ဗဟုသုတ
ဝမ်းချုပ်တတ်သူများအတွက် လွယ်ကူထိရောက်တဲ့ နည်းလမ်းကောင်းများ(အရမ်းကောင်းတဲ့နည်းလမ်းတွေမို့လို့ဖတ်ကြည့်စေချင်တယ်)
၁ နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ် စေလို့ ဝမ်းသွားစေပါတယ် ၊ နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ
၂ သံပရာသီး ကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေ နွေး တစ်ဖန်ခွက်ထဲကို သံပရာသီး တစ်လုံး ညှစ်ပြီးပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆား အနည်းငယ် ဖျော်၍ သောက်ပါ။၃ ပဲသီး ၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် များနဲ့ လိမ္မော်သီး သစ်တော်သီးကဲ့ သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ
၄ အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေ ပါတယ်။၅ ။နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေ တော့ပါဘူး ( သို့မဟုတ် ) ညအိပ်ရာဝင်ခါနီး နွားနို့ ပူပူထဲမှာထောပတ်ကို လက်ဖက်ရည်ဇွန်းတစ် ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရှု ဝမ်းသက် စေပါတယ်။
၆ နံနက်စောစော ( ၁၅ ) မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွား စေပါတယ်။၇ သဖန်းသီး ၊ ပဲကတ္တီပါ ၊ မြေပဲ ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။၈ ။ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root ( ခေါ် ) သကြား မုန်လာဥ ( ခေါ် ) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။၉ နံနက်တိုင်း သင်္ဘောသီး မှည့်မှည့် စားပါ
၁၀ ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်၁၁ ။အရွက်မှာ အမွေးလေးတွေ ပါတဲ့ ကုလားမြင်းခွာ ရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍ စားပါ ။၁၂ ကြက်ဟင်းခါးသီးကို သောက်ရေ ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။၁၃ ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ။၁၄ ကြိတ်မှန်ရွက် ( ၂၅ ) ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား ၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် စားပေးပါ။ Credit
Zawgyi