ဗဟုသုတ

ခွေး ကျွေးခြင်း၏ ကုသိုလ် အကျိုး သေချာဖတ်ကြည့်ပါ…

ဘယ်နေရာ ရောက်ရောက် ခွေးကျွေးတဲ့ အလုပ် ကလေးကိုတော့ ၀တ်တစ်ခုလို ကိုထားပြီး လုပ်ဖြ စ် ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာ ခွေးပိ န်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူ းပါတယ်။ တစ်နေ့တော့ ဒီခွေး ကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းကမေးခွန်း တစ်ခု မေးလာ ပါတယ်။ “တနင်္လာ နံမို့ ခွေးကျွေး တာလား” တဲ့။ မိမိ က “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန် မေးတော့ သူငယ်ချင်း က “ငွေနံလေ” တဲ့။

ဒီတော့မှ မိမိလဲ သဘောပေါက်သွားပြီး “တနင်္လာနံ ကြောင့်တော့ မဟုတ်ပါဘူး။ သီဟိုဠ် ၀တ္ထုလေး တစ်ပုဒ်ကို ဖတ်ဖူး ထားလို့ပါ” လို့ ပြောပြီး အဲဒီ သီဟိုဠ် ၀တ္ထုလေးကိုပါ သူငယ် ချင်းကို ပြောပြဖြစ် လိုက်ပါတယ်။ သူငယ်ချင်းက “သြော်…ဒါကြောင့်ကိုး။” လို့ အတည်လိုလိုနောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါ သေးတယ်။ သူငယ်ချင်းကို ပြောပြ ဖူးခဲ့တဲ့ သီဟိုဠ် ၀တ္ထုလေးကို အခု ချစ်တဲ့ စာဖတ်သူတွေကိုလည်း ပြန်ပြော ပြချင်ပါတယ်။ တခါတုန်း က သီဟိုဠ်ကျွန်းမှာ “အရှင်စူဠနာဂ” လို့ အမည်ရတဲ့မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။

သီဟိုဠ်ကျွန်း အ နုရာဓမြို့မှာ မြတ်စွာဘုရားရဲ့ ညှပ်ရိုးတော်ကို ဌာ ပနာ ထားရာ လည်း ဖြစ်၊ ဒေဝါနံပိယတိဿမင်း ကြီးရဲ့ ကောင်းမှု လည်းဖြစ်တဲ့ ထူပါရုံ စေတီဆိုတာ ရှိပါတယ်။ ထူပါရုံ စေတီတော်ရဲ့ အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံ ကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံ ကျောင်းတိုက်ကြီးမှာ တခြားရဟန်း တော်တွေနှင့် အတူ သီတင်းသုံး နေတဲ့ ရဟန်း တစ်ပါးပါ။တစ်နေ့မှာ အရှင်စူဠနာဂ ဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေ ပေါက်ထားတဲ့ ခွေးမတ စ်ကောင်ကို တွေ့လိုက်ရ ပါတယ်။ ခွေးမကို သေ ချာ ကြည့်လိုက်တော့ ပိန်ပိန် ချည့်ချည့်နဲ့ အတော်ဆာလောင် မွတ်သိပ် နေတဲ့ပုံပါ။ ဆာလောင် မွတ် သိပ် နေပုံရတဲ့ ခွေးမကို မြင်လိုက် ရတော့ အရှင်စူဠနာဂက တော်တော်လေး သနားသွား ပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီးလို့ သပိတ်ဆေး ပြီးပြီဆိုတော့ ကျွေးစရာ ဆွမ်းကျန်ကလည်း မရှိတော့ပါဘူး။ ဒါကြောင့် ဘာလုပ်လိုက် သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန် သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သော ငှာအပ်၏” လို့ နှ လုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက် ပါတယ်။

အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံ တင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခု ထဲမှာ ရေထည့်ပြီး ရေလဲ တိုက်လိုက်ပါသေးတယ်။ အစာ ထိုက်သင့်သလောက် ဝသွားတဲ့ ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂလဲ တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတ ယ်။ သူ့ရဲ့ဆုတောင်းက “ငါသည် ဤ ခွေးမအား

မိမိရဲ့ ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ ကျွေးလို က်ရသော ကုသိုလ် ကောင်းမှုကြောင့် နိဗ္ဗာန်ရော က်ရပါလို၏။ နိဗ္ဗာန်မရ သေး၍ သံသရာကျင်လ ည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏” တဲ့။ စာမှာတော့ အရှင်စူဠနာဂရဲ့ ဒါနစေတနာဟာ ပထမဇော အဆင့်မှာတင် အရှိန် အ ဟုန်အစွမ်း တော်တော် ကြီးမားနေခဲ့ တယ်လို့ ဆိုပါတယ်။ အရှင် စူဠနာဂ ဆုတောင်းလိုက်တဲ့ နေ့ ည ချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသ လဲ” လို့ မေးပြီး ရောက်လာ ကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတ ယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစ ရာ တွေကို သီတင်းသုံးဖော် ရဟန်းတော် တွေကိုပါ ခွဲဝေလှူဒါန်း လိုက်ပါတယ်။ နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက် လာပြန်ပါတ ယ်။ သူတို့ သီဟိုဠ် ခေတ်မှာ အသုံးများတဲ့ ဇာတိ ပ္ဖိုလ်ပွင့် အစရှိတဲ့ ဆေးတွေကို ယူလာပြီးကပ်လှူ ပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံး ဖော်တွေကိုပါ ခွဲဝေလှူဒါန်းလို က်ပါတယ်။ နံနက်လင်းလို့ ဆွမ်းခံကြွ တဲ့အခါမှာတော့ ဒကာ ဒကာမ တွေဟာ ရေတွက်လို့ မရနိုင်လောက်အောင် ဆွမ်းဟင်း များစွာကို လောင်းလှူတော့ တာပါပဲတဲ့။ ဘယ်လောက် အထိ ဆွမ်းတွေ

ရသလဲ ဆိုရင် ထူပါရုံ ကျောင်းတိုက်မှာ သီတင်း သုံး နေတဲ့ ရဟန်းတော်တွေ အားလုံး သုံးဆောင်နိုင်လောက် အောင်အထိ များပြားလွန်း တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက် စည်ကို တီးခတ်ပြီး ထူပါရုံ ကျောင်းတိုက်မှာသီတင်းသုံး နေတဲ့ ရဟန်းတော် တွေကို ပြန်ပြီးလောင်းလှူ လိုက်ပါတယ်။ နောက်ရက် တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှ ဆွမ်းဟင်းတွေကို ကျောက်စည် တီးခတ်ပြီး နေ့စဉ်ပြန် လှူခဲ့ပါတယ်။ တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ဝိပဿနာဘက်ကူး ကမ္မဋ္ဌာန်း ဘာ၀နာကို ကြိုးကြိုးစားစား အားထုတ် လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွ ထက်သန်တဲ့ “ဒါနစေတနာ”ဟာ ပစ္စုပ္ပန် အကျိုးတင် မကဘဲ “အရ ဟတ္တဖိုလ်”အထိ အကျိုးပေးသွားတာပါပဲ။

အရှ င်စူဠနာဂ ရဟန္တာဖြစ် ပြီးနောက်ပိုင်း တစ်ခုသောကာလ ကြာကြာ ရက်တစ်ရက် မှာ ထူပါရုံ ကျော င်းတိုက် မှာရှိတဲ့ ရဟန်းတော် ငါးရာကြွလာပြီး မဇ္စျိမဒေသ အိန္ဒိယ နိုင်ငံမှာ ရှိတဲ့ မဟာဗောဓိပင် ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလဲ လိုက်ပို့ပေးပါ မယ်လို့ ပြန်၀န်ခံလိုက် ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်း ပန်ရခြင်းရဲ့ အဓိကအကြောင့် ကတော့လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်း အခက်အခဲ မရှိရ အောင်လို့ပါ။ အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီး တစ်လျှောက်မှာ နတ်ကောင်း နတ်မြတ်တွေက ကူညီစောင့်ရှောက်

သလို ရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။ မဟာဗော ဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန် ခံစားရပါတော့တယ်။ ဒီတော့အတူပါလာသူ ရဟန်းတော် တွေကလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ သူတို့ စိတ်မကောင်းဖြစ်ကြခြင်းရဲ့ အကြောင်းကတော့ အကယ်၍ အ ရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန် ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ဓါ တ်တော်ကို ရှေ့ဆုံးက ကြွတဲ့ မထေရ်ရဲ့ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာ ဖြစ်ဖြစ် ဖွဲ့ချည်ပြီး မြို့ရွာထဲ ၀င်ပါ ဘုရား။ ဒါဆို အရှင်ဘုရား တို့တွက် လမ်း ခရီးမှာ ပစ္စည်းလေးပါး အတွက် မပင်မပန်းဖြစ်ရပါ လိမ့်မယ်ဘုရား။” လို့ အကြံပေး တော်မူပါတ ယ်။

အရှင်စူဠနာဂ မထေရ်လည်း အဲဒီလို အကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန် ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်း သုံး ဖော် ရဟန်း တော် တွေကအရှင်စူဠနာဂရဲ့ အလောင်းတော်ကိုကောင်းကော င်း သဂြိုလ်ပြီး အရှင်စူဠနာဂ မှာခဲ့တဲ့အတိုင်း ဓါ တ် တော် တွေကို ယူပြီ းကြွတော် မူကြပါတယ်။ ကြွ တော် မူတဲ့ လမ်းခရီး တစ် လျှောက် ပစ္စည်းလေးပါး မပင်မပန်းနဲ့ မိမိတို့ သီတင်းသုံးရာ သီ ဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ စေတနာ ကြီးမားလှတဲ့ သာ မန်ဒါနလေးဟာ ကာယကံရှင် မရှိတော့တာတောင် ကျန်ခဲ့သူတွေ အတွက် အကျိုးပြုသွားတဲ့ သီ ဟိုဠ်ဓမ္မ၀တ္ထုလေးပါ။ စေတနာရဲ့ သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ္ထုလေး အဖြစ်လည်း ပူးတွဲ သ ဘော ပေါက်လိုက် ရပါတယ်။ အရှင်စူဠနာဂရဲ့ ၀ တ္ထု လေးကို သတိရနေ သမျှတော့ ခွေးတွေကိုကျွေးဖြစ် နေအုံးမှာပါ။ ခွေးတွေကို ကျွေးဖြစ်နေသမျှ တော့ အရှင်စူဠနာဂရဲ့ ၀တ္ထုလေးကို သတိ ရနေ ဖြစ်အုံးမှာပါ။ Credit အရှင်ရာဇိန္ဒ (ရဝေနွ ယ်-အင်းမ)

Zawgyi