ရှားစောင်းလက်ပက်ကို အိမ်မှာ ဘယ်လိုစိုက်ရမလဲ ဆိုသူများအတွက်စိုက်ပျိုးနည်း
ရှားစောင်းလက်ပက်ကို အိမ်မှာ ဘယ်လိုစိုက်မလဲ
ရှားစောင်းလက်ပက်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မျက်စိပသာဒ အေးပါတယ်။
ရှားစောင်းလက်ပက်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း)
တွေပါဝင်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ဝက်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။
ပျိုးပင်စိုက်မယ်-
ရှားစောင်းလက်ပက်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။)
နွေရာသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။
ရှားစောင်းလက်ပက်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။ စြင်္က ံမှာ (သို့) အေးတဲ့အခန်းထဲမှာ ထားသင့်ပါတယ်။ တခါတလေမှာ နိုက်ထရိုဂျင်နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ မြေသြဇာကို အသုံးပြုနိုင်ပါတယ်။
အပင်ကိုရွှေ့စိုက်တဲ့နေရာမှာ တစ်ပင်တည်း သီးသန့်ရွှေ့စိုက်မယ်ဆိုရင် ၅ နှစ်သားလောက်အရွယ်မှာ ရွှေ့စိုက်တာက အကောင်းဆုံးပါပဲ။
ရှားစောင်းလက်ပက်ကိုရွှေ့စိုက်ရာမှာ ခြောက်သွေ့တဲ့မြေဆီလွှာမှာမစိုက်ရသလို ရေလည်းမလောင်းရပါဘူး။
အပင်ကိုရွှေ့စိုက်မယ်ဆိုရင် အမြစ်ကိုသေချာနှုတ်ပြီး မြေကြီးကိုသန့်စင်ပေးပါ။ အနာဆာရှိတဲ့ အမြစ်တွေကို ဖယ်ရှားပေးပြီး သစ်ရှုးတွေကို မထိခိုက်မိအောင်ဂရုစိုက်ပါ။
မကောင်းတဲ့ အမြစ်ကိုဖြတ်ထုတ်ရာမှာ သစ်ရှုးတွေမထိခိုက်စေဖို့ ကပ်ကြေးထက်ထက်ကို အသုံးပြုနိုင်ပါတယ်။
အပင်ကိုစိုက်ပြီးရင် ၅ ရက် (သို့) ၆ ရက်လောက်ရေမလောင်းပါနဲ့။ အပင်စိုက်ထားတဲ့အိုးကိုလည်း နေရိပ်တဲ့နေရာမှာထားပါ။ အပင်ရှင်သန်လာပါလိမ့်မယ်။
အစေ့ကိုစိုက်မယ်-
ရှားစောင်းလက်ပက်ကို ဖေဖော်ဝါရီ (သို့) မတ်လ အပူချိန် ၂၁C မှာ စတင်ပျိုးကြဲစိုက်ပျိုးသင့်ပါတယ်။
သဲ၊ မီးသွေး ၊ အုတ်နီခဲအကျိုး စတာတွေကိုရောပြီး အသုံးပြုသင့်ပါတယ်။ အပင်ပေါက်လာလို့ အရွက် ၂ ရွက်လောက်ထွက်လာပြီဆိုရင် အိုးထဲမှာ ရွှေ့စိုက်လို့ရပါပြီ။
Crd
Zawgyi
ရှားစောင်းလက်ပက်ကို အိမ်မှာ ဘယ်လိုစိုက်မလဲ
ရှားစောင်းလက်ပက်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မ်က္စိပသာဒ အေးပါတယ်။
ရှားစောင်းလက်ပက်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း)
တွေပါဝင်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ဝက်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။
ပျိုးပင်စိုက်မယ်-
ရှားစောင်းလက်ပက်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။)
နွရောသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။
ရှားစောင်းလက်ပက်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။ စင်္ကြ ံမွာ (သို့) အေးတဲ့အခန်းထဲမှာ ထားသင့်ပါတယ်။ တခါတေလမွာ နိုက်ထရိုဂျင်နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ မြေသြဇာကို အသုံးပြုနိုင်ပါတယ်။
အပင်ကိုရွှေ့စိုက်တဲ့နေရာမှာ တစ်ပင်တည်း သီးသန့်ရွှေ့စိုက်မယ်ဆိုရင် ၅ နှစ်သားလောက်အရွယ်မှာ ရွှေ့စိုက်တာက အကောင်းဆုံးပါပဲ။
ရှားစောင်းလက်ပက်ကိုရွှေ့စိုက်ရာမှာ ခြောက်သွေ့တဲ့မြေဆီလွှာမှာမစိုက်ရသလို ရေလည်းမလောင်းရပါဘူး။
အပင်ကိုရွှေ့စိုက်မယ်ဆိုရင် အမြစ်ကိုသေချာနှုတ်ပြီး မြေကြီးကိုသန့်စင်ပေးပါ။ အနာဆာရွိတဲ့ အမြစ်တွေကို ဖယ်ရှားပေးပြီး သစ်ရှုးတွေကို မထိခိုက်မိအောင်ဂရုစိုက်ပါ။
မကောင်းတဲ့ အမြစ်ကိုဖြတ်ထုတ်ရာမှာ သစ်ရှုးတွေမထိခိုက်စေဖို့ ကပ်ကြေးထက်ထက်ကို အသုံးပြုနိုင်ပါတယ်။
အပင်ကိုစိုက်ပြီးရင် ၅ ရက် (သို့) ၆ ရက်လောက်ရေမလောင်းပါနဲ့။ အပင်စိုက်ထားတဲ့အိုးကိုလည်း နေရိပ်တဲ့နေရာမှာထားပါ။ အပင်ရှင်သန်လာပါလိမ့်မယ်။
အစေ့ကိုစိုက်မယ်-
ရှားစောင်းလက်ပက်ကို ဖေဖော်ဝါရီ (သို့) မတ္လ အပူချိန် ၂၁C မွာ စတင်ပျိုးကြဲစိုက်ပျိုးသင့်ပါတယ်။
သဲ၊ မီးသွေး ၊ အုတ်နီခဲအကျိုး စတာတွေကိုရောပြီး အသုံးပြုသင့်ပါတယ်။ အပင်ပေါက်လာလို့ အရွက် ၂ ရွက်လောက်ထွက်လာပြီဆိုရင် အိုးထဲမွာ ရွှေ့စိုက်လို့ရပါပြီ။
Crd