ဗဟုသုတ

အ​ေဖ့ (သို့) မေ့လျော့ခံလူသား

အေဖ့ (သို့) အမေ့ခံလူသားဖတ်ကြည့်နော်

ကောင်းကင်မှာလတစ်စင်း နေတစ်စင်းထွက်တယ်။အမေက-လတစ်စင်းဆိုရင့်အဖေက-နေတစ်စင်းပေါ့။

အမေ့မေတ္တာက အေးမြသလိုအဖေ့မေတ္တာက အလင်းရပါတယ်။အများရဲ့အမြင်မှာအဖေဟာ သားသမီးတွေ အတွက်အမေ့ခံလူသားတစ်ယောက်လိုပဲ။

အဖေ့အတွက်နေရာကျဉ်မြောင်းလွန်းလှတယ်။အမေနဲ့ အနေများတောအမေ့ကိုပဲ အချစ်ပိုတာမဆန်းပေမယ့်အဖေ့ကိုလည်း ချစ်ပါတယ် အေဖ။

အရွယ်ရောက်လာတဲ့အချိန်ထိကြုံရာအလုပ်ကျရာနေရာမှာ မညင်းမညူနဲ့။သားသမီးတွေ အတွက်ဆိုရင်နေပူပူကိုလည်း အံတုရဲတဲ့လူသားမိုးစိုစိုကိုလည်း မျက်ကွယ်ပြုတဲ့လူသားဆောင်းနှင်းတွေကို လျစ်လျူရှုတဲ့လူသားဆိုတာ

အေဖမွ တစ်ပါးအခြားမရှိနိုင်တာအခုတော့ သေခြာသိခဲ့ရပြီ။အမေ့မေတ္တာလောက် မအေးချမ်းပေမယ့်အဖေ့မေတ္တာကလည်း နွေးထွေးပါတယ်။

သား သမီးတွေအပေါ်မှာအချစ်တွေကို ဖွင့်ဟမပြောတတ်ခဲ့ပေမယ့်သား သမီးတွေရဲ့ အရေးအရာမှာတောအဖေ့သမိုင်းကို ချန်ထားခဲ့လို့မရပါဘူး။

မွေးဖွားတဲ့ အရွယ်လူလားမမြှောက်ခင်ကတည်းကအူဝဲ- ဆိုတဲ့ငိုသံကအဖေ့အတွက် တာဝန်တစ်ခုလိုအချစ်တွေနဲ့ခွန်အားတွေ ပြည့်နေခဲ့တာကိုသား သမီးတွေ မသိတတ်ခဲ့ပါဘူး အေဖ။

တကယ္ဆို အေဖဆိုတာ ဘဝရဲ့အလင်းရောင်။သား သမီးတွေအတွက် ဦးဆောင်သူပါ။လောကဓံရဲ့ ရိုက်ချက်တွေဘယ်လောက်ပဲ ပြင်းထန်ပါစေအဖေ့ ချွေးစက်တွေ

မြေမှာဘယ်လောက်ပဲ ကြွေကျပါစေ့သား သမီးတွေအရှေ့မှာတော့အဖေအပြုံးတွေနဲ့သာနေခဲ့တယ်။ပင်ပန်းမှုတွေကို နွမ်းနယ်မပြခဲ့ဘူး။ပုခတ်လွဲသော လက်တစ်စုံပိုင်ရှင် အမေသည်သာလောကကို ကိုင်လှုပ်နိုင်ခဲ့တာ မဟုပါဘူး။

ဓားသွေးသော အဖေ့လက်တစ်စုံကလည်း။လောကကို ကိုင်လှုပ်နိုင်စွမ်းရှိနေပါတယ် အဖေအမေလည်း အေးချမ်းပါစေအဖေလည်း ငြိမ်းချမ်းပါစေ။

ဗြဟ္မာစိုရ်း တရားပိုင်ရှင်တွေမို့သား သမီးတွေအတွက် အဆိုးအကောင်းကိုအကျိုးအကြောင်းနဲ့ ပြောပြတတ်တာ။ကိုယ်တိုင်က စာပေမတတ်ခဲ့ပေမယ့်

ကိုယ့်သား သမီးတွေကိုတော့ပညာတတ်ကြီးတွေ ဖြစ်စေချင်တဲ့သူတွေပါ။လောကမှာအဖေလို့ ခေါ်ခွင့်ရတဲ့သူတိုင်းအတွက်အဖေပီသသော အဖေများအတွက့်သမိုင်းတည်သရွေ့အဖေဆိုတာ ရှိနေမှာပါ အေဖ

credit by kyaw kyaw ye lwin