Health Knowledge ကျန်းမာရေး

အပူအစပ်စာများ စားလွန်းခြင်းနှင့် အစာအိမ်၊ အူလမ်းကြောင်း ဝေဒနာများ

အပူအစပ်စာများ စားလွန်းခြင်းနှင့် အစာအိမ်၊ အူလမ်းကြောင်း ဝေဒနာများ

အပူအစပ်စာတွေကို စားလွန်းတာကြောင့် အဖြစ်များတဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာကတော့အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းတတ်တာပဲ ဖြစ်ပါတယ်။

အခြေအနေက ပိုဆိုးလာရင်တော့ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

အပူအစပ်စာ စားလွန်းတာကြောင့် ဖြစ်တတ်တဲ့ ရောဂါအနေနဲ့ ပြောရရင်အစာအိမ် ရောင်ရမ်းမှု (Gastritis) ကို ဖြစ်စေနိုင်ပါတယ်။

အူသိမ်မှာဆိုရင် ဗိုက်ရစ်နာတာနဲ့ လေထိုးလေအောင့်တာစတဲ့ Intestinal Colic ကို ဖြစ်စေနိုင်ပြီး အူမကြီးမှာဆိုရင် အူမကြီးရောင်ရမ်းတာက ဖြစ်စေနိုင်ပါတယ်။

အဲဒီအခါ ဝမ်း ခဏခဏသွားတာ၊သွားတဲ့ ဝမ်းထဲမှာ သွေးနဲ့ အချွဲပါတာတွေကို ဖြစ်စေတတ်ပါတယ်။ ဒါက ပိုးဝင်တာ (Infection) ကြောင့် ဖြစ်တာပါ။

ခြွင်းချက်အနေနဲ့ တချို့လူတွေမှာ ငရုတ်သီးကို နည်းနည်းပဲစားရင်တောင် ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာတွေဖြစ်တာက ငရုတ်သီးနဲ့ မတည့်လို့ပါ။

အဲဒီအခြေအနေကို Allergic Condition လို့ ခေါ်ပြီး ဒီလိုလူတွေအနေနဲ့ ငရုတ်သီးကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

နေ့စဉ်ဆိုသလို ငရုတ်သီးစားလွန်းသူ၊စားနှုန်းများတဲ့သူတွေကတော့ ဝမ်းမလျှောတော့ဘဲ ဝမ်းချုပ်တာမျိုးကိုတောင် ဖြစ်စေနိုင်ပါတယ်။

လိပ်ခေါင်းရောဂါ ရှိတဲ့သူတွေမှာဆိုရင် ငရုတ်သီးအစားများတာကြောင့် ဝမ်းပိုချုပ်နိုင်ပြီး ရောဂါအခြေအနေ ပိုဆိုးတတ်ပါတယ်။ ငရုတ်သီးစိမ်းမှာ ကျန်းမာရေး အတွက် ကောင်းကျိုးတွေလည်း ရှိပါတယ်။

ငရုတ်သီးစိမ်းမှာ အင်တီအောက်ဆီးဒင့်နဲ့ Capsaicin တွေ ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်၊

အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်၊ နှလုံးကို ကျန်းမာစေတယ်၊ နုပျိုစေပါတယ် စသဖြင့် သုတေသနတွေက ဖော်ပြထားပေမယ့် ဘယ်လောက်ပမာဏ စားရင်ကောင်းတယ် ဆိုတာကိုတော့ အတိအကျမသိသေးပါဘူး။

အပူအစပ်စာတွေက အစာအိမ်ရဲ့ အချွဲမြှေး (Mucosa) တွေအတွက် ကောင်းကျိုး မပေးနိုင်ပါဘူး။

ရောင်ရမ်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အပူအစပ်စာတွေကို အမြဲတမ်းလိုလို အများကြီးစားရင် အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာရေးအတွက် မသင့်တောပါဘူး။

စားမိတဲ့ ငရုတ်သီးက မသန့်ရှင်းရင် ပိုပြီး ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ ငရုတ်သီးက မလတ်ဆတ်ရင်၊ သိုလှောင်ပုံ စနစ်မကျရင် Aflatoxin လို့ခေါ်တဲ့ မှိုပါဝင်ပြီး အဲဒီမှိုကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။

မသန့်ရှင်းတဲ့ ငရုတ်သီးကို ဘယ်လောက် များများစားပြီး ဘယ်လောက်ကြာကြာ စားရင် ဖြစ်နိုင်သလဲ ဆိုတာမသိနိုင်ပေမယ့် အသည်းကင်ဆာ ဖြစ်စေနိုင်တယ်လို့တော့ အကြမ်းဖျင်းသိထားသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အပူအစပ္စာမ်ား စားလြန္းျခင္းႏွင့္ အစာအိမ္၊ အူလမ္းေၾကာင္း ေဝဒနာမ်ား

အပူအစပ္စာေတြကို စားလြန္းတာေၾကာင့္ အျဖစ္မ်ားတဲ့ အစာအိမ္ အူလမ္းေၾကာင္းဆိုင္ရာ ေဝဒနာကေတာ့အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ေရာင္ရမ္းတတ္တာပဲ ျဖစ္ပါတယ္။

အေျခအေနက ပိုဆိုးလာရင္ေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာတာ၊ ဗိုက္ေအာင့္တာစတဲ့ ေဝဒနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

အပူအစပ္စာ စားလြန္းတာေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါအေနနဲ႔ ေျပာရရင္အစာအိမ္ ေရာင္ရမ္းမႈ (Gastritis) ကို ျဖစ္ေစႏိုင္ပါတယ္။

အူသိမ္မွာဆိုရင္ ဗိုက္ရစ္နာတာနဲ႔ ေလထိုးေလေအာင့္တာစတဲ့ Intestinal Colic ကို ျဖစ္ေစႏိုင္ၿပီး အူမႀကီးမွာဆိုရင္ အူမႀကီးေရာင္ရမ္းတာက ျဖစ္ေစႏိုင္ပါတယ္။

အဲဒီအခါ ဝမ္း ခဏခဏသြားတာ၊ သြားတဲ့ ဝမ္းထဲမွာ ေသြးနဲ႔ အခၽြဲပါတာေတြကို ျဖစ္ေစတတ္ပါတယ္။ ဒါက ပိုးဝင္တာ (Infection) ေၾကာင့္ ျဖစ္တာပါ။

ႁခြင္းခ်က္အေနနဲ႔ တခ်ဳိ႕လူေတြမွာ င႐ုတ္သီးကို နည္းနည္းပဲစားရင္ေတာင္ ဝမ္းပ်က္ဝမ္းေလွ်ာတာ၊ ဗိုက္ေအာင့္တာေတြျဖစ္တာက င႐ုတ္သီးနဲ႔ မတည့္လို႔ပါ။

အဲဒီအေျခအေနကို Allergic Condition လို႔ ေခၚၿပီး ဒီလုိလူေတြအေနနဲ႔ င႐ုတ္သီးကို တတ္ႏိုင္သမွ် ေရွာင္သင့္ပါတယ္။

ေန႔စဥ္ဆိုသလို င႐ုတ္သီးစားလြန္းသူ၊စားႏႈန္းမ်ားတဲ့သူေတြကေတာ့ ဝမ္းမေလွ်ာေတာ့ဘဲ ဝမ္းခ်ဳပ္တာမ်ဳိးကိုေတာင္ ျဖစ္ေစႏိုင္ပါတယ္။

လိပ္ေခါင္းေရာဂါ ရွိတဲ့သူေတြမွာဆိုရင္ င႐ုတ္သီးအစားမ်ားတာေၾကာင့္ ဝမ္းပိုခ်ဳပ္ႏိုင္ၿပီး ေရာဂါအေျခအေန ပိုဆိုးတတ္ပါတယ္။ င႐ုတ္သီးစိမ္းမွာ က်န္းမာေရး အတြက္ ေကာင္းက်ဳိးေတြလည္း ရွိပါတယ္။

င႐ုတ္သီးစိမ္းမွာ အင္တီေအာက္ဆီးဒင့္နဲ႔ Capsaicin ေတြ ပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္၊

အစာစားခ်င္စိတ္ကို ျဖစ္ေပၚေစပါတယ္၊ ႏွလံုးကို က်န္းမာေစတယ္၊ ႏုပ်ဳိေစပါတယ္ စသျဖင့္ သုေတသနေတြက ေဖာ္ျပထားေပမယ့္ ဘယ္ေလာက္ပမာဏ စားရင္ေကာင္းတယ္ ဆိုတာကိုေတာ့ အတိအက်မသိေသးပါဘူး။

အပူအစပ္စာေတြက အစာအိမ္ရဲ႕ အခၽြဲေျမႇး (Mucosa) ေတြအတြက္ ေကာင္းက်ဳိး မေပးႏိုင္ပါဘူး။ ေရာင္ရမ္းတာမ်ဳိးေတြကို ျဖစ္ေစႏိုင္ပါတယ္။

အထူးသျဖင့္ အပူအစပ္စာေတြကို အျမဲတမ္းလိုလို အမ်ားႀကီးစားရင္ အစာအိမ္နဲ႔အူလမ္းေၾကာင္း က်န္းမာေရးအတြက္ မသင့္ေတာပါဘူး။

စားမိတဲ့ င႐ုတ္သီးက မသန္႔ရွင္းရင္ ပိုၿပီး ထိခိုက္မႈကို ျဖစ္ေစႏိုင္ပါတယ္။ င႐ုတ္သီးက မလတ္ဆတ္ရင္၊ သိုေလွာင္ပံု စနစ္မက်ရင္ Aflatoxin လို႔ေခၚတဲ့ မႈိပါဝင္ၿပီး အဲဒီမႈိေၾကာင့္ ကင္ဆာျဖစ္ေစႏိုင္ပါတယ္။

မသန္႔ရွင္းတဲ့ င႐ုတ္သီးကို ဘယ္ေလာက္ မ်ားမ်ားစားၿပီး ဘယ္ေလာက္ၾကာၾကာ စားရင္ ျဖစ္ႏိုင္သလဲ ဆိုတာမသိႏိုင္ေပမယ့္ အသည္းကင္ဆာ ျဖစ္ေစႏိုင္တယ္လို႔ေတာ့ အၾကမ္းဖ်င္းသိထားသင့္ပါတယ္။

ဇြန္ခုိင္ဦး (ေဆးဝါးတကၠသိုလ္)