ဗဟုသုတ

မြန်မာပြည်မှာကျရောက်နေသော ကိုဗစ်ကပ်ဆိုးအတွက် ဗန်းမော်ဆရာတော်ကြီးပေးတဲ့ ဆေးတစ်ခွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌကျေးဇူးတော်ရှင် ဆရာသခင် ဗန်းမော် ဆရာတော်ဘုရားကြီး၏ ဩဝါဒ

ယခုအခါ တကမ္ဘာလုံးကိုဗစ်၁၉ -ရောဂါကူးစက်ပြီးရောဂါဝေဒနာအများအပြားစွဲကပ်ပြီး သေကြသူ သောင်း သိန်းမက များလှပေပြီ။ သေချာပေါက်ပျောက်သည့် ဆေးစွမ်းကောင်းများ မတွေ့ရသေးချေ။လွန်ခဲ့သော နှစ်ပေါင်၂၆၀၀ ကျော်က ဒိဋ္ဌပျောက်သည့် ဆေးနည်းတစ်လက်ကို၊ ပြောပြပါမည်

ယခုဆေး နည်းကိုယုံယုံကြည်ကြည်နှင့်အကြိမ်ပေါင်းများစွာမှီဝဲအသုံးပြုပါလျှင်ဒိဋ္ဌပျောက်ပါသည်။၄ဆေးနည်း အကျဉ်းချုပ်မှာ

(၁) ရတနသုတ် ပရိတ်ကို တစ်နေ့ (၃) ကြိမ်ရွတ်၊(၂) မေတ္တသုတ်ကို (၃) ကြိမ်ရွတ်၊(၃) ဘုရား တရားနဲ့သံဃာ ဂုဏ်တော်တို့ကို(၃) ကြိမ် ပွားများပါအနည်းငယ်အကျယ်ချဲ့ရပါလျှင်

(၁) ရတနသုတ်ကို မြန်မာလို အနက်ထင်ပြီး ယုံယုံကြည်ကြည်နှင့် နံနက် အိပ်ရာထ ၁ ကြိမ်၊ မွန်းတည့် ၁၂ နာရီ ၁ ကြိမ်နှင့်ညအိပ်ရာဝင်(၁)ကြိမ် ပီပီသသကျယ်ကျယ်လေးရွတ်ပါ

(၂) မေတ္တသုတ်ကိုလည်း အနက်ထင်ပြီး ယုံယုံ ကြည်ကြည်နှင့်နံနက် အိပ်ရာထ(၁)ကြိမ်၊ မွန်းတည့် ၁၂ နာရီ(၁) ကြိမ်နှင့်ညအိပ်ရာဝင်(၁)ကြိမ်ပီပီသသ ကျယ်ကျယ် လေးရွတ်ပါ

(၃) ဣတိပိသော ဘဂဝါ အရဟံ သမ္မာ သမ္ဗုဒ္ဓေါ စသည့် ဘုရားဂုဏ်တော် ၁၀ ပါး (အနုတ္တရောကို ၁ ပါးယူ) ကို လည်းကောင်း၊ သွာက္ခာတော ဘဂဝတော ဓမ္မာစသော တရားဂုဏ်တော်(၆ )ပါးကိုလည်းကောင်း၊
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃာစသောသံဃာဂုဏ်တော်(၉)ပါး ကိုလည်းကောင်းတစ်နေ့ ပုတီးပတ်

နံနက်(၁၀)ပတ်မွန်းတည့်(၁၀)ပတ်နှင့်ညအိပ်ရာဝင်(၁၀) ပတ် စိတ်ပါ။ပုတီးစိတ်ပြီးလျှင်သတ္တဝါအားလုံးကိုအမျှပေးဝေပါ

ဘုရား၊တရား၊သံဃာရတနာ ၃ ပါးတို့၏ တန်ခိုးရှိန်ဇော်အာနုဘော်ကြောင့်ယခုဖြစ်ပေါ်ပြီး ဒုက္ခပေးနေသည့် ကိုဗစ် ၁၉-ရောဂါများအမြန်ပျောက်ကွယ်သွားပါစေဟုဆုတောင်း မေတ္တာ ပို့လိုက်ကြပါလေ

ကမ္ဘာသူကမ္ဘာသားအားလုံး ရောဂါဝေဒနာအပေါင်းကင်းရှင်း၍ကျန်းမာချမ်းသာကြပါစေ၊ဒုက္ခခပ်သိမ်းကင်းငြိမ်းကြပါစေ

ကျေးဇူးတော်ရှင် ဆရာသခင် ဗန်းမော် ဆရာတော်ဘုရားကြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်

Credit

Zawgyi

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ေက်းဇူးေတာ္ရွင္ ဆရာသခင္ ဗန္းေမာ္ ဆရာေတာ္ဘုရားႀကီး၏ ဩဝါဒ

ယခုအခါ တကမာၻလုံးကိုဗစ္၁၉ -ေရာဂါကူးစက္ၿပီးေရာဂါေဝဒနာအမ်ားအျပားစြဲကပ္ၿပီး ေသၾကသူ ေသာင္း သိန္းမက မ်ားလွေပၿပီ။ ေသခ်ာေပါက္ေပ်ာက္သည့္ ေဆးစြမ္းေကာင္းမ်ား မေတြ႕ရေသးေခ်။လြန္ခဲ့ေသာ ႏွစ္ေပါင္၂၆၀၀ ေက်ာ္က ဒိ႒ေပ်ာက္သည့္ ေဆးနည္းတစ္လက္ကို၊ ေျပာျပပါမည္

ယခုေဆး နည္းကိုယုံယုံၾကည္ၾကည္ႏွင့္အႀကိမ္ေပါင္းမ်ားစြာမွီဝဲအသုံးျပဳပါလွ်င္ဒိ႒ေပ်ာက္ပါသည္။၄ေဆးနည္း အက်ဥ္းခ်ဳပ္မွာ

(၁) ရတနသုတ္ ပရိတ္ကို တစ္ေန႕ (၃) ႀကိမ္႐ြတ္၊(၂) ေမတၱသုတ္ကို (၃) ႀကိမ္႐ြတ္၊(၃) ဘုရား တရားနဲ႕သံဃာ ဂုဏ္ေတာ္တို႔ကို(၃) ႀကိမ္ ပြားမ်ားပါအနည္းငယ္အက်ယ္ခ်ဲ့ရပါလွ်င္

(၁) ရတနသုတ္ကို ျမန္မာလို အနက္ထင္ၿပီး ယုံယုံၾကည္ၾကည္ႏွင့္ နံနက္ အိပ္ရာထ ၁ ႀကိမ္၊ မြန္းတည့္ ၁၂ နာရီ ၁ ႀကိမ္ႏွင့္ညအိပ္ရာဝင္(၁)ႀကိမ္ ပီပီသသက်ယ္က်ယ္ေလး႐ြတ္ပါ

(၂) ေမတၱသုတ္ကိုလည္း အနက္ထင္ၿပီး ယုံယုံ ၾကည္ၾကည္ႏွင့္နံနက္ အိပ္ရာထ(၁)ႀကိမ္၊ မြန္းတည့္ ၁၂ နာရီ(၁) ႀကိမ္ႏွင့္ညအိပ္ရာဝင္(၁)ႀကိမ္ပီပီသသ က်ယ္က်ယ္ ေလး႐ြတ္ပါ

(၃) ဣတိပိေသာ ဘဂဝါ အရဟံ သမၼာ သမၺဳေဒၶါ စသည့္ ဘုရားဂုဏ္ေတာ္ ၁၀ ပါး (အႏုတၱေရာကို ၁ ပါးယူ) ကို လည္းေကာင္း၊ သြာကၡာေတာ ဘဂဝေတာ ဓမၼာစေသာ တရားဂုဏ္ေတာ္(၆ )ပါးကိုလည္းေကာင္း၊
သုပၸဋိပေႏၷာ ဘဂဝေတာ သာဝကသံဃာစေသာသံဃာဂုဏ္ေတာ္(၉)ပါး ကိုလည္းေကာင္းတစ္ေန႕ ပုတီးပတ္

နံနက္(၁၀)ပတ္မြန္းတည့္(၁၀)ပတ္ႏွင့္ညအိပ္ရာဝင္(၁၀) ပတ္ စိတ္ပါ။ပုတီးစိတ္ၿပီးလွ်င္သတၱဝါအားလုံးကိုအမွ်ေပးေဝပါ

ဘုရား၊တရား၊သံဃာရတနာ ၃ ပါးတို႔၏ တန္ခိုးရွိန္ေဇာ္အာႏုေဘာ္ေၾကာင့္ယခုျဖစ္ေပၚၿပီး ဒုကၡေပးေနသည့္ ကိုဗစ္ ၁၉-ေရာဂါမ်ားအျမန္ေပ်ာက္ကြယ္သြားပါေစဟုဆုေတာင္း ေမတၱာ ပို႔လိုက္ၾကပါေလ

ကမာၻသူကမာၻသားအားလုံး ေရာဂါေဝဒနာအေပါင္းကင္းရွင္း၍က်န္းမာခ်မ္းသာၾကပါေစ၊ဒုကၡခပ္သိမ္းကင္းၿငိမ္းၾကပါေစ

ေက်းဇူးေတာ္ရွင္ ဆရာသခင္ ဗန္းေမာ္ ဆရာေတာ္ဘုရားႀကီး နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ျပည္ေထာင္စု သမၼတျမန္မာနိုင္ငံေတာ္

Credit