Knowledge Sharing ဗဟုသုတ

ရေခဲမုန့်ကြိုက်သူများအတွက်မိမိအိမ်မှာတင်သန့်သန့်ရှင်းရှင်းနဲ့လုပ်စားလို့ရတဲ့ရေခဲမုန့်လုပ်နည်း

ရေခဲမုန့်လုပ်နည်း အိမ်မှာလုပ်ကြည့်ရအောင်( ဝါသနာ ပါသူတွေအတွက်)

ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလိုနို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။

နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။

နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။

ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊ ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကိုရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။

ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။

မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။

အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ၄နာရီလောက်ထည့်ပြီးအအေးခံပါ ။

ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီးသစ်သီးမွှေစက် (Blender) ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။

တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင် ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။

ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။

အချိုးအဆမပေးပါဘူး။နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။များများထည့်ရင် များများမွှေးမယ်။

နှစ်သက်သလောက်ထည့်နိုင်ပါတယ်။ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။

သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။သမအောင် ဇွန်းနဲ့မွှေပါ။
Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။

ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို ဥာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။

မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။
၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။Credit

Zawgyi
ရေခဲမုန့်လုပ်နည်း အိမ်မှာလုပ်ကြည့်ရအောင်( ဝါသနာ ပါသူတွေအတွက်)

ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလိုနို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။

နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။

နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။

ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊ ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကိုရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။

ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။

မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။

အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ၄နာရီလောက်ထည့်ပြီးအအေးခံပါ ။

ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီးသစ်သီးမွှေစက် (Blender) ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။

တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင် ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။

ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။

အချိုးအဆမပေးပါဘူး။နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။များများထည့်ရင် များများမွှေးမယ်။

နှစ်သက်သလောက်ထည့်နိုင်ပါတယ်။ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။

သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊
သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။သမအောင် ဇွန်းနဲ့မွှေပါ။
Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။

ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို ဉာဏ်ရှိရင် ရွိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။

မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။Credit