စတော်ဘယ်ရီ ဆော့ နှင့် စတော်ဘယ်ရီယို
စတော်ဘယ်ရီတွေ အရမ်းပေါနေတော့ စတော်ဘယ်ရီဆော့ နှင့်စတော်ဘယ်ရီယိုလေးလုပ်ပြီးသိမ်းထားလို့ရပါတယ်။
Strawberry Sauce ကိုကိတ်မုန့်ပေါ်မှာဆမ်းစားလို့လဲရပါတယ်။ မနက်စာပေါင်မုန့်မီးကင်ပေါ်မှာလဲ ဆမ်းစားလို့ကောင်းပါတယ်။ ရေခဲမုန့်ပေါ်မှာလဲ ဆမ်းစားကြပါတယ်။ Strawberry Jam ကိုလုပ်ရင်လဲ ပါ၀င်ပစ္စည်းတူတူပါပဲ ။ Jam က ပြောင်းဖူးမုန့်ပိုထည့်ရုံပါ။
ပါ၀င်ပစ္စည်းများ (စတော်ဘယ်ရီ ဆော့စ် အတွက်)
၁။ စတော်ဘယ်ရီ ၁ ခြင်း (ကြီးရင် အလယ်က ထက်ခြမ်းခြမ်းထားပါ။)
၂။ သကြား -ခွက် ၄ ပုံ ၃ ပုံ (ထမင်းစားဇွန်း ၁၂ ဇွန်း)
၃။ ရေ – ၁ခွက် ခွဲ
၄။ ပြောင်းဖူးမှုန့်-ထမင်းစားဇွန်း ၁ ဇွန်း
၅။ ဗယ်နီလာ အနံ – ၃ စက် (မပါလဲရပါတယ် အနံ အတွက်ပါ။)
၆။ ဆား -အနည်းငယ်
ပါ၀င်ပစ္စည်းများ( စတော်ဘယ်ရီယို အတွက်)
၁။ စတော်ဘယ်ရီ ၁ ခြင်း (သေးသေးလေးတွေတုံးထားပါ။)
၂။ သကြား- ခွက် ၄ ပုံ ၃ ပုံ (ထမင်းစားဇွန်း ၁၂ ဇွန်း)
၃။ ရေ – ၁ ခွက် ခွဲ
၄။ ပြောင်းဖူးမှု့န် – ထမင်းစားဇွန်း ၃ ဇွန်း
၅။ ဗယ်နီလာ အနံ – ၃ စက် (မပါလဲရပါတယ် အနံအတွက်ပါ။)
၆။ ဆား – အနည်းငယ်
ပြုလုပ်နည်း (၂ မျိုးလုံးတွင် ပြုလုပ်နည်းတူတူပါပဲ)
၁။ ပါ၀င်သောရေထဲမှ အနည်းငယ်ကို ယူပြီး ပြောင်းဖူးမုန့်အရည်ဖျော်ထားပါ။
၂။ မီးဖိုပေါ်တွင် ရေ ၊ဆား၊ သကြားတို့ကို တည်ပါ။ ပွက်လာပြီး သကြားအရည်ပျော် လျှင် စတောျဘယျ၇ီကိုထည့ျပါ။
၃။ ပွက်လာရင် ပြောင်းဖူးမုန့်အရည်ဖျော်ထားတာကိုထည့်ပါ။
၄။ ဗင်နီလာအနံကိုထည့်ပါ။
၅။ ဆော့အတွက်ဆိုရင် ပွက်လာရင် ချက်ချင်းမီးဖိုပေါ်မှ ချပါ။ ယို အတွက်ဆိုရင် နည်းနည်းပစ်သည်အထိထားပြီးမှ မီးဖိုပေါ်မှချပါ။
(မှတ်ချက်။ ။ ဆော့ကို ေ၇ခဲသတေ်တာထဲတှငျ ၁ လခန့်ထားနိုင်ပါသည်။ ယိုကိုတော့ လေလုံတဲ့ဖန်ဗူးထဲတွင်ထည့်ရ်ျ ၆ လ မှ ၈ လခန့်ထားနိုင်ပါသည်။ )
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
(ထမင်းစားဇွန်း = 1 tablespoon= 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)
zawgyi
စေတာ္ဘယ္ရီ ေဆာ့ ႏွင့္ စေတာ္ဘယ္ရီယို
စေတာ္ဘယ္ရီေတြ အရမ္းေပါေနေတာ့ စေတာ္ဘယ္ရီေဆာ့ ႏွင့္စေတာ္ဘယ္ရီယိုေလးလုပ္ၿပီးသိမ္းထားလို႔ရပါတယ္။
Strawberry Sauce ကိုကိတ္မုန့္ေပၚမွာဆမ္းစားလို႔လဲရပါတယ္။ မနက္စာေပါင္မုန့္မီးကင္ေပၚမွာလဲ ဆမ္းစားလို႔ေကာင္းပါတယ္။ ေရခဲမုန့္ေပၚမွာလဲ ဆမ္းစားၾကပါတယ္။ Strawberry Jam ကိုလုပ္ရင္လဲ ပါ၀င္ပစၥည္းတူတူပါပဲ ။ Jam က ေျပာင္းဖူးမုန့္ပိုထည့္႐ုံပါ။
ပါ၀င္ပစၥည္းမ်ား (စေတာ္ဘယ္ရီ ေဆာ့စ္ အတြက္)
၁။ စေတာ္ဘယ္ရီ ၁ ျခင္း (ႀကီးရင္ အလယ္က ထက္ျခမ္းျခမ္းထားပါ။)
၂။ သၾကား -ခြက္ ၄ ပုံ ၃ ပုံ (ထမင္းစားဇြန္း ၁၂ ဇြန္း)
၃။ ေရ – ၁ခြက္ ခြဲ
၄။ ေျပာင္းဖူးမႈန့္-ထမင္းစားဇြန္း ၁ ဇြန္း
၅။ ဗယ္နီလာ အနံ – ၃ စက္ (မပါလဲရပါတယ္ အနံ အတြက္ပါ။)
၆။ ဆား -အနည္းငယ္
ပါ၀င္ပစၥည္းမ်ား( စေတာ္ဘယ္ရီယို အတြက္)
၁။ စေတာ္ဘယ္ရီ ၁ ျခင္း (ေသးေသးေလးေတြတုံးထားပါ။)
၂။ သၾကား- ခြက္ ၄ ပုံ ၃ ပုံ (ထမင္းစားဇြန္း ၁၂ ဇြန္း)
၃။ ေရ – ၁ ခြက္ ခြဲ
၄။ ေျပာင္းဖူးမႈ႕န္ – ထမင္းစားဇြန္း ၃ ဇြန္း
၅။ ဗယ္နီလာ အနံ – ၃ စက္ (မပါလဲရပါတယ္ အနံအတြက္ပါ။)
၆။ ဆား – အနည္းငယ္
ျပဳလုပ္နည္း (၂ မ်ိဳးလုံးတြင္ ျပဳလုပ္နည္းတူတူပါပဲ)
၁။ ပါ၀င္ေသာေရထဲမွ အနည္းငယ္ကို ယူၿပီး ေျပာင္းဖူးမုန့္အရည္ေဖ်ာ္ထားပါ။
၂။ မီးဖိုေပၚတြင္ ေရ ၊ဆား၊ သၾကားတို႔ကို တည္ပါ။ ပြက္လာၿပီး သၾကားအရည္ေပ်ာ္ လွ်င္ စတော်ဘယ်၇ီကိုထည့်ပါ။
၃။ ပြက္လာရင္ ေျပာင္းဖူးမုန့္အရည္ေဖ်ာ္ထားတာကိုထည့္ပါ။
၄။ ဗင္နီလာအနံကိုထည့္ပါ။
၅။ ေဆာ့အတြက္ဆိုရင္ ပြက္လာရင္ ခ်က္ခ်င္းမီးဖိုေပၚမွ ခ်ပါ။ ယို အတြက္ဆိုရင္ နည္းနည္းပစ္သည္အထိထားၿပီးမွ မီးဖိုေပၚမွခ်ပါ။
(မွတ္ခ်က္။ ။ ေဆာ့ကို ေ၇ခဲသေတ္တာထဲတွင် ၁ လခန့္ထားနိုင္ပါသည္။ ယိုကိုေတာ့ ေလလုံတဲ့ဖန္ဗူးထဲတြင္ထည့္ရ္် ၆ လ မွ ၈ လခန့္ထားနိုင္ပါသည္။ )
( ၁ ခြက္ = 240 ml = ရိုးရိုးေကာ္ဖီခြက္ ၁ခြက္)
(ထမင္းစားဇြန္း = 1 tablespoon= 15 ml)
(လက္ဖက္ရည္ဇြန္း = 1 teaspoon= 5 ml)
Crd