ကျန်းမာရေး ဗဟုသုတ

အိမ်မှာစိုက်ရင် လူခိုက်တတ်သည့် ဂမုန်းပင်(၃)မျိုး

Unicode

အိမ်မှာစိုက်ရင်လူခိုက်တတ်သည့်ဂမုန်းပင်(၃)မျိုးဂမုန်းဆိုတဲ့အပင်မျိုးနွယ်လေးကတော့

မြန်မာလူမျိုးတွေအတွက်သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်။

ဥရှိတဲ့အပင်များစွာကိုဂမုန်းလို့ခြုံငုံခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေကအပင်ကြီးတွေမှာတွယ်ကပ်ပေါက်တက်တဲ့

အပင်မျိုးဖြစ်ပါတယ်။ရှေးခေတ်ကမြန်မာလူမျိုးတွေဟာဂမုန်းပင်လေးတွေကိုစီးပွားလာဘ်လာဘတိုးတက်ဖို့၊

ရာထူးအာဏာတိုးတက်ဖို့၊ဧည့်ကောင်းဆောင်ကောင်းလာဖို့၊မီးကွင်းဖို့၊သူခိုးဓားပြအန္တရာယ်ကင်းဖို့ဆိုပြီးခြံဝန်းထဲမှာ

စိုက်ပျိုးခဲ့ကြသလိုအခုခေတ်မှာတော့အိမ်တွင်းအပင်လေးတွေအဖြစ်ပါစိုက်ပျိုးလာကြပါတယ်။

ဒါကပြဿနာမဟုတ်ပေမယ့်ဂမုန်းပင်တွေထဲမှာမှအိမ်တွင်းမှာလုံးဝမစိုက်ပျိုးသင့်တဲ့အပင်တွေကလည်းရှိနေပါတယ်။

အဲအပင်(၃)မျိုးကိုစိုက်ပျိုးရေးဝါသနာရှင်တွေသထိထားဆင်ခြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

၁။ဆင်စွယ်ဂမုန်းဆင်စွယ်ဂမုန်းကတော့ မြေကြီးမှတစ်ပင်ချင်းပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။ဒန့်သလွန်သီးနဲ့အပင်ချင်းတူပါတယ်။

ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကိုစီးပွားလာဘ်လာဘဖြစ်စေတဲ့ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေ

ဒီအပင်ကိုကျော်ဖြတ်မိပါက အူကျခြင်းကိုဖြစ်စေတက်တယ်လို့တချို့ကလည်းပြောကြပါတယ်။

ဒါ့အပြင်ငါးရံ့၊ငါးကွင်းနှင့်ဆင်စွယ်တစ်ထောင့်ရောချက်ပါကဒူလာသွေးဝမ်းပျက်တယ်လို့လည်းပြောကြပါတယ်။

ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါကတစ်ဦးနဲ့တစ်ဦးအကြောင်းမရှိပဲရန်လိုခြင်း၊မိသားစုအတွင်းပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊

မှုခင်းတစ်ခုခုဖြစ်တက်ခြင်း၊ဘေးရန်များခြင်းစတဲ့စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ဂမုန်းပင်ပဲဖြစ်ပါတယ်။

ဒါကြောင့်ဂမုန်းစိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့အထူးရှောင်ကြဉ်စေချင်ပါတယ်။

၂။ဆင်ဂမုန်းဆင်ဂမုန်းရဲ့အရွက်ဟာကွမ်းရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူပြီးအစိမ်းရံကိုအဝါဖောက်ထားတဲ့ပုံစံမျိုးပါ။

ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်းမိသားစုထဲမှ

တစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။ဆင်ဂမုန်းစိုက်ပျိုးသူ ၉ဝရာခိုင်နှုန်းဟာ

ကျန်းမာရေးအန္တရာယ်ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။

ဒါကြောင့် ဆင်ဂမုန်းဟာ အိမ်တွင်းမှာ စိုက်ပျိုးဖို့ လုံးဝမသင့်တော်တဲ့ ဂမုန်းပင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်းကုမုဒ်ကြာဂမုန်းကတော့အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့အရွက်ပုံစံမျိုးလေးပါ။

ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင်အပွင့်လေးတွေပွင့်တက်ပါတယ်။

ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။

ကုမုဒ်ကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။

သုတေသနလုပ်သေူတွမှကုမုဒ်ကြာဂမုန်းကိုစိုက်ပျိုးလေ့လာခဲ့ရာမိသားစုတွင်းပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ဆိုပါတယ်

ကုမုဒ်ကြာဂမုန်းကိုနုတ်ပြီးစွန့်ပစ်ခဲ့ချိန်မှာတော့မိသားစုသောကတွေငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့်သင့်အိမ်တွင်းမှာ ကုမုဒ်ကြာဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။

credit

Zawgyi