အာလူးကတ်သလိပ်ကြော်
အာလူးအလုံးကြီး၂လုံးနူးအောင်ပြုတ်ထားပါ၊ပြီးရင်အခွံခွာပြီးညက်အောင်ထောင်းပါထောင်းနေစဉ် ဆားအနည်းငယ်ရောထည့်ပါ၊ကြက်ဥတစ်လုံးမွှေကြော်လုပ်ထားပါ၊နောက်ကြက်ဥတစ်လုံးကိုအကာချည်းသက်သက်ပန်းကန်ထဲထည့်ထားပါ။
ထောင်းထားတဲ့အာလူးကိုအနေတော်အပြားလုပ်ပြီးအလယ်မှာကြက်ဥမွှေကြော်သွပ်ကာပြန်ပိတ်လိုက်ပါကြော်ရတာလဲအဆင်ပြေဆောင်မျက်နှာပြင်ကို ကြက်ဥအကာနဲနဲသုပ်လိုက်ပါတယ်။ဆီပူထဲကိုလုံးထားတဲ့ကတ်သလိပ်တွေ ကြော်ပြီး ရွှေရောင်သန်းလာရင် ဆယ်ထားလို့ရပါပြီ။
ထောင်းထားတဲ့အာလူးအပြားမှာ ကြိုက်နှစ်သက်ရာ အသားမွမွလေးတွေထည့်ကြော်ရင်လဲ အရသာ အရမ်းရှိပါတယ်။
ပထမဆုံးစမ်းလုပ်ကြည့်တာ အဆင်ပြေလို့
မျှဝေလိုက်ပါတယ်။
Crd.