သရက်ယိုပြုလုပ်နည်းအဆင့်ဆင့်
သရက်သီးမှည့်တွေပေါ်များချိန်မှာအမှည့်လွန်ပြီး
စားမကုန်လို့အလေအလွင့်မဖြစ်ရအောင်ယိုလေးထိုးထားလို့ရပါတယ်။သရက်ပြင်ပြုလုပ်နိုင်ပါကပြုလုပ်နိုင်ပြီးယိုလေးထိုးသိမ်းထားရင်လည်းမနက်ခင်းပေါင်မုန့်လေးနဲ့တွဲဖက်စားနိုင်သလိုအခြားအချိုပွဲများဖြင့်လည်းတွဲဖက်တည်ခင်းနိုင်ပါတယ်။
လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
သရက်သီး (စိန်တလုံး)- ၅လုံး
လီမွန် – တစ်လုံး
ဆား – အနည်းငယ်
သကြား – ၅၀ ဂရမ် (optional)
ပြင်ဆင်ပြုလုပ်ပုံ
1.သရက်သီးကိုရေဆေးအခွံသင်ပြီးအသားများလှီးထုတ်ကာအိုးတခုတွင်ထည့်ပါ။
2.ရေအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်အနေတော်မီးဖြင့်ကြေသွားသည်ထိအဆက်မပျက်မွေပေးပါ။
3.အားလုံးကြေသွားပါကဇကာဖြက့်တိုက်ချပြီးအမျှင်များကိုဖယ်ထုတ်ပေးပါ။
4.ပြီးလျှင်မီးဖိုပေါ်ပြန်တင်ပြီးသကြားဆားထည့်ပါ။လီမွန်မှအခွံတခြမ်းစာခန့်ကိုခြစ်ပြီးထည့်ပါ။ကျန်လီမွန်ကိုအရေညစ်ထည့်ပြီးသရက်သီးမှရေခမ်းပြီးစေးထွေးလာသည်ထိမီးအေးအေးဖြင့်မွေပေးပါ။
5.သရက်သီးအချိုပေါ်မူတည်ပြီးသကြားကိုလိုတိုးပိုလျော့ထည့်ပေးပါ။
6.ရေခမ်းပြီးစေးထွေးလာသောသရက်ယိုကိုသန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းကာလိုသလိုအသုံးပြုနိုင်ပါပြီ။
7.သရက်ပြင်ပြုလုပ်လိုပါကလည်းဆီစိမ်စက္ကူပေါ်တွင်ညီညာစွာဖြန့်ခင်းပြီးအခြောက်ခံကာသရက်ပြင်အဖြစ်သိမ်းဆည်းသုံးဆောင်နိုင်ပါတယ်။
zawgyi
သရက္ယိုျပဳလုပ္နည္းအဆင့္ဆင့္
သရက္သီးမွည့္ေတြေပၚမ်ားခ်ိန္မွာအမွည့္လြန္ၿပီး
စားမကုန္လို႔အေလအလြင့္မျဖစ္ရေအာင္ယိုေလးထိုးထားလို႔ရပါတယ္။သရက္ျပင္ျပဳလုပ္နိုင္ပါကျပဳလုပ္နိုင္ၿပီးယိုေလးထိုးသိမ္းထားရင္လည္းမနက္ခင္းေပါင္မုန့္ေလးနဲ႕တြဲဖက္စားနိုင္သလိုအျခားအခ်ိဳပြဲမ်ားျဖင့္လည္းတြဲဖက္တည္ခင္းနိုင္ပါတယ္။
လုပ္စားၾကည့္ရေအာင္ေနာ္။
ပါဝင္ပစၥည္း
သရက္သီး (စိန္တလုံး)- ၅လုံး
လီမြန္ – တစ္လုံး
ဆား – အနည္းငယ္
သၾကား – ၅၀ ဂရမ္ (optional)
ျပင္ဆင္ျပဳလုပ္ပုံ
1.သရက္သီးကိုေရေဆးအခြံသင္ၿပီးအသားမ်ားလွီးထုတ္ကာအိုးတခုတြင္ထည့္ပါ။
2.ေရအနည္းငယ္ထည့္ၿပီးမီးဖိုေပၚတြင္အေနေတာ္မီးျဖင့္ေၾကသြားသည္ထိအဆက္မပ်က္ေမြေပးပါ။
3.အားလုံးေၾကသြားပါကဇကာျဖက့္တိုက္ခ်ၿပီးအမွ်င္မ်ားကိုဖယ္ထုတ္ေပးပါ။
4.ၿပီးလွ်င္မီးဖိုေပၚျပန္တင္ၿပီးသၾကားဆားထည့္ပါ။လီမြန္မွအခြံတျခမ္းစာခန့္ကိုျခစ္ၿပီးထည့္ပါ။က်န္လီမြန္ကိုအေရညစ္ထည့္ၿပီးသရက္သီးမွေရခမ္းၿပီးေစးေထြးလာသည္ထိမီးေအးေအးျဖင့္ေမြေပးပါ။
5.သရက္သီးအခ်ိဳေပၚမူတည္ၿပီးသၾကားကိုလိုတိုးပိုေလ်ာ့ထည့္ေပးပါ။
6.ေရခမ္းၿပီးေစးေထြးလာေသာသရက္ယိုကိုသန့္ရွင္းေျခာက္ေသြ႕ေသာပုလင္းတြင္ထည့္ၿပီးသိမ္းဆည္းကာလိုသလိုအသုံးျပဳနိုင္ပါၿပီ။
7.သရက္ျပင္ျပဳလုပ္လိုပါကလည္းဆီစိမ္စကၠဴေပၚတြင္ညီညာစြာျဖန့္ခင္းၿပီးအေျခာက္ခံကာသရက္ျပင္အျဖစ္သိမ္းဆည္းသုံးေဆာင္နိုင္ပါတယ္။
Crd