္။

၂၀၁၉ ခုႏွစ္၊ ဧၿပီ ၂၂ ရက္၊ ၂၀၁၉ ေန့ထုတ္ 7 Day Daily သတင္းစာ မ်က္ႏွာဖံုးတြင္ YBS ယာဥ္ ေပၚတြင္ အဖိုးအုိတစ္ဦး ရုတ္္တရက္ကြယ္လြန္၊ ေနပူထဲျဖတ္လာၿပီး ေလေအး ေပးစက္ေအာက္ ခ်က္ျခင္း ဝင္၍ျဖစ္ဟု တာဝန္ရွိသူတုိ့သံုးသပ္ ဟူေသာ သတင္းကုိ ဖတ္ရႈရသည္။ သတိျပု ဖြယ္ျဖစ္သည္။

ႏွစ္စဥ္ အပူလြန္ကဲသည့္ ရာသီေရာက္တုိင္း လူေသဆံုးမႈ သတင္းမ်ား ဖတ္ရႈရၿမဲျဖစ္သည္။ သတိျပုဆင္ျခင္ႏုိင္ရန္ သတိေပးတင္ျပလုိပါသည္။

ထုိသတင္းအျပည့္အစံုမွာ … ရန္ကုန္ၿမို့ ဒဂံုဆိပ္ကမ္းၿမုိ့နယ္ရွိ ယုဇနဥယ်ာဥ္အိမ္ယာႏွင့္ ေအာင္ မဂၤလာအေဝးေျပးကားဝင္းသို့ ေျပးဆြဲသည့္ ေျပးဆြဲသည့္ YBS အမွတ္(၂) ယာဥ္တစ္စီးေပၚတြင္ လိုက္ပါ လာသည့္ အသက္(၈၀) ေက်ာ္အရြယ္ အမ်ုိးသားတစ္ဦး ေသးဆံုးမႈ ယမန္ေန့ (၂၁. ၄. ၂၀၁၉)နံနက္က ျဖစ္ပြားခဲ့သည္။

ေသဆံုးသူအမ်ုိးသားသည္ အသက္(၈၂)ႏွစ္ရွိ ဒဂုံအေရွ့ပိုင္းၿမုိ့နယ္ေန ဦးေမာင္ေမာင္တင္ ဆုိသူျဖစ္ၿပီး ၎၏ လက္ကိုင္ဖုန္းမွတစ္ဆင့္ မိသားစုဝင္မ်ားကို ဆက္သြယ္အေၾကာင္းရာမွ ေသဆံုးသူ သည္ က်န္းမာေရးမေကာင္းသူ ျဖ

စ္သည္ကုိသိရေၾကာင္း ရန္ကုန္ၿမို့ျပ အမ်ားျပည္သူသယ္ယူပို့ေဆာင္ ေရးကုမၸဏီ ဒုတိယအေထြေထြမန္ေနဂ်ာက ေျပာသည္။ “က်န္းမာေရးမေကာင္းတဲ့ၾကားက အပူရွိန္ျမင့္ တက္လာတာလည္း တစ္ေၾကာင္းပါတယ္။

ဒီလိုအပူရွိန္ေၾကာင့္ ရုတ္တရက္ ေလေအးေပးစက္ေအာက္ ေရာက္သြားေတာ့ ေရွာ့ခ္ျဖစ္သြားတယ္လုိ့ ထင္ပါတယ္” ဟု ၎က ေျပာသည္။

ျဖစ္ပံုမွာ ဧၿပီ ၂၁ ရက္ နံနက္ ၉ နာရီက ေအာင္မဂၤလာအေဝးေျပးကားဝင္းမွ ယုဇနဥယ်ာဥ္အိမ္ယာသို့ သြားရာလမ္းတြင္ ထုိအဖိုး အုိ အိပ္ေပ်ာ္ရင္း လိုက္ပါလာသည္ကို ေတြ့ရွိ၍ ခရီးသည္တစ္ဦးက ႏႈိးၾကည့္ရာ မရသျဖင့္ ယာဥ္ေမာင္းထံ အေၾကာင္းၾကားခဲ့သည္။

ယင္းေနာက္ ေတာင္ဒဂံု ၿမို့မရဲစခန္းသို့ အေၾကာင္းၾကားၿပီး မိသားစုဝင္မ်ားႏွင့္ ဆက္သြယ္အသိေပးခဲ့ေၾကာင္း သိရသည္။

ဤအျဖစ္အပ်က္ႏွင့္ ဆန့္က်င္ဘက္ အျခားအျဖစ္အပ်က္တစ္ခုမွာ လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က ေနပူရွိန္ျပင္းေသာ ေမလဆန္း တစ္ရက္တြင္ ပုဂံေညာင္ဦးသို့ သြားေသာ ကမၻာလွည့္

ခရီးသြား Tourist မ်ား တင္ေဆာင္ထားသည့္ အဲယားကြန္းဘတ္စ္ကားႀကီးတစ္စီးသည္ ပုဂံအာနႏၵာျပတုိက္ေရွ့တြင္ရပ္ၿပီး ခရီး သည္မ်ား ဆင္းၾကရာတြင္ အသက္ ၇၀ ေက်ာ္ Tourist ႀကီးတစ္ဦးမွာ အပူလွ်ပ္ၿပီး ရုတ္တရက္ လဲက်သြား သည္။

သူသည္ ေရသန့္ဘူးအေအးတစ္ဘူးကို ေမာ့ေသာက္ရင္း လဲက်သြားသည္ဟုလည္း ေျပာၾကသည္။ ထိုေနရာတြင္ပင္ သတိလစ္ၿပီး ေနာက္ပိုင္း အသက္ဆံုးရႈံးသြားသည္ဟု သိရသည္။

အပူရွိန္ျမင့္တက္လာျခင္းေၾကာင့္ ခရီးသြားလာသူမ်ား သတိႏွင့္သြားလာရန္ႏွင့္ အပူဒဏ္ႀကိုတင္ ကာကြယ္ေရး လုပ္ေဆာင္ရန္ က်န္းမာေရးဦးစီးဌာနက တုိက္တြန္းထားသည္။

အထူးသျဖင့္ အသက္ အရြယ္ႀကီးရင့္သူမ်ားႏွင့္ က်န္းမာေရးမေကာင္းသူမ်ား ေန့လယ္အပူရွိန္ျမင့္တက္ခ်ိန္တြင္ အျပင္သို့မထြက္ ရန္ အထူးရဂရုျပုသင့္ေၾကာင္း သတိေပးထားသည္။

“အသက္အရြယ္ ႀကီးရင့္သူမ်ား ေနပူထဲကလာၿပီး ကားစီးမယ္.. အဲဒီအခါ ေလေအးေပးစက္ ေၾကာင့္ ရုတ္တရက္အပူလွ်ပ္သြားတာမ်ုိး ျဖစ္ရာကေန အခုလုိ သတိေမ့ေသဆံုးတဲ့ အထိ ျဖစ္ကုန္တာပါ။

အေကာင္းဆံုးကေတာ့ အသက္ႀကီးတဲ့သူေတြကို တစ္ေယာက္ထဲ အျပင္မလႊတ္သင့္ဘူး။ အေဖာ္တစ္ ေယာက္ေတာ့ ပါရမယ္။ အျပင္မထြက္တာ အေကာင္းဆံုးပါပဲ။ ေရကို ဆာတာထက္ ပိုေသာက္ရမယ္” ဟု က်န္းမာေရးဌာနမွ ဆရာဝန္တစ္ဦးက ေျပာသည္။

အဓိက အေနျဖင့္ အပူဒဏ္ကာကြယ္ရန္ (လူႀကီးမ်ား) ေနအိမ္အတြင္းရွိ ေအးျမသည့့္ ေနရာတြင္ ေနထုိင္သင့္ၿပီး ေနပူသည့္ အခ်ိန္ နံနက္ ၁၀ နာရီမွ ေန့လယ္ ၃ နာရီအတြင္း အျပင္မထြက္သင့္ေၾကာင္း သတိေပးထားသည္။

အပူဒဏ္ေၾကာင့္ မူးလဲသြားျခင္း၊ ခႏၶာကုိယ္ပင္ပန္းႏြမ္းနယ္သြားျခင္း၊ အျပင္းဖ်ား ျခင္း၊ အပူေၾကာင့္ႂကြက္တက္ျခင္း၊ အပူလွ်ပ္ၿပီးေနာက္ အဖ်ား ၁၀၆ ဒီဂရီအထိ တက္မယ္ဆုိရင္ သတိလစ္ ၿပီး ဦေႏွာက္ထိခိုက္ႏုိင္သည္။ အေရးေပၚကုသမႈမ်ား အခ်ိန္မီလုပ္ေပးႏုိင္မွ အသက္မဆံုးမည္ ျဖစ္သည္ဟု ဆိုသည္။

ျမန္မာႏုိင္ငံတြင္ တန္ခူး၊ ကဆုန္၊ နယုန္ (မတ္၊ ဧၿပီ၊ ေမ) ၃ လသည္ အပူဆံုးလမ်ားျဖစ္သည္။ ေနပူထဲထြက္ရသူမ်ား သတိျပုရမည့္လျဖစ္သည္။ သႀကၤန္က်သည့္လတြင္ အပူဆံုးျဖစ္သည္။ တစ္ခါတစ္ရံ မိုးရြာသည္။ မိုးရြာေသာ္လည္း ပူၿမဲပင္ျဖစ္ေနတတ္သျဖင့္ သတိျပုသင့္သည္။

အရပ္ေခၚ အပူလွ်ပ္ျခင္းဆိုသည္မွာ ျပင္းထန္ေသာအပူဒဏ္ (ေနပူဒဏ္)ႏွင့္ထိေတြ့ၿပီး အေရျပားမွ တစ္ဆင့္ ခႏၶာကိုယ္ေသြးေၾကာမ်ား အတြင္းသို့ အပူဓာတ္လြန္ကဲစြာ ေရာက္သြားၿပီးဖ်ားလာျခင္း၊ ထို့ ေနာက္ ဦးေႏွာက္ေသြးေၾကာေပါက္ကာ သတိလစ္ျခင္း၊

ဦးေႏွာက္အတြင္း ေသြးယိုစိမ့္မႈေၾကာင့္ ေလျဖတ္ ၿပီး ခႏၶာကိုယ္တစ္ျခမ္း(သို့မဟုတ္) တစ္စိတ္တစ္ေဒသ မလႈပ္ရွားႏိုင္ေတာ့ျခင္း၊ စကားပီသေအာင္မေျပာ ႏိုင္ျခင္း (သို့မဟုတ္) လံုးဝစကားမေျပာႏုိင္ေတာ့ျခင္း ျဖစ္ရပ္မ်ား ဆက္တိုက္ဆိုသလုိ ျဖစ္ပြားျခင္းကိုေခၚ သည္။

အပူဒဏ္ေၾကာင့္ ေလျဖတ္ျခင္း (၂) မ်ုိး

(က) ေနပူထဲမွ ျပန္လာၿပီး အေအးထဲသို့ ဝင္ေရာက္ျခင္း၊ ေရေအးေသာက္ျခင္း၊ ေရခ်ုိးျခင္းမ်ား ျပုလုပ္မိျခင္း။(ဥပမာ- အဲယားကြန္း ဖြင့္ထားေသာအခန္း၊ ယာဥ္ရထား၊ ကုန္တုိက္ႀကီး မ်ားအတြင္း သို့ ဝင္ေရာက္ျခင္း)

(ခ) အေအးခန္းအတြင္း ေနထုိင္ရာမွရုတ္တရက္ ပူျပင္းေသာေနေရာင္ေအာက္သို့ ထြက္ျခင္း။ (ဥပမာ- အဲယားကြန္းကားစီးၿပီး ဆင္းလိုက္ေသာအခါ ပူျပင္းေသာေနေရာင္ျခည္ႏွင့္ တိုက္ရုိက္ထိ ေတြ့ျခင္း)

အပူအေအး ဝိေရာဓိျဖစ္ျခင္းဟုေခၚေသာ ဆန့္က်င္ဘက္ျဖစ္ျခင္းေၾကာင့္ ခႏၶာကိုယ္တြင္း ေသြးစီး ေၾကာင္းမ်ားတြင္ ေသြးေၾကာမ်ားရုတ္ျခည္း ေျပာင္းလဲမႈဒဏ္ကို မခံႏုိင္ေတာ့ဘဲ ေသြးေၾကာႀကီးမ်ား အက္ ကြဲျခင္း၊ ေသြးေၾကာငယ္ေလးမ်ား ျပတ္ထြက္ျခင္းျဖစ္ႏိုင္ေပသည္။

အသက္ႀကီးသူူမ်ားတြင္ ပုိ၍ျဖစ္ရျခင္းမွာ သူတို့၏ ေသြးေၾကာမ်ားမွာ ေဟာင္းႏြမ္းၿပီး မာဆတ္မႈေၾကာင့္ ပူ၍ က်ယ္ျခင္း၊ ေအး၍ က်ဳံ့ျခင္းဒဏ္ကို မခံ ႏုိင္ျခင္းျဖစ္သည္။ ပလတ္စတစ္ပိုက္မ်ား ေဟာင္းႏြမ္းေသာအခါ မာကၽြတ္ဆတ္ၿပီး ကြဲလြယ္ေပါက္လြယ္ သည့္ သေဘာပင္ျဖစ္သည္။

Heat Stroke မျဖစ္ေစရန္ ကာကြယ္ရမည့္ နည္းလမ္းမ်ား

(က) ေနပူျပင္းခ်ိန္တြင္ အျပင္မထြက္ပါႏွင့္ မလြဲမေရွာင္သာ၍ ထြက္ရလွ်င္ လံုၿခံုေသာအေဆာင္း၊ အကာ၊ ထီး၊ ဦးထုပ္ပါဖို့ လိုသည္။

(ခ) ေစာင့္ဆိုင္းရေသာ အလုပ္ျဖစ္လွ်င္ သစ္ပင္အရိပ္၊ အေဆာက္အအံုအရိပ္၊ အမိုးအကာေအာက္မွ ေစာင့္ပါ။

(ဂ) ေရငတ္လွ်င္ ရုိးရုိးေရေသာက္ပါ။ ေရခဲေရမေသာက္ပါႏွင့္။

(ဃ) အဲယားကြန္းကားစီးၿပီး လုိရာေရာက္၍ ေနပူရွိန္ျပင္းေသာ ေနရာတြင္ ဆင္းရမည္ဆုိလွ်င္ မဆင္းမီက ႀကို တင္၍ ေရေသာက္ထားပါ။ အစာအိမ္အတြင္းေရရွိလွ်င္ ေသြးေၾကာမ်ားက ေရကို စုပ္ယူထားသျဖင့္ ေတာ္ရုံ အပူဒဏ္ကို ခံႏိုင္သည္။

(င) ေနပူထဲမွ ျပန္လာၿပီးလွ်င္ ေရခဲေရ (လံုးဝ) မေသာက္ပါႏွင့္၊ ေရမခ်ိုးပါႏွင့္၊ မ်က္ႏွာမသစ္ပါႏွင့္။

(စ) ေရေႏြးၾကမ္းတြင္ ဆားေလွာ္အနည္းငယ္ ခပ္ေသာက္ျခင္းသည္ ေရွးလူႀကီးမ်ား၏ အပူဒဏ္ကာကြယ္ နည္း ျဖစ္ပါသည္။

အပူဒဏ္ကာကြယ္ႏုိင္ရန္ ျမန္မာ့ရိုးရာနည္းမ်ား

ယခုႏွစ္ ေႏြရာသီအပူရွိန္လြန္ကဲမည္ဟု မိုးေလဝသပညာရွင္မ်ားက သတိေပးလ်က္ရွိသည္။ အထူး သျဖင့္ အထက္အညာေဒသ ေနထုိင္သူမ်ားအတြက္ ပို၍သတိရွိရန္လိုသည္။

ၿမို့ေနလူတန္းစားမ်ား အ တြက္ ထီး၊ ဦးထုပ္၊ ေနကာမ်က္မွန္ စသည္တို့ျဖင့္ အပူဒဏ္ကာကြယ္ဖို့ သတိေပးေနခ်ိန္တြင္ လယ္ထဲ ကုိင္းထဲအလုပ္လုပ္ၾကရေသာ ေတာသူေတာင္သူမ်ားအား မည္သို့ကာကြယ္ေပးမည္နည္း။ စိတ္ပူပန္ရန္မ လိုပါ။

ေရွဘိုးစဥ္ေဘာင္ဆက္ကပင္ ေတာသူေတာင္သားတို့တြင္ ေနပူဒဏ္ ကာကြယ္နည္းရွိပါသည္။ အကာအကြယ္ရွိပါသည္။ ထုိအကာအကြယ္မွာ သနပ္ခါးဘဲၾကား ထူထူလိမ္းျခင္းႏွင့္ ဝါးခေမာက္ တို့ျဖစ္ သည္။

ျမန္မာ့ရုိးရာသနပ္ခါးသည္ မ်က္ႏွာႏွင့္လက္၊ ေျခမ်ားပါလိမ္းထားလွ်င္ ေနပူဒဏ္ (ေခတ္အေခၚ ခရမ္းလြန္ေရာင္ျခည္ဒဏ္) သာမက ေလတိုက္ၿပီး အသားပပ္ျခင္း၊ ဖုန္မႈန့္မ်ားကပ္ျခင္းကိုပါ ကာကြယ္ သည္။

သနပ္ခါးအျမစ္တြင္ အေအးဓာတ္(သီတဓာတ္)ပါသျဖင့္ အပူကန္ၿပီး မိတ္ဖုုမ်ားထြက္ျခင္းကိုပါ အကာအကြယ္ေပးသည္။ ေရွးက လူႀကီးမ်ားသည္ ကေလးမ်ားကို ေရမိုးခ်ုိးၿပီးသည္ႏွင့္ ေက်ာက္ပ်ဥ္တြင္ သနပ္ခါးေသြးၿပီး လိမ္းေပးသည္။

လိမ္းေပးရုံသာမက သန့္ရွင္းေသာေရျဖင့္ ေသြးထားေသာ သနပ္ခါးအ နည္းငယ္ကို ကေလး၏ ပါးစပ္အတြင္းသို့ ခြံ့ေပးသည္။ ကေလးငယ္မ်ားသည္ စ၍ ခြံ့ေပးခါစက သနပ္ခါး သည္ ခါးသက္သက္အရသာရွိသျဖင့္ မႀကိုက္ေသာ္လည္း ေနာင္တြင္ႀကိုက္သြားေလ့ရွိသည္။

သနပ္ခါးစား ျခင္းသည္ အပူဒဏ္ကာကြယ္သည့္အျပင္ ကေလးငယ္မ်ားကို ေရေက်ာက္ႏွင့္ ဝက္သက္ေပါက္ျခင္းမွလည္း အကာအကြယ္ေပးႏိုင္သည္။

ကန္စြန္းရြက္သည္ ရာသီမေရြးရႏိုင္ေသာ အစာျဖစ္သည္။ ေႏြအခါ ကုန္းကန္စြန္း၊ မိုးအခါ ေရကန္ စြန္း စသည္ျဖင့္ ေပါေပါမ်ားမ်ားရႏိုင္သည္။ ကန္စြန္းရြက္ကို ေန့စဥ္စားျခင္းျဖင့္ အပူဒဏ္မွကာကြယ္ႏုိင္ သည္။

ကန္စြန္းရြက္သည္ အဆုတ္အားေကာင္းေစသည့္ အာေပါစာျဖစ္သည္။ ေႏြရာသီအပူငုပ္၍ ေခ်ာင္း ေျခာက္ဆိုးျခင္း၊ အသံဝင္ျခင္းကို သက္သာေစႏိုင္သည္။

ကန္စြန္းရြက္ကို မန္က်ည္းမွည့္ႏွင့္ ခ်ဥ္ရည္ဟင္း ခ်က္စားလွ်င္ အပူဒဏ္ကာကြယ္ေသာ ရာသီစာျဖစ္သည္။ မိတ္ကိုက္ၿပီး ပူစပ္ပူေလာင္ျဖစ္လွ်င္ ကန္စြန္း ရြက္ အရည္ညွစ္ၿပီး အားအနည္းငယ္ထည့္၍ ေဖ်ာ္လိမ္းေပးလွ်င္ သက္သာေစႏုိင္သည္။

Heat Stroke မျဖစ္ေစရန္ သတိျပုရမည့္ အခ်က္မ်ား

၁။ သနပ္ခါးလိမ္းပါ။ ျမန္မာ့ရုိးရာ သနပ္ခါးသည္ အပူဒဏ္ကိုကာကြယ္သည္။

၂။ မိတ္ထြက္လွ်င္ သနပ္ခါးအနည္းငယ္စားေပးပါ။ ခေရပြင့္ေျခာက္ႏွင့္ သနပ္ခါးေရာေသြးလိမ္းပါ။

၃။ ေရတစ္ခြက္ေသာက္ၿပီးမွ အျပင္ထြက္ပါ။

၄။ အျပင္မွ ျပန္လာလွ်င္ ေရခဲေရမေသာက္ပါႏွင့္။ ပံုမွန္သဘာဝေရေအးကိုသာ ေသာက္ပါ။

၅။ ေျခေထာက္ေရမေဆးပါႏွင့္။ ေရမစိမ္ပါႏွင့္။

၆။ မ်က္ႏွာမသစ္ပါႏွင့္။ ေရေအးဖတ္ျဖင့္ မကပ္ပါႏွင့္။

၇။ ေနပူထဲမွ ျပန္လာလွ်င္ ခ်က္ခ်င္း ေရမခ်ိုးပါႏွင့္။

၈။ ဦးေခါင္း၊ ဆံပင္ျဖန့္၍ ပန္ကာေလမခံပါႏွင့္။

၉။ ေရခဲေသတၱာထဲမွ ေရဘူးကို ေသာက္လုိလွ်င္ အျပင္မွာ (၁၅)မိနစ္ခန့္ ထုတ္ထားၿပီးမွ ေသာက္ပါ။

၁၀။ ပူျပင္းေသာရာသီတြင္ ဝမ္းခ်ုပ္လွ်င္ ညအိပ္ယာဝင္ မန္က်ည္းမည့္ႏွင့္ ထန္းလ်က္ေဖ်ာ္ရည္ေသာက္ပါ။ ဝမ္းႏုတ္ေဆးအျပင္းမ်ား မေသာက္ပါႏွင့္။

၁၁။ ဦးေခါင္းတံုးလွ်င္ (ေခါင္းရိတ္လွ်င္) နံနက္ေစာေစာ ရိတ္ပါ။ ေန့လယ္၊ ညေန မရိတ္ပါႏွင့္။

၁၂။ ဝမ္းပ်က္လွ်င္ သၾကားသံုးဇြန္း၊ ဆားတစ္ဇြန္း၊ လက္ဖက္ေျခာက္လက္တစ္ဆုပ္ သံဒယ္အုိးျဖင့္ ေလွာ္ ၿပီး ေရေႏြးဆူဆူတြင္ ခတ္ေသာက္ပါ။ ဝမ္းအရည္သြားျခင္းကို ရပ္ေစပါသည္။

ၾကည္လြင္ျမင့္ (မုျဒာ)