ဗဟုသုတ

ဆီးချိုအတွက် အထူးကောင်းတဲ့ ရုံးပတေသီးရည်ကို ဘယ်လိုဖျော်သောက်မလဲ

ဆီးချိုအတွက် အထူးကောင်းတဲ့ ရုံးပတေသီးရည်ကို ဘယ်လိုဖျော်သောက်မလဲ

ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များနေတဲ့ ဆီးချိုရောဂါကို ခံစားရပြီဆိုတဲ့အခါ အသက်အန္တရာယ်မရှိစေဖို့အတွက် အစားအသောက်ကို အထူးဆင်ခြင်ရပါတယ်။ ဒါ့အပြင် ဆေးကိုလည်း အမြဲမှီဝဲနေရပြီး ဘယ်တော့မှ မေ့ထားလို့မရပါဘူး

ဒါပေမယ့် ရုံးပတေသီးရဲ့ အသားနဲ့ အစေ့တွေမှာ ဆီးချိုကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဒီလိုရုံးပတေသီးကို ရေနဲ့စိမ်ပြီး သောက်သုံးပေးခြင်းက သွေးချိုကိုလျော့နည်းစေပါတယ်

ဒါကြောင့် ဆီးချိုကိုသက်သာစေမယ့် ရုံးပတေသီးအရည်ကို အိမ်မှာ ကိုယ်တိုင်ဖျော်သောက်ကြည့်လိုက်ရအောင်ပါ

ပါဝင်ပစ္စည်းများ

ရုံးပတေသီး (အလယ်အလတ်အရွယ်) – ၄ – ၅ တောင့် ရေ – တစ်ခွက်ဆားငရုပ်ကောင်း

ပြင်ဆင်ပုံ

၁။ ရုံးပတေသီးတောင့်များကို သေချာပြောင်စင်သွားအောင် ရေနဲ့ဆေးလိုက်ပါ

၂။ ဖင်ပိုင်းတွေကို လှီးထုတ်ပစ်လိုက်ပြီး အလယ်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ နောက်ထပ်အလယ်ကနေ ထက်ခြမ်းလိုက်ပါ

၃။ ရေထည့်ထားတဲ့ ခွက်တစ်ခွက်ကိုယူလိုက်ပြီး ရုံးပတေသီးစိတ်တွေကို ထည့်ပါ

၄။ ရုံးပတေသီးတွေကို ရေထဲမှာ ၈ နာရီကြာစိမ်ထားလိုက်ပါ။ ဆန္ဒရှိပါက တစ်ရက်ကြာလည်း ထားပေးနိုင်ပါတယ်

၅။ နောက်တစ်နေ့မနက်ရောက်သည့်အခါ ရုံးပတေသီးတွေကို ဆယ်လိုက်ပြီး ခွက်ထဲကိုအရည်ပြန်ညှစ်ချလိုက်ပါ။ ပြီးရင်တော့ အဖတ်တွေကို လွှင့်ပစ်နိုင်ပါတယ်

၆။ ရလာတဲ့အရည်ကို ဖန်ခွက်တစ်ခုထဲပြောင်းထည့်ပြီးရင် အာဟာရဓာတ်တွေပြည့်တဲ့ ရုံးပတေသီးအရည်ကို သောက်သုံးနိုင်ပါပြီ။ ပေါ့တယ်လို့ထင်ပါက ဆား၊ ငရုပ်ကောင်းတို့ကို ထည့်သွင်းပေးနိုင်ပါတယ်

Ciedit

Zawgyi

ဆီးခ်ိဳအတြက္ အထူးေကာင္းတဲ့ ႐ုံးပေတသီးရည္ကို ဘယ္လိုေဖ်ာ္ေသာက္မလဲ

ကမာၻတစ္ဝွမ္းမွာ အျဖစ္မ်ားေနတဲ့ ဆီးခ်ိဳေရာဂါကို ခံစားရၿပီဆိုတဲ့အခါ အသက္အႏၲရာယ္မရွိေစဖို႔အတြက္ အစားအေသာက္ကို အထူးဆင္ျခင္ရပါတယ္။ ဒါ့အျပင္ ေဆးကိုလည္း အၿမဲမွီဝဲေနရၿပီး ဘယ္ေတာ့မွ ေမ့ထားလို႔မရပါဘူး

ဒါေပမယ့္ ႐ုံးပေတသီးရဲ႕ အသားနဲ႕ အေစ့ေတြမွာ ဆီးခ်ိဳကို ဟန႔္တားေပးနိုင္တဲ့ အစြမ္းသတၱိေတြရွိပါတယ္။ ဒီလို႐ုံးပေတသီးကို ေရနဲ႕စိမ္ၿပီး ေသာက္သုံးေပးျခင္းက ေသြးခ်ိဳကိုေလ်ာ့နည္းေစပါတယ္

ဒါေၾကာင့္ ဆီးခ်ိဳကိုသက္သာေစမယ့္ ႐ုံးပေတသီးအရည္ကို အိမ္မွာ ကိုယ္တိုင္ေဖ်ာ္ေသာက္ၾကည့္လိုက္ရေအာင္ပါ

ပါဝင္ပစၥည္းမ်ား

႐ုံးပေတသီး (အလယ္အလတ္အ႐ြယ္) – ၄ – ၅ ေတာင့္ ေရ – တစ္ခြက္ဆားင႐ုပ္ေကာင္း

ျပင္ဆင္ပုံ

၁။ ႐ုံးပေတသီးေတာင့္မ်ားကို ေသခ်ာေျပာင္စင္သြားေအာင္ ေရနဲ႕ေဆးလိုက္ပါ

၂။ ဖင္ပိုင္းေတြကို လွီးထုတ္ပစ္လိုက္ၿပီး အလယ္ကေန ထက္ျခမ္းျခမ္းလိုက္ပါ။ ေနာက္ထပ္အလယ္ကေန ထက္ျခမ္းလိုက္ပါ

၃။ ေရထည့္ထားတဲ့ ခြက္တစ္ခြက္ကိုယူလိုက္ၿပီး ႐ုံးပေတသီးစိတ္ေတြကို ထည့္ပါ

၄။ ႐ုံးပေတသီးေတြကို ေရထဲမွာ ၈ နာရီၾကာစိမ္ထားလိုက္ပါ။ ဆႏၵရွိပါက တစ္ရက္ၾကာလည္း ထားေပးနိုင္ပါတယ္

၅။ ေနာက္တစ္ေန႕မနက္ေရာက္သည့္အခါ ႐ုံးပေတသီးေတြကို ဆယ္လိုက္ၿပီး ခြက္ထဲကိုအရည္ျပန္ညွစ္ခ်လိဳက္ပါ။ ၿပီးရင္ေတာ့ အဖတ္ေတြကို လႊင့္ပစ္နိုင္ပါတယ္

၆။ ရလာတဲ့အရည္ကို ဖန္ခြက္တစ္ခုထဲေျပာင္းထည့္ၿပီးရင္ အာဟာရဓာတ္ေတြျပည့္တဲ့ ႐ုံးပေတသီးအရည္ကို ေသာက္သုံးနိုင္ပါၿပီ။ ေပါ့တယ္လို႔ထင္ပါက ဆား၊ င႐ုပ္ေကာင္းတို႔ကို ထည့္သြင္းေပးနိုင္ပါတယ္

Ciedit