ဧရာမစပါးအုံးမြွေ 6 ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားခဲ့တဲ့ 14 နှစ်အရွယ် မိန်းကလေး
လူအတော်များများကတော့ ကြီးမားလွန်းတဲ့မြွေကြီးတွေကို မြင်ရင် အသက်လုပြီး ပြေးနေကြရတာပါ ။
သို့ပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံက 14 နှစ်အရွယ်ကောင်မလေးကတော့ ဧရာမစပါးအုံးမြွေ 6 ကောင်ကို ပွေ့ဖက်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေလို မွေးထားလို့ social media ပေါ်မှာ အတော်လေးကို လူပြောများနေလျက်ရှိပါတယ် ။
သူမဟာ မြွေတွေကို ရေချိုးပေးပြီး ပွေ့ဖက်လေ့ရှိကာ အဆိုပါ video တွေကို Instagram နဲ့ TikTok တို့မှာ ဝေမျှလျက်ရှိနေပါတယ် ။
မြွေတွေက သူမကို လုံးဝအန္တရာယ်မပြုကြောင်း နှင့် အဆိုပါမြွေတွေဟာ သူမ 4 နှစ်သားအရွယ်ကတည်းက သူမနဲ့အတူ နေထိုင်လာခဲ့ကြတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။
လူအတော်များများကတော့ သူမကို comment တွေမှာ သတိပေးကြပေမဲ့လည်း သူမရဲ့မြွေတွေက လိမ္မာပြီး ၊ ယဉ်ပါးလွန်းတဲ့အကောင်တွေသာဖြစ်ကြောင်း သူမက ပြန်လည်ဖြေကြားခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Source : odditycentral
Unicode

creditJasmine (Mckzone Daily)