Health Knowledge Knowledge Sharing ကျန်းမာရေး ဗဟုသုတ

ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး (၅)ခု

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွက်ဟာ ကျန်းမာရေးအတွက် သင်မထင်ထားတဲ့ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းရဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်

တနေ့ကို ရေနွေးကြမ်း လေးခွက်ခန့်သောက်သုံးပေးခြင်းဟာ လုံးဝမသောက်သုံးခြင်းထက် လေဖြတ်ရောဂါကို သိသိသာသာကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ဦးနှောက်အတွင်းသွေးခဲကာ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဟာ Heart Attack ဖြစ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို

ကာကွယ်ပေးနိုင်ပါတယ်။

(၃) အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

နွားနို့သောက်သုံးခြင်းလိုပဲ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရေနွေးကြမ်းမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ကေ ဓာတ်တွေဟာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရိုးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွားကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်

ဂျပန်သုတေသနလေ့လာသူတွေရဲ့အဆိုအအရ လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဟာ သွားတွေကို ခိုင်ခံ့စေပြီး ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ခံတွင်းထဲက pH Level ကိုမျှတစေတာကြောင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပါတယ်။

(၅) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

ထမင်းစားပြီးတိုင်း ရေနွေးကြမ်းတခွက်သောက်သုံးပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Unicode

ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး (၅)ခု

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွက်ဟာ ကျန်းမာရေးအတွက် သင်မထင်ထားတဲ့ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းရဲ့ ရရှိနိုင်မယ့် ကျန်းမာရေး

ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်

တနေ့ကို ရေနွေးကြမ်း လေးခွက်ခန့်သောက်သုံးပေးခြင်းဟာ လုံးဝမသောက်သုံးခြင်းထက် လေဖြတ်ရောဂါကို သိသိသာသာကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ဦးနှောက်အတွင်းသွေးခဲကာ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဟာ Heart Attack ဖြစ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။